ကျွန်တော်တို့ ပိုလီတက်တုန်းက အတန်းတက်ရတာကိုက ပျော်စရာကောင်းတဲ့ အတန်းတွေရှိတယ်။
အကြိုက်ဆုံးက ရုပ်ရှင်တွေထိုင်ကြည့်ရတဲ့ Film appreciation ဆိုတဲ့ အတန်း။
ကိုယ်ယူထားတဲ့ ဘာသာရပ်က ပုံမှန် သင်ခန်းစာတွေအပြင် semester တစ်ခုချင်းစီမှာ မယူမနေရ ယူရတဲ့ ကိုယ့်ကျောင်းစာနဲ့ မဆိုင်တဲ့ ဘာသာရပ်တွေထဲကတစ်ခုပေါ့။
နှစ်စဉ်စုစုပေါင်းရမှတ် Graduate point average (GPA) မှာထည့်မတွက်ပေမယ့် အောင် အောင်တော့ လုပ်ရတယ်။
ဘာသာရပ်ပေါင်းစုံ၊ နယ်ပေါင်းစုံက သင်ခန်းစာတွေထဲက ကိုယ်လိုချင်တာကို ရွေးယူရတဲ့ အမျိုး။
ကျွန်တော်ကတော့ ရုပ်ရှင်ကြိုက်လို့ Film Appreciation ဘာသာရပ်ရယ်၊
ဂိမ်းကြိုက်လို့ Creative game making ဘာသာရပ်ရယ်၊
management ကိုစိတ်ဝင်စားလို့ Organizational management ဘာသာရပ်ရယ်ကို ယူဖြစ်တယ်။
အတန်းတစ်ခုချင်းစီက လူဦးရေ အကန့်အသတ်နဲ့လက်ခံလို့ registration ဖွင့်ပြီဆိုတာနဲ့ ကျွန်တော်ရယ်၊ ကျွန်တော်နဲ့ အမြဲတွဲတဲ့ ကျွန်တော့သူငယ်ချင်း ဂျွန်ယွမ်းရယ် အတန်းတစ်ခုထဲရအောင် online ကနေ အသည်းအသန် register လုပ်ရတယ်။
ဒီမှာ အဓိက ပြောချင်တာက Film Appreciation ဆိုတဲ့ အတန်းအကြောင်း။
သူ့ကို မြန်မာလိုလှအောင်ပြန်ရရင်တော့ 'ခံစားသက်ဝင် ထိုရုပ်ရှင်' ပေါ့။
အတန်းထဲမှာ ရုပ်ရှင်ကားကောင်းတွေပြတယ်။
ဆရာမက ဘယ်ပြကွက်ကတော့ ဘာကိုညွှန်းချင်တယ်ဆိုတာမျိုးကို လိုအပ်ရင်ပြောပြတယ်။
ပြီးတော့ ပြန်ဆွေးနွေးကြရတယ်။
အားလုံးပြီးတော့ ရုပ်ရှင်နဲ့ ပက်သက်ပြီး report ရေးရတယ်။
စင်ကာပူရုပ်ရှင်ဆင်ဆာအဖွဲ့ ရဲ့ ဆင်ဆာအဖြတ်ကြမ်းတာကို သရော်ထားတဲ့ ဇာတ်လမ်းတိုလေးကိုပြပြီး နောက်ခံအခြေအနေတွေကို ရှင်းပြပေးလို့ သူ့နိုင်ငံရဲ့ ရုပ်ရှင်ပေါ်လစီတစ်ချို့ကို နားလည်ခွင့်ရသလို၊
ဒေသခံ ပြည်သူတွေရဲ့ အိပ်မက်တစ်ချို့အကြောင်းရိုက်ထားတဲ့ ဇာတ်လမ်းတိုလေးတွေ ကြည့်ရပြန်တော့လဲ စင်ကာပူလူမျိုးတွေက New Zealand တို့လို နိုင်ငံမျိုးတွေကို အထင်တကြီးနဲ့ သွားပြီး အခြေချချင်ကြတဲ့ စိတ်ကူးရှိကြတာကိုလဲ သိခွင့်ရပြန်ရော။
တစ်ချိန်ကတော့ အားလုံးပြည့်စုံနေရင် ဒီမှာပဲ တစ်သက်လုံးနေကြမယ် ထင်ထားခဲ့ပေမယ့် သူ့ဟာနဲ့သူ လိုချင်တာတွေ ဒါမှမဟုတ် အလိုမကျတာတွေကြောင့် ဒီနိုင်ငံသားတစ်ချို့က ပိုကောင်းမယ်ထင်တဲ့ နေရာတွေကို ရွှေ့ချင်ကြတာတွေကို သဘောပေါက်ရတယ်။
ကျွန်တော်နဲ့ သိတဲ့၊ စာလဲတော်တဲ့ အထက်တန်းကျောင်းသား စင်ကာပူလူမျိုးကောင်လေးတစ်ယောက်ကို
"မင်းကတော့ A level ပြီးတာနဲ့ NTU ဒါမှမဟုတ် NUS ကို တန်းဝင်ခွင့်ရမှာပဲ" လို့ပြောမိတော့ သူက
"ငါက ဒီမှာ မတက်ဘူး။ အမေရိကတို့ သြစတြေးလျား တို့မှာသွားတက်မှာ " တဲ့။
ရွေးချယ်ခွင့်နည်းပါးခဲ့တဲ့ ကျွန်တော်တို့လူမျိုးအတွက်က အကောင်းဆုံးလို့ ထင်ထားခဲ့ပေမယ့် သူတို့တွေမှာတော့ ပိုကောင်းမယ်ထင်တာကို အမြဲစဉ်းစားခွင့်ရသလို၊ ပိုပြီးလဲ ရွေးချယ်ခွင့်ရကြတယ်။
ပြန်ဆက်ရရင် အတန်းထဲမှာ ကြည့်ရတဲ့ထဲက မှတ်မှတ်ရရ အဖြစ်ဆုံးက Jim Carrey ပါတဲ့ Truman Show ရုပ်ရှင်။
အမှောင်ချထားတဲ့အတန်းထဲမှာ ပိတ်ကားနဲ့ အသံအကျယ်ကြီးနဲ့ဆိုတော့ ရုပ်ရှင်ရုံမှာ ကြည့်ရသလိုပါပဲ။
မွေးကတည်းက ဧရာမရုပ်ရှင်စတူဒီယိုကြီးထဲမှာ မွေး၊ အဲဒီထဲကမြို့နဲ့ အထဲကသရုပ်ဆောင်တွေအားလုံးကို အစစ်အမှန်လို့ ထင်နေတဲ့ Jim Carrey ကို ဒါရိုက်တာက ကင်မရာပေါင်းစုံနဲ့ ခိုးရိုက်ပြီး အပြင်မှာလူတွေကြည့်ဖို့ Live လွှင့်ပေးထားတယ်။
ပြီးတော့ အဲဒီမြို့ကနေ တစ်ခြားဘယ်ကိုမှ မသွားအောင် နည်းမျိုးစုံသုံးပြီး လုပ်ထားတယ်ဆိုပါတော့။
အဲဒီ ဇာတ်ကားကိုကြည့်ရင်း အပြင်က လူ့ ဘဝတွေဟာလဲ အဲလိုပဲ၊ သူများကြိုးဆွဲရာ ဘုမသိ ဘမသိ 'က' နေရတဲ့ အကြိမ်ရေတွေက ခပ်များများလို့ တွေးမိရသေးတယ်။
တစ်ခါတစ်လေ Matrix ရုပ်ရှင်ထဲကလို၊ Rick& Morte ကာတွန်းဇာတ်လမ်းတွဲထဲကလို ကျွန်တော်တို့ ဘဝတွေဟာလဲ Simulation တစ်ခုခုအောက်မှာ ရောက်မနေဘူးလို့ ဘယ်သူက ကံသေ၊ ကံမ ပြောနိုင်မလဲလေ... နော။
Truman show ကိုပြန်ဆက်ရရင် ခုချိန်ထိ အမြဲမှတ်မိနေတဲ့ စကားက
' Last thing I would ever do is to lie to you' ဆိုတဲ့စကား။
Truman အဖြစ်သရုပ်ဆောင်တဲ့ Jim Carrey ကို သူ့အခင်ဆုံးသူငယ်ချင်းက ပြောတဲ့စကား။
အရာရာက သူ့ကိုမူတည်ပြီး လည်ပတ်နေတယ်လို့ စပြီးသံသယရှိလာတဲ့ Truman ကို အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ Marlon က ဒါရိုက်တာပြောခိုင်းတဲ့အတိုင်း အယုံသွင်းရတဲ့အခန်းမှာပြောတာ။
မြန်မာလို ဆီလျော်အောင်ပြန်ရရင်တော့
" မင်းကိုလိမ်ဖို့ ဆိုတာ ငါ့အတွက် မဖြစ်နိုင်ဆုံးအရာပါပဲ" ပေါ့။
အဲဒီကားကြည့်ပြီးကတည်းက ကျွန်တော်နဲ့ ဂျွန်ယွမ်းလဲ
"Last thing I would ever do is lie to you"
ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက်ဂျောက်တွန်းကြတဲ့ အခါတိုင်း ပြောကြတော့တာပါပဲ။
ဇာတ်လမ်း အသေးစိတ်နဲ့ အဆုံးသတ်ကိုတော့ မပြောပဲချန်ထားခဲ့လိုက်ပါ့မယ်။
တွေးစရာတွေအများကြီးပေးခဲ့သလို၊ ရသကောင်းကောင်းလဲ ပေးနိုင်တဲ့ ဇာတ်ကားကောင်းလေးပါ။
The Mask နဲ့ မြန်မာပြည်မှာ နာမည်ကြီးခဲ့တဲ့ Jim Carrey ရဲ့ တည်တည်တံ့တံ့ သရုပ်ဆောင်ထားတဲ့ ရှားရှားပါးပါးကားတွေထဲက ဇာတ်လမ်းကောင်းလေးတစ်ခုကို ကျောင်းသားတွေကို appreciate လုပ်တတ်အောင် Film appreciation အတန်းမှာ သင်ပေးခဲ့တာ။
အဲဒီအတန်းကတစ်ဆင့် ရုပ်ရှင်တစ်ကားကြည့်ရင် နောက်ခံအဖြစ်အပျက်တွေကိုပါ မြင်အောင်ကြည့်တတ်တာ၊ ဆက်စပ်တဲ့ ဖြစ်ရပ်တွေကိုပါ ရှာဖွေပြီးဖတ်တတ်တာတွေကို ပိုပြီးလုပ်ဖို့ အားပေးခံခဲ့ရတယ်။
ကျွန်တော်ကိုယ်တိုင် ကြိုက်လို့ ရွေးပြီးတက်ခဲ့တဲ့ အတန်းဖြစ်နေတော့ ပိုပြီးတော့ကို စိတ်ဝင်စားဖို့ကောင်းနေခဲ့တာလဲပါမှာပေါ့။
ဥပမာတွေပြောရရင် 'သူရဲကောင်းတို့ ဒဏ္ဍာရီ' လို တရုတ်သိုင်းကားကြည့်ရင်းကနေ
ဂျင်ဂျစ်ခန်ရဲ့ မွန်ဂိုအင်ပါယာအကြောင်းဆက်လေ့လာဖြစ်တာ၊
ခေတ်ပြိုင် မြန်မာပြည်မှာ ဘာဖြစ်နေလဲဆိုတာ စိတ်ဝင်စားပြီးရှာကြည့်မိတာ၊ အဲဒီအချိန်မှာ အနောက်တိုင်းသားတွေရောဘာလုပ်နေကြလဲ သိချင်တာ၊
အဲဒီတရုတ်သိုင်းကားတွေရဲ့ မူရင်းဝတ္ထုရေးသူအကြောင်းပါ ရှာ ဖတ်ဖြစ်တာ။
နောက်တစ်ခါ Chernobyl အဏုမြူဓါတ်အားပေးစက်ရုံ ပေါက်ကွဲတဲ့ အကြောင်းရိုက်ထားတဲ့ ဇာတ်လမ်းတွဲကြည့်ရင်း ဆိုဗီယက်ရဲ့အဲဒီအချိန်က နောက်ခံနိုင်ငံရေးကို လေ့လာမိသလို၊
နောက်ဆက်တွဲဖြစ်ရပ်တွေအကြောင်း ရှာဖတ်မိသလို၊
သူ့လိုမျိုး အကြီးအကျယ်ဖြစ်ခဲ့တဲ့ ဂျပန်က ဖူကူးရှီးမား အဏုမြူဓါတ်ပေါင်းဖိုပြဿနာကိုပါ ဖတ်ဖြစ်တာ
စတဲ့ စတဲ့ မီးခိုးကြွက်လျှောက်ကိစ္စတွေလုပ်ဖြစ်တာ ဒီသင်တန်းရဲ့ ကျေးဇူးလဲ တစ်ချို့တစ်ဝက်ပါမယ်ထင်ပါတယ်။
ပညာရေးဆိုတာ လူတစ်ယောက်ရဲ့သိလိုစိတ်ကို နှိုးဆွပေးနိုင်မှ ပိုပြီးတတ်မြောက်နိုင်တယ်ဆိုတာကို ရှိသမျှစာအလွတ်ကျက်ခဲ့ရတဲ့ ဘဝကလာတဲ့ ကျွန်တော့အတွက် အမြင်သစ်တစ်ခုပေးခဲ့တာပါပဲ။
ကျောင်းစာတင်မက၊ တစ်ခြားဘာသာရပ်ပေါင်းစုံကိုပါ ကျောင်းသားတွေကို စနစ်တကျ လေ့လာခွင့်၊ လွတ်လွတ်လပ်လပ် စဉ်းစားခွင့်ပေးတဲ့ ကျောင်းမျိုးတွေ ကျွန်တော်တို့နိုင်ငံမှာ များများရှိရင်၊
မှန်မှန်ကန်ကန် မျှမျှတတ တွေးခေါ်တတ်တဲ့ လူတွေပိုများလာမယ်။
တစ်ယောက်နဲ့ တစ်ယောက် အမြင်ကွဲပြားကြတာကို သဘောပေါက်ဖို့ ကျောင်းတွေကနေလေ့ကျင့်ပေးလိုက်နိုင်မယ်။
ဆွေးနွေးသုံးသပ်တာတွေ၊ အမြင်ဖလှယ်တာတွေကို ငါတကောမကောပဲ လုပ်နိုင်ကြမှာဖြစ်လို့
တိုင်းပြည်တိုးတက်ဖို့လဲ ပိုလွယ်မယ်လို့ ထင်မိတယ်။
ကျောင်းမှာ သွားတက်ခဲ့တဲ့ သင်တန်းတစ်ခုကနေ ဆင့်ပွားပြီးထွက်လာတဲ့ အမှတ်တရ၊ ခံစားချက်နဲ့ အတွေးလေးတွေပါ။
ကြိုက်ခဲ့မိတဲ့ တစ်ခြားအတန်းတွေအကြောင်းကတော့ နောက်ကြုံလို့ ရေးဖြစ်ရင်လဲ ရေးသေးတာပေါ့။
မောင်ဇိ
______________
Zawgyi
ကြၽန္ေတာ္တို႔ ပိုလီတက္တုန္းက အတန္းတက္ရတာကိုက ေပ်ာ္စရာေကာင္းတဲ့ အတန္းေတြရွိတယ္။
အႀကိဳက္ဆုံးက ႐ုပ္ရွင္ေတြထိုင္ၾကည့္ရတဲ့ Film appreciation ဆိုတဲ့ အတန္း။
ကိုယ္ယူထားတဲ့ ဘာသာရပ္က ပုံမွန္ သင္ခန္းစာေတြအျပင္ semester တစ္ခုခ်င္းစီမွာ မယူမေနရ ယူရတဲ့ ကိုယ့္ေက်ာင္းစာနဲ႔ မဆိုင္တဲ့ ဘာသာရပ္ေတြထဲကတစ္ခုေပါ့။
ႏွစ္စဥ္စုစုေပါင္းရမွတ္ Graduate point average (GPA) မွာထည့္မတြက္ေပမယ့္ ေအာင္ ေအာင္ေတာ့ လုပ္ရတယ္။
ဘာသာရပ္ေပါင္းစုံ၊ နယ္ေပါင္းစုံက သင္ခန္းစာေတြထဲက ကိုယ္လိုခ်င္တာကို ေ႐ြးယူရတဲ့ အမ်ိဳး။
ကြၽန္ေတာ္ကေတာ့ ႐ုပ္ရွင္ႀကိဳက္လို႔ Film Appreciation ဘာသာရပ္ရယ္၊
ဂိမ္းႀကိဳက္လို႔ Creative game making ဘာသာရပ္ရယ္၊
management ကိုစိတ္ဝင္စားလို႔ Organizational management ဘာသာရပ္ရယ္ကို ယူျဖစ္တယ္။
အတန္းတစ္ခုခ်င္းစီက လူဦးေရ အကန႔္အသတ္နဲ႔လက္ခံလို႔ registration ဖြင့္ၿပီဆိုတာနဲ႔ ကြၽန္ေတာ္ရယ္၊ ကြၽန္ေတာ္နဲ႔ အၿမဲတြဲတဲ့ ကြၽန္ေတာ့သူငယ္ခ်င္း ဂြၽန္ယြမ္းရယ္ အတန္းတစ္ခုထဲရေအာင္ online ကေန အသည္းအသန္ register လုပ္ရတယ္။
ဒီမွာ အဓိက ေျပာခ်င္တာက Film Appreciation ဆိုတဲ့ အတန္းအေၾကာင္း။
သူ႔ကို ျမန္မာလိုလွေအာင္ျပန္ရရင္ေတာ့ 'ခံစားသက္ဝင္ ထို႐ုပ္ရွင္' ေပါ့။
အတန္းထဲမွာ ႐ုပ္ရွင္ကားေကာင္းေတြျပတယ္။
ဆရာမက ဘယ္ျပကြက္ကေတာ့ ဘာကိုၫႊန္းခ်င္တယ္ဆိုတာမ်ိဳးကို လိုအပ္ရင္ေျပာျပတယ္။
ၿပီးေတာ့ ျပန္ေဆြးေႏြးၾကရတယ္။
အားလုံးၿပီးေတာ့ ႐ုပ္ရွင္နဲ႔ ပက္သက္ၿပီး report ေရးရတယ္။
စင္ကာပူ႐ုပ္ရွင္ဆင္ဆာအဖြဲ႕ ရဲ႕ ဆင္ဆာအျဖတ္ၾကမ္းတာကို သေရာ္ထားတဲ့ ဇာတ္လမ္းတိုေလးကိုျပၿပီး ေနာက္ခံအေျခအေနေတြကို ရွင္းျပေပးလို႔ သူ႔ႏိုင္ငံရဲ႕ ႐ုပ္ရွင္ေပၚလစီတစ္ခ်ိဳ႕ကို နားလည္ခြင့္ရသလို၊
ေဒသခံ ျပည္သူေတြရဲ႕ အိပ္မက္တစ္ခ်ိဳ႕အေၾကာင္း႐ိုက္ထားတဲ့ ဇာတ္လမ္းတိုေလးေတြ ၾကည့္ရျပန္ေတာ့လဲ စင္ကာပူလူမ်ိဳးေတြက New Zealand တို႔လို ႏိုင္ငံမ်ိဳးေတြကို အထင္တႀကီးနဲ႔ သြားၿပီး အေျခခ်ခ်င္ၾကတဲ့ စိတ္ကူးရွိၾကတာကိုလဲ သိခြင့္ရျပန္ေရာ။
တစ္ခ်ိန္ကေတာ့ အားလုံးျပည့္စုံေနရင္ ဒီမွာပဲ တစ္သက္လုံးေနၾကမယ္ ထင္ထားခဲ့ေပမယ့္ သူ႔ဟာနဲ႔သူ လိုခ်င္တာေတြ ဒါမွမဟုတ္ အလိုမက်တာေတြေၾကာင့္ ဒီႏိုင္ငံသားတစ္ခ်ိဳ႕က ပိုေကာင္းမယ္ထင္တဲ့ ေနရာေတြကို ေ႐ႊ႕ခ်င္ၾကတာေတြကို သေဘာေပါက္ရတယ္။
ကြၽန္ေတာ္နဲ႔ သိတဲ့၊ စာလဲေတာ္တဲ့ အထက္တန္းေက်ာင္းသား စင္ကာပူလူမ်ိဳးေကာင္ေလးတစ္ေယာက္ကို
"မင္းကေတာ့ A level ၿပီးတာနဲ႔ NTU ဒါမွမဟုတ္ NUS ကို တန္းဝင္ခြင့္ရမွာပဲ" လို႔ေျပာမိေတာ့ သူက
"ငါက ဒီမွာ မတက္ဘူး။ အေမရိကတို႔ ၾသစေၾတးလ်ား တို႔မွာသြားတက္မွာ " တဲ့။
ေ႐ြးခ်ယ္ခြင့္နည္းပါးခဲ့တဲ့ ကြၽန္ေတာ္တို႔လူမ်ိဳးအတြက္က အေကာင္းဆုံးလို႔ ထင္ထားခဲ့ေပမယ့္ သူတို႔ေတြမွာေတာ့ ပိုေကာင္းမယ္ထင္တာကို အၿမဲစဥ္းစားခြင့္ရသလို၊ ပိုၿပီးလဲ ေ႐ြးခ်ယ္ခြင့္ရၾကတယ္။
ျပန္ဆက္ရရင္ အတန္းထဲမွာ ၾကည့္ရတဲ့ထဲက မွတ္မွတ္ရရ အျဖစ္ဆုံးက Jim Carrey ပါတဲ့ Truman Show ႐ုပ္ရွင္။
အေမွာင္ခ်ထားတဲ့အတန္းထဲမွာ ပိတ္ကားနဲ႔ အသံအက်ယ္ႀကီးနဲ႔ဆိုေတာ့ ႐ုပ္ရွင္႐ုံမွာ ၾကည့္ရသလိုပါပဲ။
ေမြးကတည္းက ဧရာမ႐ုပ္ရွင္စတူဒီယိုႀကီးထဲမွာ ေမြး၊ အဲဒီထဲကၿမိဳ႕နဲ႔ အထဲကသ႐ုပ္ေဆာင္ေတြအားလုံးကို အစစ္အမွန္လို႔ ထင္ေနတဲ့ Jim Carrey ကို ဒါ႐ိုက္တာက ကင္မရာေပါင္းစုံနဲ႔ ခိုး႐ိုက္ၿပီး အျပင္မွာလူေတြၾကည့္ဖို႔ Live လႊင့္ေပးထားတယ္။
ၿပီးေတာ့ အဲဒီၿမိဳ႕ကေန တစ္ျခားဘယ္ကိုမွ မသြားေအာင္ နည္းမ်ိဳးစုံသုံးၿပီး လုပ္ထားတယ္ဆိုပါေတာ့။
အဲဒီ ဇာတ္ကားကိုၾကည့္ရင္း အျပင္က လူ႔ ဘဝေတြဟာလဲ အဲလိုပဲ၊ သူမ်ားႀကိဳးဆြဲရာ ဘုမသိ ဘမသိ 'က' ေနရတဲ့ အႀကိမ္ေရေတြက ခပ္မ်ားမ်ားလို႔ ေတြးမိရေသးတယ္။
တစ္ခါတစ္ေလ Matrix ႐ုပ္ရွင္ထဲကလို၊ Rick& Morte ကာတြန္းဇာတ္လမ္းတြဲထဲကလို ကြၽန္ေတာ္တို႔ ဘဝေတြဟာလဲ Simulation တစ္ခုခုေအာက္မွာ ေရာက္မေနဘူးလို႔ ဘယ္သူက ကံေသ၊ ကံမ ေျပာႏိုင္မလဲေလ... ေနာ။
Truman show ကိုျပန္ဆက္ရရင္ ခုခ်ိန္ထိ အၿမဲမွတ္မိေနတဲ့ စကားက

Truman အျဖစ္သ႐ုပ္ေဆာင္တဲ့ Jim Carrey ကို သူ႔အခင္ဆုံးသူငယ္ခ်င္းက ေျပာတဲ့စကား။
အရာရာက သူ႔ကိုမူတည္ၿပီး လည္ပတ္ေနတယ္လို႔ စၿပီးသံသယရွိလာတဲ့ Truman ကို အခင္ဆုံးသူငယ္ခ်င္းျဖစ္တဲ့ Marlon က ဒါ႐ိုက္တာေျပာခိုင္းတဲ့အတိုင္း အယုံသြင္းရတဲ့အခန္းမွာေျပာတာ။
ျမန္မာလို ဆီေလ်ာ္ေအာင္ျပန္ရရင္ေတာ့
" မင္းကိုလိမ္ဖို႔ ဆိုတာ ငါ့အတြက္ မျဖစ္ႏိုင္ဆုံးအရာပါပဲ" ေပါ့။
အဲဒီကားၾကည့္ၿပီးကတည္းက ကြၽန္ေတာ္နဲ႔ ဂြၽန္ယြမ္းလဲ

ဆိုၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ေဂ်ာက္တြန္းၾကတဲ့ အခါတိုင္း ေျပာၾကေတာ့တာပါပဲ။
ဇာတ္လမ္း အေသးစိတ္နဲ႔ အဆုံးသတ္ကိုေတာ့ မေျပာပဲခ်န္ထားခဲ့လိုက္ပါ့မယ္။
ေတြးစရာေတြအမ်ားႀကီးေပးခဲ့သလို၊ ရသေကာင္းေကာင္းလဲ ေပးႏိုင္တဲ့ ဇာတ္ကားေကာင္းေလးပါ။
The Mask နဲ႔ ျမန္မာျပည္မွာ နာမည္ႀကီးခဲ့တဲ့ Jim Carrey ရဲ႕ တည္တည္တံ့တံ့ သ႐ုပ္ေဆာင္ထားတဲ့ ရွားရွားပါးပါးကားေတြထဲက ဇာတ္လမ္းေကာင္းေလးတစ္ခုကို ေက်ာင္းသားေတြကို appreciate လုပ္တတ္ေအာင္ Film appreciation အတန္းမွာ သင္ေပးခဲ့တာ။
အဲဒီအတန္းကတစ္ဆင့္ ႐ုပ္ရွင္တစ္ကားၾကည့္ရင္ ေနာက္ခံအျဖစ္အပ်က္ေတြကိုပါ ျမင္ေအာင္ၾကည့္တတ္တာ၊ ဆက္စပ္တဲ့ ျဖစ္ရပ္ေတြကိုပါ ရွာေဖြၿပီးဖတ္တတ္တာေတြကို ပိုၿပီးလုပ္ဖို႔ အားေပးခံခဲ့ရတယ္။
ကြၽန္ေတာ္ကိုယ္တိုင္ ႀကိဳက္လို႔ ေ႐ြးၿပီးတက္ခဲ့တဲ့ အတန္းျဖစ္ေနေတာ့ ပိုၿပီးေတာ့ကို စိတ္ဝင္စားဖို႔ေကာင္းေနခဲ့တာလဲပါမွာေပါ့။
ဥပမာေတြေျပာရရင္ 'သူရဲေကာင္းတို႔ ဒ႑ာရီ' လို တ႐ုတ္သိုင္းကားၾကည့္ရင္းကေန
ဂ်င္ဂ်စ္ခန္ရဲ႕ မြန္ဂိုအင္ပါယာအေၾကာင္းဆက္ေလ့လာျဖစ္တာ၊
ေခတ္ၿပိဳင္ ျမန္မာျပည္မွာ ဘာျဖစ္ေနလဲဆိုတာ စိတ္ဝင္စားၿပီးရွာၾကည့္မိတာ၊ အဲဒီအခ်ိန္မွာ အေနာက္တိုင္းသားေတြေရာဘာလုပ္ေနၾကလဲ သိခ်င္တာ၊
အဲဒီတ႐ုတ္သိုင္းကားေတြရဲ႕ မူရင္းဝတၳဳေရးသူအေၾကာင္းပါ ရွာ ဖတ္ျဖစ္တာ။
ေနာက္တစ္ခါ Chernobyl အဏုျမဴဓါတ္အားေပးစက္႐ုံ ေပါက္ကြဲတဲ့ အေၾကာင္း႐ိုက္ထားတဲ့ ဇာတ္လမ္းတြဲၾကည့္ရင္း ဆိုဗီယက္ရဲ႕အဲဒီအခ်ိန္က ေနာက္ခံႏိုင္ငံေရးကို ေလ့လာမိသလို၊
ေနာက္ဆက္တြဲျဖစ္ရပ္ေတြအေၾကာင္း ရွာဖတ္မိသလို၊
သူ႔လိုမ်ိဳး အႀကီးအက်ယ္ျဖစ္ခဲ့တဲ့ ဂ်ပန္က ဖူကူးရွီးမား အဏုျမဴဓါတ္ေပါင္းဖိုျပႆနာကိုပါ ဖတ္ျဖစ္တာ
စတဲ့ စတဲ့ မီးခိုးႂကြက္ေလွ်ာက္ကိစၥေတြလုပ္ျဖစ္တာ ဒီသင္တန္းရဲ႕ ေက်းဇူးလဲ တစ္ခ်ိဳ႕တစ္ဝက္ပါမယ္ထင္ပါတယ္။
ပညာေရးဆိုတာ လူတစ္ေယာက္ရဲ႕သိလိုစိတ္ကို ႏႈိးဆြေပးႏိုင္မွ ပိုၿပီးတတ္ေျမာက္ႏိုင္တယ္ဆိုတာကို ရွိသမွ်စာအလြတ္က်က္ခဲ့ရတဲ့ ဘဝကလာတဲ့ ကြၽန္ေတာ့အတြက္ အျမင္သစ္တစ္ခုေပးခဲ့တာပါပဲ။
ေက်ာင္းစာတင္မက၊ တစ္ျခားဘာသာရပ္ေပါင္းစုံကိုပါ ေက်ာင္းသားေတြကို စနစ္တက် ေလ့လာခြင့္၊ လြတ္လြတ္လပ္လပ္ စဥ္းစားခြင့္ေပးတဲ့ ေက်ာင္းမ်ိဳးေတြ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ မ်ားမ်ားရွိရင္၊
မွန္မွန္ကန္ကန္ မွ်မွ်တတ ေတြးေခၚတတ္တဲ့ လူေတြပိုမ်ားလာမယ္။
တစ္ေယာက္နဲ႔ တစ္ေယာက္ အျမင္ကြဲျပားၾကတာကို သေဘာေပါက္ဖို႔ ေက်ာင္းေတြကေနေလ့က်င့္ေပးလိုက္ႏိုင္မယ္။
ေဆြးေႏြးသုံးသပ္တာေတြ၊ အျမင္ဖလွယ္တာေတြကို ငါတေကာမေကာပဲ လုပ္ႏိုင္ၾကမွာျဖစ္လို႔
တိုင္းျပည္တိုးတက္ဖို႔လဲ ပိုလြယ္မယ္လို႔ ထင္မိတယ္။
ေက်ာင္းမွာ သြားတက္ခဲ့တဲ့ သင္တန္းတစ္ခုကေန ဆင့္ပြားၿပီးထြက္လာတဲ့ အမွတ္တရ၊ ခံစားခ်က္နဲ႔ အေတြးေလးေတြပါ။
ႀကိဳက္ခဲ့မိတဲ့ တစ္ျခားအတန္းေတြအေၾကာင္းကေတာ့ ေနာက္ႀကဳံလို႔ ေရးျဖစ္ရင္လဲ ေရးေသးတာေပါ့။
ေမာင္ဇိ

No comments:
Post a Comment