Friday, July 3, 2020

မောင် ဇိနဲ့ ခွေး



မောင် ဇိနဲ့ ခွေး
မောင်ဇိနဲ့ ခွေးဆိုတော့ တုတ်ကောက်နဲ့လူ ဆိုသလိုမျိုး မောင်ဇိကို လည်ပင်းမှာကြိုးနဲ့ဆွဲပြီး လမ်းလျှောက်နေတဲ့ ခွေးတစ်ကောင်လို့လဲ မဆိုလိုဘူး။

မောင်ဇိနဲ့ ခွေး ဆိုတဲ့ သတ္တဝါတွေရဲ့ သံသရာတစ်ကွေ့မှာ မကြာ၊ မကြာတွေ့ခဲ့ကြတဲ့ ဖြစ်ပုံ၊ ပျက်ပုံ ကင်ပွန်းခြုံတွေ အကြောင်းကိုပဲပြောမှာ။

မောင်ဇိငယ်ငယ်က ကြောင်ရော၊ ခွေးရော ချစ်တယ်။ လိုက်ဖမ်းတယ်။

အသက်ကြီးလာချိန်မှာ ကြောင်မြင်ရင် ပြေးပြေးကိုင်တတ်တဲ့ Cat person တစ်ယောက်ဖြစ်နေသေးပေမယ့် လေးခါလောက်ခွေးကိုက်ခံရပြီးတဲ့နောက်မှာတော့ တွေ့ကရာခွေးကိုပြေးမကိုင်ရဲတော့။

မောင်ဇိ အသက် ၇နှစ်လောက်မှာ ပထမဆုံးခွေးကိုက်ခံရတယ်။
နယ်မြို့လေးတစ်မြို့မှာ အိမ်အမိုးတွေမလန်အောင်အပေါ်ကအုပ်တတ်တဲ့ ဝါးချောင်းပိန်ပိန်ရှည်ရှည်တစ်ချောင်းကို ကိုင်ပြီး သူငယ်ချင်းတွေနဲ့မတ်တပ်ဆော့နေတဲ့ မောင်ဇိရဲ့ခြေသလုံးပိန်လေးကို နောက်ကနေအလစ်ဝင်ဆွဲသွားတာက အိမ်နားက သားပေါက်နေတဲ့ ခွေးမကြီး။
ဆေးထည့်ပေမယ့်လဲ အနာကရင်းသွားတော့ လမ်းမလျှောက်နိုင်ပဲ အိမ်ပေါ်မှာ ဖင်တရွတ်ဆွဲပြီးသွားနေခဲ့ရတာ အခုထိမှတ်မိသေးတယ်။ (အိပ်ရာထဲမှာထားတာကို ကမြင်းပြီး အိမ်ပေါ်မှာ ဖင်တရွတ်ဆွဲလျှောက်သွားနေတာလေ။ )

နောက်တစ်ခေါက်အကိုက်ခံရတာက ၅ တန်းအောင်ပြီး ၆တန်း တက်ခါနီး နဲ့တူတယ်။
ကျူရှင်ဆရာမအိမ်ရှေ့မှာ ကျူရှင်မစခင် ထုံးစံအတိုင်း သူငယ်ချင်းတွေနဲ့ မျောက်ရှုံးအောင်ဆော့ကြပေါ့။
သူငယ်ချင်းရဲ့စက်ဘီးကို နောက်ကနေ ပြေးလိုက်ပြီး ဆွဲနေတုန်း မောင်ဇိရဲ့တင်ပါးတော် ပိန်ရှုံ့ရှုံ့ကို အနောက်ကထပ်ဆွဲတာခံလိုက်ရတာ။

ပြေးနေတုန်း တင်ပါးမှာ ဧရာမသံညှပ်ကြီးနဲ့ အစွမ်းကုန်ညှပ်လိုက်သလိုမျိုး စူးပြီးအောင့်သွား၊ ဘယ်ကောင်လုပ်တာလဲဆိုပြီးလှည့်ကြည့်တော့ သူနဲ့မဆိုင်သလိုမျိုး အမြှီးလေးရမ်း၊ ဖင်လေးပေးပြီး ပြေးသွားတဲ့ ခွေးတစ်ကောင်။
ဆရာမက အရက်ပြန်ထည့်ပေးမယ်ဆိုပြီး ဖင်လှန်ခိုင်းတော့ အရှက်ကြီးတဲ့မောင်ဇိတစ်ယောက် သူငယ်ချင်းကောင်လေးတွေ၊ ကောင်မလေးတွေရှေ့မှာ အကြောက်အကန်ငြင်း။
ဆရာမကလဲ မနာပါဘူးဆိုပြီး အတင်းဖင်လှန်ပြီးဆေးထည့်ပေးလိုက်တာ မောင်ဇိမှာ ရှက်လိုက်ရတာ။

တော်တော့ တော်ပါသေးတယ်။ အဲတုန်းက မောင်ဇိက ၅တန်း၊ ၆တန်းပဲရှိသေးတယ်။
မောင်ဇိသူငယ်ချင်းတစ်ယောက်ဆို ဆရာဝန်ဖြစ်ဖို့တည်းတည်းလေးအလို၊ ဆေးကျောင်းပြီးခါနီးမှာမှ ဖင်မှာ fistula လို့ခေါ်တဲ့ အနာဖြစ်လို့ သူငယ်ချင်းတွေ house surgeon ဆင်းနေတဲ့ဆေးရုံမှာ ခွဲစိတ်ဖို့ပြန်တက်ရတာ။
သူ့ခမျာ သူငယ်ချင်းကောင်မလေးတွေ (ခုတော့ ကောင်မကြီးတွေ) ရဲ့ 'ဟဲ့ နင်သက်သာလား ' ဆိုတဲ့အမေးနဲ့ တစ်ယောက်ပြီးတစ်ယောက် (တစ်ခါတစ်လေအဖွဲ့လိုက်) သူ့ဖင်လှန်ပြီးလာလာကြည့်သွားကြတာ ခံလိုက်ရရှာတယ်။ ဟီဟိ။
သူနဲ့စာရင် မောင်ဇိက တော်ပါသေးတယ်။
ထားပါတော့.. သူများအကြောင်းတွေဖော်တာ။

မောင်ဇိအကြောင်းဆက်ပြောရရင် ကိုးတန်းမှာတစ်ခါ ထပ်ပြီးခွေးအကိုက်ခံရတယ်။ ခွေးမျက်စိနောက်အောင် ဘယ်လိုဆော့မိလဲတော့ မသိပါဘူး။
၃ ကြိမ်အကိုက်ခံရလဲ အမှတ်မရှိတဲ့ မောင်ဇိ တစ်နေ့တော့ ၄ ကြိမ်မြောက်အကိုက်ခံရဖို့ဖြစ်လာတယ်။

ဆယ်တန်းအောင်ပြီး၊ အမေ့မြို့လေးကို မိသားစုလိုက်သွားလည်ကြတော့ အမေ့မိတ်ဆွေဟောင်းတွေက ထမင်းဖိတ်ကျွေးကြတယ်။
အိမ်တစ်အိမ်မှာ ခွေးဆယ်ကျော်သက်လေးတစ်ကောင်။
ခွေးသားလေးလဲမဟုတ်။ ခွေးကြီးလဲ မဟုတ်။ လူတွေလိုဆို ဆယ်ကျော်သက်အရွယ်ပေါ့။
အမြှီးလေးနန့်တန့်၊ နန့်တန့်နဲ့ မောင်ဇိကို လာနှုတ်ဆက်တယ်။
အမြှီးနန့်တာများ ဖင်ကိုဟိုဘက်ရမ်း၊ ဒီဘက်ရမ်းဖြစ်တဲ့ထိကို နန့်တာ။
ကြည့်စမ်း သဘောကောင်းလိုက်တဲ့ခွေးလေး၊ ချစ်စရာ...လာလာဆိုပြီး လက်လေးကမ်းပေးလိုက်မှ
"ဂွက်" ဆိုပြီး အားရပါးရလက်ကို ကိုက်ထည့်လိုက်တာ လက်ချောင်းလေးတွေ ဘယ်နှစ်ရက်မှန်းမသိရောင်ကိုင်းပြီး ကျန်ခဲ့တဲ့အထိ။

မောင်ဇိကို ခွေးမသားလေးက အယုံသွင်းပြီးကိုက်သွားတာ။
အဲ့နောက်ပိုင်း မှတ်မှတ် မှ မှတ်မှတ် ပဲ။
မသိတဲ့ခွေးဆို အနားကို မကပ်တော့တာ။
အမြှီးနန့်ပြလဲ အယုံသွင်းတယ်ပဲ မှတ်တယ်။
အိမ်မှာမွေးတဲ့ခွေးတွေ၊ သူငယ်ချင်းအိမ်မှာမွေးပြီး သေချာပေါက်စိတ်ချရတယ်ဆိုတဲ့ခွေးကလွဲရင် မကိုင်တော့ဘူး။

အိမ်ကခွေးတွေဆိုတာတောင် တစ်ခါတစ်လေ သိပ်ရောလို့မကောင်းဘူး။
မောင်ဇိက အပြင်တွေဘာတွေသွားဖို့ ဝတ်ထား၊ စားထားပြီးဆိုရင် အဲ...အိမ်ကခွေးတွေ ပါးစပ်ကြီးတွေဟ၊ လျှာကြီးတွဲလောင်းထုတ်၊ ပေါတောတောပြီတီတီရုပ်ကြီးတွေလုပ်ပြီး အမြှီးတစ်ရမ်းရမ်းနဲ့ ပြေးလာပါပြီ။
အော်နေ၊ ဟစ်နေတဲ့ကြားက လူပေါ်ကို ခြေထောက်ညစ်ပတ်၊ လက်ညစ်ပတ်ကြီးတွေနဲ့ အတင်း ဖက်တက်လိုက်ရင် ကုန်တာပါပဲ။ အကုန်ပေပွ။
အပြင်သွားခါနီး အဖြူရောင်လေးများ ဝတ်ထားတယ်ဆိုရင်တော့ ပြန်လဲပေတော့ပဲ။

ကြောင်ဆိုတဲ့အမျိုးက ခွေးလို အိန္ဒြေမရ၊ အလိုက်ကန်းဆိုးမသိ၊ လူပေါ်အတင်းတွယ်မတက်တတ်၊ သူ့ဟာသူ ဘဝင်တစ်လုံးနဲ့ ခပ်တည်တည်နေတော့ အပြင်ထွက်ခါနီးဆို မသိချင်ယောင်ဆောင်နေလိုက်လို့ရသေး။
ပြီးတော့ ကြောင်တွေက သူတို့ကိုနည်းနည်းလောက် စိတ်တိုအောင် စ လိုက်ရင် လူနားမကပ်တော့ဘူးဆိုတော့ ကြောင်ကိုထိန်းရတာ ခွေးထက်အများကြီးလွယ်တယ်။

ဒီတော့လဲ နိဂုံးချူပ်ရရင် ကြောင်ရော၊ ခွေးရောချစ်ပေမယ့် ခွေးဆိုရင် ခပ်တည်တည်ဆက်ဆံ၊ ကိုယ်လုပ်ချင်သလိုလုပ်လို့ရတဲ့၊ ကိုယ့်ကို အန္တရာယ်မပေးနိုင်တဲ့ ကြောင်ပေါင်းစုံဆိုရင်တော့ တွေ့ကရာအရပ်မှာ တွေ့သလို လိုက်ဖမ်းနေတဲ့ မောင်ဇိဖြစ်နေတော့တာပါပဲ။ ။

မောင်ဇိ
(၁၆/ ၁၀/ ၂၀၁၉)
----------------------------
( zawgyi)
ေမာင္ ဇိနဲ႔ ေခြး
ေမာင္ဇိနဲ႔ ေခြးဆိုေတာ့ တုတ္ေကာက္နဲ႔လူ ဆိုသလိုမ်ိဳး ေမာင္ဇိကို လည္ပင္းမွာႀကိဳးနဲ႔ဆြဲၿပီး လမ္းေလွ်ာက္ေနတဲ့ ေခြးတစ္ေကာင္လို႔လဲ မဆိုလိုဘူး။

ေမာင္ဇိနဲ႔ ေခြး ဆိုတဲ့ သတၱဝါေတြရဲ႕ သံသရာတစ္ေကြ႕မွာ မၾကာ၊ မၾကာေတြ႕ခဲ့ၾကတဲ့ ျဖစ္ပုံ၊ ပ်က္ပုံ ကင္ပြန္းၿခဳံေတြ အေၾကာင္းကိုပဲေျပာမွာ။

ေမာင္ဇိငယ္ငယ္က ေၾကာင္ေရာ၊ ေခြးေရာ ခ်စ္တယ္။ လိုက္ဖမ္းတယ္။

အသက္ႀကီးလာခ်ိန္မွာ ေၾကာင္ျမင္ရင္ ေျပးေျပးကိုင္တတ္တဲ့ Cat person တစ္ေယာက္ျဖစ္ေနေသးေပမယ့္ ေလးခါေလာက္ေခြးကိုက္ခံရၿပီးတဲ့ေနာက္မွာေတာ့ ေတြ႕ကရာေခြးကိုေျပးမကိုင္ရဲေတာ့။

ေမာင္ဇိ အသက္ ၇ႏွစ္ေလာက္မွာ ပထမဆုံးေခြးကိုက္ခံရတယ္။
နယ္ၿမိဳ႕ေလးတစ္ၿမိဳ႕မွာ အိမ္အမိုးေတြမလန္ေအာင္အေပၚကအုပ္တတ္တဲ့ ဝါးေခ်ာင္းပိန္ပိန္ရွည္ရွည္တစ္ေခ်ာင္းကို ကိုင္ၿပီး သူငယ္ခ်င္းေတြနဲ႔မတ္တပ္ေဆာ့ေနတဲ့ ေမာင္ဇိရဲ႕ေျခသလုံးပိန္ေလးကို ေနာက္ကေနအလစ္ဝင္ဆြဲသြားတာက အိမ္နားက သားေပါက္ေနတဲ့ ေခြးမႀကီး။
ေဆးထည့္ေပမယ့္လဲ အနာကရင္းသြားေတာ့ လမ္းမေလွ်ာက္ႏိုင္ပဲ အိမ္ေပၚမွာ ဖင္တ႐ြတ္ဆြဲၿပီးသြားေနခဲ့ရတာ အခုထိမွတ္မိေသးတယ္။ (အိပ္ရာထဲမွာထားတာကို ကျမင္းၿပီး အိမ္ေပၚမွာ ဖင္တ႐ြတ္ဆြဲေလွ်ာက္သြားေနတာေလ။ )

ေနာက္တစ္ေခါက္အကိုက္ခံရတာက ၅ တန္းေအာင္ၿပီး ၆တန္း တက္ခါနီး နဲ႔တူတယ္။
က်ဴရွင္ဆရာမအိမ္ေရွ႕မွာ က်ဴရွင္မစခင္ ထုံးစံအတိုင္း သူငယ္ခ်င္းေတြနဲ႔ ေမ်ာက္ရႈံးေအာင္ေဆာ့ၾကေပါ့။
သူငယ္ခ်င္းရဲ႕စက္ဘီးကို ေနာက္ကေန ေျပးလိုက္ၿပီး ဆြဲေနတုန္း ေမာင္ဇိရဲ႕တင္ပါးေတာ္ ပိန္ရႈံ႕ရႈံ႕ကို အေနာက္ကထပ္ဆြဲတာခံလိုက္ရတာ။

ေျပးေနတုန္း တင္ပါးမွာ ဧရာမသံညႇပ္ႀကီးနဲ႔ အစြမ္းကုန္ညႇပ္လိုက္သလိုမ်ိဳး စူးၿပီးေအာင့္သြား၊ ဘယ္ေကာင္လုပ္တာလဲဆိုၿပီးလွည့္ၾကည့္ေတာ့ သူနဲ႔မဆိုင္သလိုမ်ိဳး အျမႇီးေလးရမ္း၊ ဖင္ေလးေပးၿပီး ေျပးသြားတဲ့ ေခြးတစ္ေကာင္။
ဆရာမက အရက္ျပန္ထည့္ေပးမယ္ဆိုၿပီး ဖင္လွန္ခိုင္းေတာ့ အရွက္ႀကီးတဲ့ေမာင္ဇိတစ္ေယာက္ သူငယ္ခ်င္းေကာင္ေလးေတြ၊ ေကာင္မေလးေတြေရွ႕မွာ အေၾကာက္အကန္ျငင္း။
ဆရာမကလဲ မနာပါဘူးဆိုၿပီး အတင္းဖင္လွန္ၿပီးေဆးထည့္ေပးလိုက္တာ ေမာင္ဇိမွာ ရွက္လိုက္ရတာ။

ေတာ္ေတာ့ ေတာ္ပါေသးတယ္။ အဲတုန္းက ေမာင္ဇိက ၅တန္း၊ ၆တန္းပဲရွိေသးတယ္။
ေမာင္ဇိသူငယ္ခ်င္းတစ္ေယာက္ဆို ဆရာဝန္ျဖစ္ဖို႔တည္းတည္းေလးအလို၊ ေဆးေက်ာင္းၿပီးခါနီးမွာမွ ဖင္မွာ fistula လို႔ေခၚတဲ့ အနာျဖစ္လို႔ သူငယ္ခ်င္းေတြ house surgeon ဆင္းေနတဲ့ေဆး႐ုံမွာ ခြဲစိတ္ဖို႔ျပန္တက္ရတာ။
သူ႔ခမ်ာ သူငယ္ခ်င္းေကာင္မေလးေတြ (ခုေတာ့ ေကာင္မႀကီးေတြ) ရဲ႕ 'ဟဲ့ နင္သက္သာလား ' ဆိုတဲ့အေမးနဲ႔ တစ္ေယာက္ၿပီးတစ္ေယာက္ (တစ္ခါတစ္ေလအဖြဲ႕လိုက္) သူ႔ဖင္လွန္ၿပီးလာလာၾကည့္သြားၾကတာ ခံလိုက္ရရွာတယ္။ ဟီဟိ။
သူနဲ႔စာရင္ ေမာင္ဇိက ေတာ္ပါေသးတယ္။
ထားပါေတာ့.. သူမ်ားအေၾကာင္းေတြေဖာ္တာ။

ေမာင္ဇိအေၾကာင္းဆက္ေျပာရရင္ ကိုးတန္းမွာတစ္ခါ ထပ္ၿပီးေခြးအကိုက္ခံရတယ္။ ေခြးမ်က္စိေနာက္ေအာင္ ဘယ္လိုေဆာ့မိလဲေတာ့ မသိပါဘူး။
၃ ႀကိမ္အကိုက္ခံရလဲ အမွတ္မရွိတဲ့ ေမာင္ဇိ တစ္ေန႔ေတာ့ ၄ ႀကိမ္ေျမာက္အကိုက္ခံရဖို႔ျဖစ္လာတယ္။

ဆယ္တန္းေအာင္ၿပီး၊ အေမ့ၿမိဳ႕ေလးကို မိသားစုလိုက္သြားလည္ၾကေတာ့ အေမ့မိတ္ေဆြေဟာင္းေတြက ထမင္းဖိတ္ေကြၽးၾကတယ္။
အိမ္တစ္အိမ္မွာ ေခြးဆယ္ေက်ာ္သက္ေလးတစ္ေကာင္။
ေခြးသားေလးလဲမဟုတ္။ ေခြးႀကီးလဲ မဟုတ္။ လူေတြလိုဆို ဆယ္ေက်ာ္သက္အ႐ြယ္ေပါ့။
အျမႇီးေလးနန႔္တန႔္၊ နန႔္တန႔္နဲ႔ ေမာင္ဇိကို လာႏႈတ္ဆက္တယ္။
အျမႇီးနန႔္တာမ်ား ဖင္ကိုဟိုဘက္ရမ္း၊ ဒီဘက္ရမ္းျဖစ္တဲ့ထိကို နန႔္တာ။
ၾကည့္စမ္း သေဘာေကာင္းလိုက္တဲ့ေခြးေလး၊ ခ်စ္စရာ...လာလာဆိုၿပီး လက္ေလးကမ္းေပးလိုက္မွ
"ဂြက္" ဆိုၿပီး အားရပါးရလက္ကို ကိုက္ထည့္လိုက္တာ လက္ေခ်ာင္းေလးေတြ ဘယ္ႏွစ္ရက္မွန္းမသိေရာင္ကိုင္းၿပီး က်န္ခဲ့တဲ့အထိ။

ေမာင္ဇိကို ေခြးမသားေလးက အယုံသြင္းၿပီးကိုက္သြားတာ။
အဲ့ေနာက္ပိုင္း မွတ္မွတ္ မွ မွတ္မွတ္ ပဲ။
မသိတဲ့ေခြးဆို အနားကို မကပ္ေတာ့တာ။
အျမႇီးနန႔္ျပလဲ အယုံသြင္းတယ္ပဲ မွတ္တယ္။
အိမ္မွာေမြးတဲ့ေခြးေတြ၊ သူငယ္ခ်င္းအိမ္မွာေမြးၿပီး ေသခ်ာေပါက္စိတ္ခ်ရတယ္ဆိုတဲ့ေခြးကလြဲရင္ မကိုင္ေတာ့ဘူး။

အိမ္ကေခြးေတြဆိုတာေတာင္ တစ္ခါတစ္ေလ သိပ္ေရာလို႔မေကာင္းဘူး။
ေမာင္ဇိက အျပင္ေတြဘာေတြသြားဖို႔ ဝတ္ထား၊ စားထားၿပီးဆိုရင္ အဲ...အိမ္ကေခြးေတြ ပါးစပ္ႀကီးေတြဟ၊ လွ်ာႀကီးတြဲေလာင္းထုတ္၊ ေပါေတာေတာၿပီတီတီ႐ုပ္ႀကီးေတြလုပ္ၿပီး အျမႇီးတစ္ရမ္းရမ္းနဲ႔ ေျပးလာပါၿပီ။
ေအာ္ေန၊ ဟစ္ေနတဲ့ၾကားက လူေပၚကို ေျခေထာက္ညစ္ပတ္၊ လက္ညစ္ပတ္ႀကီးေတြနဲ႔ အတင္း ဖက္တက္လိုက္ရင္ ကုန္တာပါပဲ။ အကုန္ေပပြ။
အျပင္သြားခါနီး အျဖဴေရာင္ေလးမ်ား ဝတ္ထားတယ္ဆိုရင္ေတာ့ ျပန္လဲေပေတာ့ပဲ။

ေၾကာင္ဆိုတဲ့အမ်ိဳးက ေခြးလို အိေျႏၵမရ၊ အလိုက္ကန္းဆိုးမသိ၊ လူေပၚအတင္းတြယ္မတက္တတ္၊ သူ႔ဟာသူ ဘဝင္တစ္လုံးနဲ႔ ခပ္တည္တည္ေနေတာ့ အျပင္ထြက္ခါနီးဆို မသိခ်င္ေယာင္ေဆာင္ေနလိုက္လို႔ရေသး။
ၿပီးေတာ့ ေၾကာင္ေတြက သူတို႔ကိုနည္းနည္းေလာက္ စိတ္တိုေအာင္ စ လိုက္ရင္ လူနားမကပ္ေတာ့ဘူးဆိုေတာ့ ေၾကာင္ကိုထိန္းရတာ ေခြးထက္အမ်ားႀကီးလြယ္တယ္။

ဒီေတာ့လဲ နိဂုံးခ်ဴပ္ရရင္ ေၾကာင္ေရာ၊ ေခြးေရာခ်စ္ေပမယ့္ ေခြးဆိုရင္ ခပ္တည္တည္ဆက္ဆံ၊ ကိုယ္လုပ္ခ်င္သလိုလုပ္လို႔ရတဲ့၊ ကိုယ့္ကို အႏၲရာယ္မေပးႏိုင္တဲ့ ေၾကာင္ေပါင္းစုံဆိုရင္ေတာ့ ေတြ႕ကရာအရပ္မွာ ေတြ႕သလို လိုက္ဖမ္းေနတဲ့ ေမာင္ဇိျဖစ္ေနေတာ့တာပါပဲ။ ။

ေမာင္ဇိ
(၁၆/ ၁၀/ ၂၀၁၉)

No comments:

Post a Comment