Friday, July 3, 2020

ပုဂံပြည်ကို ပြိုလဲစေခဲ့တဲ့ မွန်ဂိုအင်ပါယာ

မောင်ဇိ က ရှေးတုန်းကလူတွေအကြောင်း၊ သူရဲကောင်းတွေအကြောင်း၊ စစ်ပွဲတွေအကြောင်း၊ နိုင်ငံတွေဖြစ်လာပုံတွေ၊ ကျဆုံးသွားပုံတွေအကြောင်း၊ သမိုင်းကြောင်းတွေဖတ်ရတာကို သဘောကျတယ်။
အလယ်တန်း၊ အထက်တန်းကျောင်းသားဘဝမှာဆို သမိုင်းဘာသာရပ် စာအုပ်တွေကို ကမ္ဘာ့သမိုင်းရော၊ မြန်မာ့သမိုင်းရော၊ ဆရာ မသင်ခင်ကတည်းက တစ်ခေါက်ဖတ်ပြီးသွားပြီ။
သမိုင်းကို အဲလိုကြိုက်တာ။

ကမ္ဘာ့သမိုင်းထက်မြန်မာ့သမိုင်းကို ပိုစိတ်ဝင်စားခဲ့တဲ့ အကြောင်းရင်းက ဘယ်နိုင်ငံကဘယ်နားရှိမှန်းမသိတာရယ်၊ တစ်ခြားနိုင်ငံက လူနာမည်တွေက မြန်မာတစ်ယောက်အတွက် အင်မတန်ခေါ်ရခက်တာရယ်တွေကြောင့်။
အခုချိန်မှာတွေးမိတာက သမိုင်းကို ကမ္ဘာ့မြေပုံအကြီးကြီးတစ်ခုသုံး၊ ထင်ရှားတဲ့နေရာတွေရဲ့ရုပ်ပုံတွေကိုသုံး၊ အဲခေတ်ကလူတွေရဲ့ဝတ်စားဆင်ယင်ပုံ၊ လက်နက်ကိရိယာပုံတွေနဲ့၊  မြန်မာပြည်နဲ့ ဘယ်လိုဆက်စပ်ပုံ စတာတွေသုံးပြီးသေချာသင်ရင် ကျောင်းသားတွေအတွက် အင်မတန်စိတ်ဝင်စားစရာကောင်းမှာပဲလို့။
ငယ်တုန်းကတော့ ဘယ်ခုနှစ်မှာ ဘာဖြစ်တယ်ဆိုတာကို ဘာမှန်းမသိပဲ အော်ကျက်ခဲ့ပြီး နောက်တစ်တန်းတက်တော့ မေ့သွားတာပဲ။
ပညာရေးစနစ်ရဲ့အားနည်းချက်ပေါ့။
ခုခေတ် နိုင်ငံတကာမှာကျောင်းသားလေးတွေဖတ်တဲ့ စာအုပ်လေးတွေမြင်ရင် အရမ်းအားကျမိတယ်။
ရောင်စုံအရုပ်လေးတွေနဲ့၊ အကျဉ်းချုပ်ရှင်းပြချက်လေးတွေနဲ့၊ ကလေးတွေဟာ ဗဟုသုတတွေအများကြီးရကြသလို အတွေးအခေါ်နဲ့ အသိပညာလဲ အများကြီးတိုးကြတယ်။

မောင်ဇိတို့တုန်းကတော့ မြန်မာလူမျိုးက ကမ္ဘာမှာအယဉ်ကျေးဆုံး၊ အဖော်ရွေဆုံး၊ သတ္တိအကောင်းဆုံး၊ အတော်ဆုံး၊ ကျန်တာဖွဲနဲ့ဇကွဲ (ဆန်ကွဲ) ဆိုတဲ့ လှိမ့်လုံး၊ ပိမ့်လုံး၊ ဖြီးလုံးတွေနဲ့ ကြီးပြင်းခဲ့ရတော့ နိုင်ငံတကာရောက်ရင် ဘာမှန်းမသိ၊ ထစ်ခနဲရှိ မြန်မာကွဆိုပြီး အခြောက်တိုက် ကိုယ့်ဟာကိုယ်ဘဝင်မြင့်နေကြရော။

ကမ္ဘာမှာ ကိုယ့်ထက်ရင့်ကျက်တဲ့၊ ယဉ်ကျေးတဲ့၊ သဘောထားကြီးမြင့်တဲ့၊ ဉာဏ်ရည်မြင့်တဲ့ သူတွေအများကြီးရှိပါလားဆိုတာ သဘောမပေါက်ပဲ ဟိုလူမျိုးတွေကတော့ မြန်မာကိုမမှီပါဘူး၊ ဒီလူမျိုးကတော့မြန်မာနဲ့ မယှဉ်နိုင်ပါဘူးဆိုတဲ့ မာနလေးတွေတလူလူလွှင့်ရင်း သင်ယူစရာတွေမသင်ယူ၊ မြှင့်တင်စရာတွေမမြှင့်တင်တော့ တဖြည်းဖြည်းနဲ့ နောက်ကျကျန်ခဲ့ပါရောလား။
မောင်ဇိတို့က တစ်ခါ၊ တစ်ခါ မဟုတ်တဲ့နေရာမှာ လူမျိုးစွဲ၊ ဒေသစွဲ၊ နိုင်ငံစွဲ အင်မတန်ကြီးကြတယ်။
မြန်မာတွေက အချင်းချင်းကူညီယိုင်းပင်းကြတာ၊ စည်းစည်းလုံးလုံးနေကြတာ (ပြည်ပရောက်နေရင်)၊ ကိုယ့်ယဉ်ကျေးမှုအတွက်ဂုဏ်ယူတတ်တာတွေက ရှိပြီးသား။
တခြားလူမျိုးတွေဆီက တာဝန်ကျေတာ၊ အမှန်တကယ်ယဉ်ကျေးတာ၊ လေ့လာသင်ယူချင်စိတ်ရှိတာ၊ သူများအပေါ် လေးစားမှုရှိတာ၊ လူတစ်ယောက်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အသိအမှတ်ပြုတာ၊ မာနထောင်လွှားမှုမရှိတာ၊ ဝီရိယရှိတာ၊ ဘယ်သူနဲ့မဆို အဆင်ပြေအောင်ပူးပေါင်းလုပ်တတ်တာ၊ စတာ စတာတွေသာ ထပ်ပြီးပေါင်းလိုက်ရင် ပိုပြီးတိုးတက်မှာသေချာတယ်။

သမိုင်းကနေရှေးလူတွေရဲ့အမှားကို သင်ခန်းစာယူလို့ရသလို၊ သမိုင်းဆိုတာ ခေတ်ဘယ်လိုပြောင်းပြောင်း လူသားတွေရဲ့ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ပဲအခြေခံထားတာမို့ အနာဂတ်မှာဘာလုပ်ရင်တော့ ဘာဖြစ်လာနိုင်တယ်ဆိုတာမျိုး အကြမ်းဖြင်း ခန့်မှန်းလို့ရလို့ မဖြစ်သင့်တာ မဖြစ်အောင်ကာကွယ်နိုင်သလို၊ ဖြစ်ချင်တာတွေဖြစ်အောင်လဲ လုပ်ယူလို့ရတယ်။

မနေ့ကကြည့်တဲ့ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုရဲ့ နောက်ခံကားချပ်အနေနဲ့ မွန်ဂိုဧကရာဇ် ဂျင်ဂျစ်ခန်အကြောင်းပါလာတော့ စိတ်ထဲမှာ ပေါ်လာတာက အဲဒီအချိန်မှာ ငါတို့ဘိုးဘေးတွေရော ဘာလုပ်နေခဲ့ကြလဲပေါ့။
အင်တာနက်ရဲ့ကျေးဇူးကြောင့် သိချင်တာကို အချိန်မဆိုင်းသိခွင့်ရ၊ သိချင်တာတွေသိလာတော့ ပိုပြီးသိချင်။
ဒီတော့ စာတွေအများကြီးထပ်ဖတ်နဲ့ ဇာတ်ရည်တွေပိုလည်ရတယ်။

ဂျင်ဂျစ်ခန်ဧကရာဇ်အနေနဲ့ ဘိသိက်ခံတာက အေဒီ ၁၃ရာစု အစောပိုင်း ၁၂၀၆ ခုနှစ်လောက်။
အဲဒီအချိန်မှာက မြန်မာပြည်မှာ ပုဂံမင်းဆက်ကို အနော်ရထာထူထောင်ခဲ့တာ နှစ် ၁၅၀လောက်ရှိလို့ ပုဂံခေတ်တောင် အကျပိုင်းရောက်ဖို့နီးနေပြီ။ ကျန်စစ်သားနောက်နန်းတက်တဲ့ အလောင်းစည်သူမင်းရဲ့မြေး နရပတိစည်သူလက်ထက်မှာ။ ပုဂံပြည်ရဲ့ ဘုန်းမီးနေလတောက်ပဆဲ နောက်ဆုံးအချိန်တွေလို့လဲပြောလို့ရတယ်။
နောက်နှစ် ၈၀လောက် အကြာ၊ ဂျင်ဂျစ်ခန်ရဲ့မြေး၊ ကူဗလိုင်ခန်လက်ထက်လဲရောက်ရော မွန်ဂိုတွေ မြန်မာပြည်အထိပါ သုံးကြိမ်လောက် လာကျူးကျော်လိုက်ကြတာ  ၁၂၈၇ လောက်ကျတော့ ပုဂံပြည်ပါပျက်ပါရောလား။
တရုတ်ပြေးမင်းလို့ခေါ်ကြတဲ့ နရသီဟပတေ့လက်ထက်ပေါ့။

တကယ်တမ်းမြန်မာပြည်ကိုလာတိုက်တာက မွန်ဂိုတွေထက် မွန်ဂိုလက်အောက်ခံ အာရှမြောက်ပိုင်းနဲ့ အနောက်ပိုင်းက တာကစ် (Turkic) (တူရကီလူမျိုးမဟုတ်) တွေက ပိုများတယ်။
ပါရှား (အခု အီရန်) နဲ့ မွန်ဂိုတွေလဲ ပါတော့ ပါတာပေါ့။
အဲဒီ Turkic ကိုမှ မြန်မာတွေက Taruk တရုတ်လို့ခေါ်ရာကနေ ခုခေတ်ဟန်လူမျိုးတွေကိုခေါ်တဲ့ တရုတ်ဆိုတဲ့အသုံးအနှုန်းပေါ်လာတာ။
နယ်စပ်တိုက်ပွဲအစပိုင်းတွေမှာ ဆင်တွေသုံးနိုင်တော့ ဆင်မမြင်ဘူးတဲ့မွန်ဂိုတွေ နောက်ဆုတ်ရလို့ မြန်မာတွေက နိုင်သလိုရှိတယ်။
နောက်ပိုင်း မြားပစ်တော်တဲ့မွန်ဂိုတွေရဲ့ မြားမိုးရွာတဲ့ဒဏ်ကို ဆင်တွေမခံနိုင်တော့တဲ့အခါ စစ်တိုက်တော်တဲ့ မွန်ဂိုတွေကနိုင်သွားတော့တာပါပဲ။
မြန်မာရာဇဝင်မှာတော့ ငဆောင်ချမ်းအရပ်မှာ စစ်ရှုံးတယ်လို့ဆိုတယ်။
ပါးစပ်ရာဇဝင်ကတော့ တရုတ်နတ်နဲ့ မြန်မာနတ်ချတာမှာလဲ မြန်မာနတ်ရှံးတယ်လို့ပြောကြတာပဲ။

ဂျင်ဂျစ်ခန်နဲ့ ကူဗလိုင်ခန်တို့ မွန်ဂိုဒေသမှာ အင်အားကြီးလာတဲ့အဓိကအကြောင်းကတော့ Meritocracy လို့ခေါ်တဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ရာထူးပေးတဲ့စနစ်ကို စသုံးခဲ့လို့။
တိုင်းပြည်တစ်ပြည်ကိုသိမ်းပြီးတိုင်း မွန်ဂိုတပ်က အဲဒီနည်းနဲ့ သစ္စာခံတွေစည်းရုံးခဲ့တဲ့အပြင်၊ ဝင်လာသမျှလူမျိုးအားလုံး လူမျိုး၊ ဘာသာမရွေး  သာတူညီမျှနေခဲ့လို့ ပိုပိုပြီး အင်အားကြီးလာခဲ့တယ်။
ပြီးတော့ လူမျိုးအားလုံးဆီက ကောင်းတဲ့အချက်တွေကို လေ့လာသင်ယူခဲ့တော့ မွန်ဂိုတွေရဲ့စွမ်းဆောင်ရည်ကကျယ်ပြန့်လာတယ်။
  ဥပမာ၊ တရုတ်တွေဆီကနေ လောက်လွဲှကြီးတွေ၊ မြို့သိမ်းယန္တရားကြီးတွေသုံးနည်းတွေကို ယူခဲ့ပြီး အရှေ့ဥရောပနိုင်ငံတွေနဲ့ စစ်ပွဲတွေမှာပြန်သုံးခဲ့တာမျိုး။
အဲဒီအချိန် ပုဂံပြည်မှာတော့ Nepotism လို့ခေါ်တဲ့ ဆွေမျိုးနီးစပ်ရာကို ရာထူးပေးတဲ့စနစ်နဲ့ Autocracy လို့ခေါ်တဲ့ သက်ဦးဆံပိုင်စနစ်က ခေတ်စားဆဲပဲ။
အရည်အသွေးညံ့ဖျင်းလာတဲ့ ဘုရင်နဲ့မှူးမတ်တွေလက်ထက်မှာ  ပုဂံရဲ့အင်အားကယိုင်နဲ့လာတာမဆန်းပါဘူး။

ဒီလိုနဲ့ မွန်ဂိုတွေလက်ချက်ကြောင့် ပုဂံပျက်ပြီးတဲ့နောက် မြန်မာပြည်ထဲမှာ မြင်းစိုင်း၊ ပင်းယ၊ အင်းဝဆိုတဲ့နိုင်ငံငယ်လေးတွေ အကွဲကွဲအပြားပြားပေါ်လာတော့တယ်။
တစ်ချိန်ထဲမှာပဲ မြန်မာပြည်တောင်ပိုင်း မုတ္တမမှာ ဝါရီရူးက မွန်လူမျိုးတွေကို ပြန်စုစည်းပြီး ရာမညဒေသကို စပြီးတည်ထောင်တယ်။
 မွန်ဂိုစစ်သူကြီးတစ်ချို့က  မြန်မာပြည်ကို နောက်တစ်ခေါက် လာတိုက်ပေမယ့် မြင်စိုင်းကိုမသိမ်းနိုင်လို့ ပေးတဲ့လက်ဆောင်တွေယူပြီး ပြန်သွားကြတယ်။
 နောက်ထပ်၊ ထပ်မလာဖြစ်ကြတော့ဘူး။
မောင်ဇိတို့အထက်တန်းကဗျာမှာသင်ခဲ့ရတဲ့ 'မြင်စိုင်းရွှေမြေပန်းသင်းခွေ' နဲ့စတဲ့ 'ကာချင်း' က အဲဒီမြင်စိုင်းအကြောင်းပေါ့။
မွန်ဂိုတွေနဲ့ ပုဂံတပ်တွေယူနန်နယ်စပ်မှာ တိုက်ကြတဲ့အကြောင်းတွေကို မှတ်တမ်းရေးခဲ့တာက မြန်မာတွေကောင်းကောင်းကြားဖူးတဲ့ စူးစမ်းရှာဖွေရေးသမား၊ ကုန်သည်၊ စာရေးဆရာ မာကိုပိုလို။
အီတလီနိုင်ငံ၊ ဗင်းနစ်မြို့သား မာကိုပိုလိုက မွန်ဂိုအင်ပါယာ အထွဋ်အထိပ်ရောက်ချိန် အေဒီ၁၃ရာစုနှောင်းပိုင်းမှာ တရုတ်ပြည်ကိုရောက်လာပြီးတော့ အာရှတိုက်ရဲ့ယဉ်ကျေးမုှ၊ ကြွယ်ဝမှုနဲ့ စစ်ပွဲတွေအကြောင်းလေ့လာခွင့်ရခဲ့တယ်။
ဗင်းနစ်ကိုပြန်ပြီးနောက်ပိုင်းသ့ူခရီးသွားမှတ်တမ်းတွေကြောင့် တရုတ်၊ အိန္ဒိယနဲ့ ဂျပန်ဆိုတဲ့ အာရှနိုင်ငံတွေအကြောင်းကို ဥရောပသားတွေ သိလာကြတာ။
အဲဒီအချိန် ဥရောပက Medieval age လို့ခေါ်တဲ့ အလယ်ခေတ်မှာပဲရှိသေးတယ်။
ကျောက်သားနဲ့ဆောက်ထားတဲ့ ရဲတိုက်တွေ၊ Knight လို့ခေါ်တဲ့ သံချပ်ဝတ်စုံဝတ် မြင်းစီးသူရဲကောင်းတွေ၊ သူကောင်းမျိုးတွေ၊ စစ်ပွဲတွေနဲ့ တန်ဆာဆင်ထားတဲ့ခေတ်ပေါ့။
အနီးစပ်ဆုံးမြင်ယောင်ကြည့်ရင် အခုခေတ်စားနေတဲ့ Game of Thrones ဇာတ်လမ်းတွဲထဲက အခင်းအကျင်းတွေမျိုး။

ပြန်ချုပ်ရရင်....

အာရှမှာ မွန်ဂိုအင်ပါယာ တန်ခိုးထွားလာတဲ့ ၁၂-၁၃ ရာစုမှာ၊ အင်္ဂလိပ်တွေနဲ့ ဥရောပသား ခရစ်ယာန်တွေက အီဂျစ်ဘက်က မွတ်ဆလင်တွေနဲ့ ခရူးဆိတ်စစ်ပွဲတွေနွှဲနေကြတယ်။
အခုခေတ် တရုတ်ပြည်ထဲမှာရှိတဲ့ နန်ကျောက်ပြည်၊ ကျင်းပြည်၊ တစုန့်ပြည်တွေက မွန်ဂိုအောက်ရောက်သွားတယ်။
ကိုရီးယားကလဲ မွန်ဂိုအောက်မှာ။
ရုရှတောင်  မွန်ဂိုအောက် နည်းနည်းပါသေး။
ဂျပန်ဆာမူရိုင်းတွေကတော့ မွန်ဂိုတွေကို ဂျပန်မြေပေါ်မှာ အောင်အောင်မြင်မြင် ခံချနိုင်လိုက်ကြတယ်။
ဒီနေ့ ထောင်ထောင်၊ ထောင်ထောင်လုပ်နေတဲ့ အမေရိကတိုက်ဆိုတာ ပင်လယ်ထဲမှာ လမ်းသလားနေတဲ့ စပိန်လူမျိုး ကိုလံဘတ်စ်ရှာတွေ့တာခံရဖို့ နောက်ထပ် နှစ် ၂၀၀ လောက်လိုသေးတယ်။
မြန်မာတွေရဲ့ ပုဂံပြည်ကတော့ တစ်ဖြည်းဖြည်းပြိုလဲပေါ့။

ဟိုဟာလေးသိချင်၊ ဒီဟာလေးလဲသိချင်နဲ့ မောင်ဇိ ဒီရက်ပိုင်း ရှာဖတ်လိုက်တဲ့ မြောက်မြားလှစွာသောအကြောင်းအရာတွေထဲက အနှစ်ချုပ်လေးကတော့ အဲဒါပါပဲ။
စိတ်ဝင်စားဖို့ကောင်းသလို၊ သင်ခန်းစာယူဖို့လဲကောင်းတယ်။
စုစုစည်းစည်းရှိတဲ့၊ အမြင်ကျယ်ကျယ်ထားတတ်တဲ့၊ သင်ယူလေ့လာတတ်တဲ့လူမျိုးက တိုးတက်ကြီးပွားပြီး အောင်ပွဲခံရတာပဲ။
မောင်ဇိတို့လူမျိုးကတော့ ဘယ်တော့မှအဲလိုဖြစ်မလဲမသိပါဘူး။

မောင်ဇိ ( မတ်လ ၃ ရက်၊ ၂၀၁၉)
___________________________
ေမာင္ဇိ က ေရွးတုန္းကလူေတြအေၾကာင္း၊ သူရဲေကာင္းေတြအေၾကာင္း၊ စစ္ပြဲေတြအေၾကာင္း၊ ႏိုင္ငံေတြျဖစ္လာပုံေတြ၊ က်ဆုံးသြားပုံေတြအေၾကာင္း၊ သမိုင္းေၾကာင္းေတြဖတ္ရတာကို သေဘာက်တယ္။
အလယ္တန္း၊ အထက္တန္းေက်ာင္းသားဘဝမွာဆို သမိုင္းဘာသာရပ္ စာအုပ္ေတြကို ကမာၻ႔သမိုင္းေရာ၊ ျမန္မာ့သမိုင္းေရာ၊ ဆရာ မသင္ခင္ကတည္းက တစ္ေခါက္ဖတ္ၿပီးသြားၿပီ။
သမိုင္းကို အဲလိုႀကိဳက္တာ။

ကမာၻ႔သမိုင္းထက္ျမန္မာ့သမိုင္းကို ပိုစိတ္ဝင္စားခဲ့တဲ့ အေၾကာင္းရင္းက ဘယ္ႏိုင္ငံကဘယ္နားရွိမွန္းမသိတာရယ္၊ တစ္ျခားႏိုင္ငံက လူနာမည္ေတြက ျမန္မာတစ္ေယာက္အတြက္ အင္မတန္ေခၚရခက္တာရယ္ေတြေၾကာင့္။
အခုခ်ိန္မွာေတြးမိတာက သမိုင္းကို ကမာၻ႔ေျမပုံအႀကီးႀကီးတစ္ခုသုံး၊ ထင္ရွားတဲ့ေနရာေတြရဲ႕႐ုပ္ပုံေတြကိုသုံး၊ အဲေခတ္ကလူေတြရဲ႕ဝတ္စားဆင္ယင္ပုံ၊ လက္နက္ကိရိယာပုံေတြနဲ႔၊  ျမန္မာျပည္နဲ႔ ဘယ္လိုဆက္စပ္ပုံ စတာေတြသုံးၿပီးေသခ်ာသင္ရင္ ေက်ာင္းသားေတြအတြက္ အင္မတန္စိတ္ဝင္စားစရာေကာင္းမွာပဲလို႔။
ငယ္တုန္းကေတာ့ ဘယ္ခုႏွစ္မွာ ဘာျဖစ္တယ္ဆိုတာကို ဘာမွန္းမသိပဲ ေအာ္က်က္ခဲ့ၿပီး ေနာက္တစ္တန္းတက္ေတာ့ ေမ့သြားတာပဲ။
ပညာေရးစနစ္ရဲ႕အားနည္းခ်က္ေပါ့။
ခုေခတ္ ႏိုင္ငံတကာမွာေက်ာင္းသားေလးေတြဖတ္တဲ့ စာအုပ္ေလးေတြျမင္ရင္ အရမ္းအားက်မိတယ္။
ေရာင္စုံအ႐ုပ္ေလးေတြနဲ႔၊ အက်ဥ္းခ်ဳပ္ရွင္းျပခ်က္ေလးေတြနဲ႔၊ ကေလးေတြဟာ ဗဟုသုတေတြအမ်ားႀကီးရၾကသလို အေတြးအေခၚနဲ႔ အသိပညာလဲ အမ်ားႀကီးတိုးၾကတယ္။

ေမာင္ဇိတို႔တုန္းကေတာ့ ျမန္မာလူမ်ိဳးက ကမာၻမွာအယဥ္ေက်းဆုံး၊ အေဖာ္ေ႐ြဆုံး၊ သတၱိအေကာင္းဆုံး၊ အေတာ္ဆုံး၊ က်န္တာဖြဲနဲ႔ဇကြဲ (ဆန္ကြဲ) ဆိုတဲ့ လွိမ့္လုံး၊ ပိမ့္လုံး၊ ၿဖီးလုံးေတြနဲ႔ ႀကီးျပင္းခဲ့ရေတာ့ ႏိုင္ငံတကာေရာက္ရင္ ဘာမွန္းမသိ၊ ထစ္ခနဲရွိ ျမန္မာကြဆိုၿပီး အေျခာက္တိုက္ ကိုယ့္ဟာကိုယ္ဘဝင္ျမင့္ေနၾကေရာ။

ကမာၻမွာ ကိုယ့္ထက္ရင့္က်က္တဲ့၊ ယဥ္ေက်းတဲ့၊ သေဘာထားႀကီးျမင့္တဲ့၊ ဉာဏ္ရည္ျမင့္တဲ့ သူေတြအမ်ားႀကီးရွိပါလားဆိုတာ သေဘာမေပါက္ပဲ ဟိုလူမ်ိဳးေတြကေတာ့ ျမန္မာကိုမမွီပါဘူး၊ ဒီလူမ်ိဳးကေတာ့ျမန္မာနဲ႔ မယွဥ္ႏိုင္ပါဘူးဆိုတဲ့ မာနေလးေတြတလူလူလႊင့္ရင္း သင္ယူစရာေတြမသင္ယူ၊ ျမႇင့္တင္စရာေတြမျမႇင့္တင္ေတာ့ တျဖည္းျဖည္းနဲ႔ ေနာက္က်က်န္ခဲ့ပါေရာလား။
ေမာင္ဇိတို႔က တစ္ခါ၊ တစ္ခါ မဟုတ္တဲ့ေနရာမွာ လူမ်ိဳးစြဲ၊ ေဒသစြဲ၊ ႏိုင္ငံစြဲ အင္မတန္ႀကီးၾကတယ္။
ျမန္မာေတြက အခ်င္းခ်င္းကူညီယိုင္းပင္းၾကတာ၊ စည္းစည္းလုံးလုံးေနၾကတာ (ျပည္ပေရာက္ေနရင္)၊ ကိုယ့္ယဥ္ေက်းမႈအတြက္ဂုဏ္ယူတတ္တာေတြက ရွိၿပီးသား။
တျခားလူမ်ိဳးေတြဆီက တာဝန္ေက်တာ၊ အမွန္တကယ္ယဥ္ေက်းတာ၊ ေလ့လာသင္ယူခ်င္စိတ္ရွိတာ၊ သူမ်ားအေပၚ ေလးစားမႈရွိတာ၊ လူတစ္ေယာက္ရဲ႕ကိုယ္ပိုင္လြတ္လပ္ခြင့္ကို အသိအမွတ္ျပဳတာ၊ မာနေထာင္လႊားမႈမရွိတာ၊ ဝီရိယရွိတာ၊ ဘယ္သူနဲ႔မဆို အဆင္ေျပေအာင္ပူးေပါင္းလုပ္တတ္တာ၊ စတာ စတာေတြသာ ထပ္ၿပီးေပါင္းလိုက္ရင္ ပိုၿပီးတိုးတက္မွာေသခ်ာတယ္။

သမိုင္းကေနေရွးလူေတြရဲ႕အမွားကို သင္ခန္းစာယူလို႔ရသလို၊ သမိုင္းဆိုတာ ေခတ္ဘယ္လိုေျပာင္းေျပာင္း လူသားေတြရဲ႕ ေလာဘ၊ ေဒါသ၊ ေမာဟေတြနဲ႔ပဲအေျခခံထားတာမို႔ အနာဂတ္မွာဘာလုပ္ရင္ေတာ့ ဘာျဖစ္လာႏိုင္တယ္ဆိုတာမ်ိဳး အၾကမ္းျဖင္း ခန႔္မွန္းလို႔ရလို႔ မျဖစ္သင့္တာ မျဖစ္ေအာင္ကာကြယ္ႏိုင္သလို၊ ျဖစ္ခ်င္တာေတြျဖစ္ေအာင္လဲ လုပ္ယူလို႔ရတယ္။

မေန႔ကၾကည့္တဲ့႐ုပ္ရွင္ဇာတ္လမ္းတြဲတစ္ခုရဲ႕ ေနာက္ခံကားခ်ပ္အေနနဲ႔ မြန္ဂိုဧကရာဇ္ ဂ်င္ဂ်စ္ခန္အေၾကာင္းပါလာေတာ့ စိတ္ထဲမွာ ေပၚလာတာက အဲဒီအခ်ိန္မွာ ငါတို႔ဘိုးေဘးေတြေရာ ဘာလုပ္ေနခဲ့ၾကလဲေပါ့။
အင္တာနက္ရဲ႕ေက်းဇူးေၾကာင့္ သိခ်င္တာကို အခ်ိန္မဆိုင္းသိခြင့္ရ၊ သိခ်င္တာေတြသိလာေတာ့ ပိုၿပီးသိခ်င္။
ဒီေတာ့ စာေတြအမ်ားႀကီးထပ္ဖတ္နဲ႔ ဇာတ္ရည္ေတြပိုလည္ရတယ္။

ဂ်င္ဂ်စ္ခန္ဧကရာဇ္အေနနဲ႔ ဘိသိက္ခံတာက ေအဒီ ၁၃ရာစု အေစာပိုင္း ၁၂၀၆ ခုႏွစ္ေလာက္။
အဲဒီအခ်ိန္မွာက ျမန္မာျပည္မွာ ပုဂံမင္းဆက္ကို အေနာ္ရထာထူေထာင္ခဲ့တာ ႏွစ္ ၁၅၀ေလာက္ရွိလို႔ ပုဂံေခတ္ေတာင္ အက်ပိုင္းေရာက္ဖို႔နီးေနၿပီ။ က်န္စစ္သားေနာက္နန္းတက္တဲ့ အေလာင္းစည္သူမင္းရဲ႕ေျမး နရပတိစည္သူလက္ထက္မွာ။ ပုဂံျပည္ရဲ႕ ဘုန္းမီးေနလေတာက္ပဆဲ ေနာက္ဆုံးအခ်ိန္ေတြလို႔လဲေျပာလို႔ရတယ္။
ေနာက္ႏွစ္ ၈၀ေလာက္ အၾကာ၊ ဂ်င္ဂ်စ္ခန္ရဲ႕ေျမး၊ ကူဗလိုင္ခန္လက္ထက္လဲေရာက္ေရာ မြန္ဂိုေတြ ျမန္မာျပည္အထိပါ သုံးႀကိမ္ေလာက္ လာက်ဴးေက်ာ္လိုက္ၾကတာ  ၁၂၈၇ ေလာက္က်ေတာ့ ပုဂံျပည္ပါပ်က္ပါေရာလား။
တ႐ုတ္ေျပးမင္းလို႔ေခၚၾကတဲ့ နရသီဟပေတ့လက္ထက္ေပါ့။

တကယ္တမ္းျမန္မာျပည္ကိုလာတိုက္တာက မြန္ဂိုေတြထက္ မြန္ဂိုလက္ေအာက္ခံ အာရွေျမာက္ပိုင္းနဲ႔ အေနာက္ပိုင္းက တာကစ္ (Turkic) (တူရကီလူမ်ိဳးမဟုတ္) ေတြက ပိုမ်ားတယ္။
ပါရွား (အခု အီရန္) နဲ႔ မြန္ဂိုေတြလဲ ပါေတာ့ ပါတာေပါ့။
အဲဒီ Turkic ကိုမွ ျမန္မာေတြက Taruk တ႐ုတ္လို႔ေခၚရာကေန ခုေခတ္ဟန္လူမ်ိဳးေတြကိုေခၚတဲ့ တ႐ုတ္ဆိုတဲ့အသုံးအႏႈန္းေပၚလာတာ။
နယ္စပ္တိုက္ပြဲအစပိုင္းေတြမွာ ဆင္ေတြသုံးႏိုင္ေတာ့ ဆင္မျမင္ဘူးတဲ့မြန္ဂိုေတြ ေနာက္ဆုတ္ရလို႔ ျမန္မာေတြက ႏိုင္သလိုရွိတယ္။
ေနာက္ပိုင္း ျမားပစ္ေတာ္တဲ့မြန္ဂိုေတြရဲ႕ ျမားမိုး႐ြာတဲ့ဒဏ္ကို ဆင္ေတြမခံႏိုင္ေတာ့တဲ့အခါ စစ္တိုက္ေတာ္တဲ့ မြန္ဂိုေတြကႏိုင္သြားေတာ့တာပါပဲ။
ျမန္မာရာဇဝင္မွာေတာ့ ငေဆာင္ခ်မ္းအရပ္မွာ စစ္ရႈံးတယ္လို႔ဆိုတယ္။
ပါးစပ္ရာဇဝင္ကေတာ့ တ႐ုတ္နတ္နဲ႔ ျမန္မာနတ္ခ်တာမွာလဲ ျမန္မာနတ္ရွံးတယ္လို႔ေျပာၾကတာပဲ။

ဂ်င္ဂ်စ္ခန္နဲ႔ ကူဗလိုင္ခန္တို႔ မြန္ဂိုေဒသမွာ အင္အားႀကီးလာတဲ့အဓိကအေၾကာင္းကေတာ့ Meritocracy လို႔ေခၚတဲ့ စြမ္းေဆာင္ရည္ေပၚမူတည္ၿပီး ရာထူးေပးတဲ့စနစ္ကို စသုံးခဲ့လို႔။
တိုင္းျပည္တစ္ျပည္ကိုသိမ္းၿပီးတိုင္း မြန္ဂိုတပ္က အဲဒီနည္းနဲ႔ သစၥာခံေတြစည္း႐ုံးခဲ့တဲ့အျပင္၊ ဝင္လာသမွ်လူမ်ိဳးအားလုံး လူမ်ိဳး၊ ဘာသာမေ႐ြး  သာတူညီမွ်ေနခဲ့လို႔ ပိုပိုၿပီး အင္အားႀကီးလာခဲ့တယ္။
ၿပီးေတာ့ လူမ်ိဳးအားလုံးဆီက ေကာင္းတဲ့အခ်က္ေတြကို ေလ့လာသင္ယူခဲ့ေတာ့ မြန္ဂိုေတြရဲ႕စြမ္းေဆာင္ရည္ကက်ယ္ျပန႔္လာတယ္။
  ဥပမာ၊ တ႐ုတ္ေတြဆီကေန ေလာက္လြဲွႀကီးေတြ၊ ၿမိဳ႕သိမ္းယႏၲရားႀကီးေတြသုံးနည္းေတြကို ယူခဲ့ၿပီး အေရွ႕ဥေရာပႏိုင္ငံေတြနဲ႔ စစ္ပြဲေတြမွာျပန္သုံးခဲ့တာမ်ိဳး။
အဲဒီအခ်ိန္ ပုဂံျပည္မွာေတာ့ Nepotism လို႔ေခၚတဲ့ ေဆြမ်ိဳးနီးစပ္ရာကို ရာထူးေပးတဲ့စနစ္နဲ႔ Autocracy လို႔ေခၚတဲ့ သက္ဦးဆံပိုင္စနစ္က ေခတ္စားဆဲပဲ။
အရည္အေသြးညံ့ဖ်င္းလာတဲ့ ဘုရင္နဲ႔မႉးမတ္ေတြလက္ထက္မွာ  ပုဂံရဲ႕အင္အားကယိုင္နဲ႔လာတာမဆန္းပါဘူး။

ဒီလိုနဲ႔ မြန္ဂိုေတြလက္ခ်က္ေၾကာင့္ ပုဂံပ်က္ၿပီးတဲ့ေနာက္ ျမန္မာျပည္ထဲမွာ ျမင္းစိုင္း၊ ပင္းယ၊ အင္းဝဆိုတဲ့ႏိုင္ငံငယ္ေလးေတြ အကြဲကြဲအျပားျပားေပၚလာေတာ့တယ္။
တစ္ခ်ိန္ထဲမွာပဲ ျမန္မာျပည္ေတာင္ပိုင္း မုတၱမမွာ ဝါရီ႐ူးက မြန္လူမ်ိဳးေတြကို ျပန္စုစည္းၿပီး ရာမညေဒသကို စၿပီးတည္ေထာင္တယ္။
 မြန္ဂိုစစ္သူႀကီးတစ္ခ်ိဳ႕က  ျမန္မာျပည္ကို ေနာက္တစ္ေခါက္ လာတိုက္ေပမယ့္ ျမင္စိုင္းကိုမသိမ္းႏိုင္လို႔ ေပးတဲ့လက္ေဆာင္ေတြယူၿပီး ျပန္သြားၾကတယ္။
 ေနာက္ထပ္၊ ထပ္မလာျဖစ္ၾကေတာ့ဘူး။
ေမာင္ဇိတို႔အထက္တန္းကဗ်ာမွာသင္ခဲ့ရတဲ့ 'ျမင္စိုင္းေ႐ႊေျမပန္းသင္းေခြ' နဲ႔စတဲ့ 'ကာခ်င္း' က အဲဒီျမင္စိုင္းအေၾကာင္းေပါ့။
မြန္ဂိုေတြနဲ႔ ပုဂံတပ္ေတြယူနန္နယ္စပ္မွာ တိုက္ၾကတဲ့အေၾကာင္းေတြကို မွတ္တမ္းေရးခဲ့တာက ျမန္မာေတြေကာင္းေကာင္းၾကားဖူးတဲ့ စူးစမ္းရွာေဖြေရးသမား၊ ကုန္သည္၊ စာေရးဆရာ မာကိုပိုလို။
အီတလီႏိုင္ငံ၊ ဗင္းနစ္ၿမိဳ႕သား မာကိုပိုလိုက မြန္ဂိုအင္ပါယာ အထြဋ္အထိပ္ေရာက္ခ်ိန္ ေအဒီ၁၃ရာစုေႏွာင္းပိုင္းမွာ တ႐ုတ္ျပည္ကိုေရာက္လာၿပီးေတာ့ အာရွတိုက္ရဲ႕ယဥ္ေက်းမုွ၊ ႂကြယ္ဝမႈနဲ႔ စစ္ပြဲေတြအေၾကာင္းေလ့လာခြင့္ရခဲ့တယ္။
ဗင္းနစ္ကိုျပန္ၿပီးေနာက္ပိုင္းသ့ူခရီးသြားမွတ္တမ္းေတြေၾကာင့္ တ႐ုတ္၊ အိႏၵိယနဲ႔ ဂ်ပန္ဆိုတဲ့ အာရွႏိုင္ငံေတြအေၾကာင္းကို ဥေရာပသားေတြ သိလာၾကတာ။
အဲဒီအခ်ိန္ ဥေရာပက Medieval age လို႔ေခၚတဲ့ အလယ္ေခတ္မွာပဲရွိေသးတယ္။
ေက်ာက္သားနဲ႔ေဆာက္ထားတဲ့ ရဲတိုက္ေတြ၊ Knight လို႔ေခၚတဲ့ သံခ်ပ္ဝတ္စုံဝတ္ ျမင္းစီးသူရဲေကာင္းေတြ၊ သူေကာင္းမ်ိဳးေတြ၊ စစ္ပြဲေတြနဲ႔ တန္ဆာဆင္ထားတဲ့ေခတ္ေပါ့။
အနီးစပ္ဆုံးျမင္ေယာင္ၾကည့္ရင္ အခုေခတ္စားေနတဲ့ Game of Thrones ဇာတ္လမ္းတြဲထဲက အခင္းအက်င္းေတြမ်ိဳး။

ျပန္ခ်ဳပ္ရရင္....

အာရွမွာ မြန္ဂိုအင္ပါယာ တန္ခိုးထြားလာတဲ့ ၁၂-၁၃ ရာစုမွာ၊ အဂၤလိပ္ေတြနဲ႔ ဥေရာပသား ခရစ္ယာန္ေတြက အီဂ်စ္ဘက္က မြတ္ဆလင္ေတြနဲ႔ ခ႐ူးဆိတ္စစ္ပြဲေတြႏႊဲေနၾကတယ္။
အခုေခတ္ တ႐ုတ္ျပည္ထဲမွာရွိတဲ့ နန္ေက်ာက္ျပည္၊ က်င္းျပည္၊ တစုန႔္ျပည္ေတြက မြန္ဂိုေအာက္ေရာက္သြားတယ္။
ကိုရီးယားကလဲ မြန္ဂိုေအာက္မွာ။
႐ုရွေတာင္  မြန္ဂိုေအာက္ နည္းနည္းပါေသး။
ဂ်ပန္ဆာမူ႐ိုင္းေတြကေတာ့ မြန္ဂိုေတြကို ဂ်ပန္ေျမေပၚမွာ ေအာင္ေအာင္ျမင္ျမင္ ခံခ်ႏိုင္လိုက္ၾကတယ္။
ဒီေန႔ ေထာင္ေထာင္၊ ေထာင္ေထာင္လုပ္ေနတဲ့ အေမရိကတိုက္ဆိုတာ ပင္လယ္ထဲမွာ လမ္းသလားေနတဲ့ စပိန္လူမ်ိဳး ကိုလံဘတ္စ္ရွာေတြ႕တာခံရဖို႔ ေနာက္ထပ္ ႏွစ္ ၂၀၀ ေလာက္လိုေသးတယ္။
ျမန္မာေတြရဲ႕ ပုဂံျပည္ကေတာ့ တစ္ျဖည္းျဖည္းၿပိဳလဲေပါ့။

ဟိုဟာေလးသိခ်င္၊ ဒီဟာေလးလဲသိခ်င္နဲ႔ ေမာင္ဇိ ဒီရက္ပိုင္း ရွာဖတ္လိုက္တဲ့ ေျမာက္ျမားလွစြာေသာအေၾကာင္းအရာေတြထဲက အႏွစ္ခ်ဳပ္ေလးကေတာ့ အဲဒါပါပဲ။
စိတ္ဝင္စားဖို႔ေကာင္းသလို၊ သင္ခန္းစာယူဖို႔လဲေကာင္းတယ္။
စုစုစည္းစည္းရွိတဲ့၊ အျမင္က်ယ္က်ယ္ထားတတ္တဲ့၊ သင္ယူေလ့လာတတ္တဲ့လူမ်ိဳးက တိုးတက္ႀကီးပြားၿပီး ေအာင္ပြဲခံရတာပဲ။
ေမာင္ဇိတို႔လူမ်ိဳးကေတာ့ ဘယ္ေတာ့မွအဲလိုျဖစ္မလဲမသိပါဘူး။

ေမာင္ဇိ ( မတ္လ ၃ ရက္၊ ၂၀၁၉)

No comments:

Post a Comment