အပြေးသမားမောင်ဇိ
---------------------------------
ဒီတစ်ခါ မောင်ဇိနဲ့ပေါင်းတဲ့သူတွေက အပတ်စဉ်အပြေးကျင့်နေပြီး မာရသွန်ပြေးပွဲတွေမှာ ဝင်ဝင်ပြေးတတ်တဲ့သူတွေ။
သူတို့ရဲ့ အတင်းဆွဲဆောင်စည်းရုံးမှုကြောင့် ပုံမှန်ဆို ၁၀ မိနစ်လောက်ပြေးပြီးရင် ဖတ်ဖတ်မောနေတတ်တဲ့မောင်ဇိတစ်ယောက် ၁၀ကီလိုမီတာပြေးပွဲဝင်ဖို့ စာရင်းပေးဖြစ်သွားတယ်။
နှစ်လလောက်သူတို့နဲ့ အပြေးကျင့်ပြီးတဲ့နောက် ၁၀ကီလိုမီတာပန်းတိုင်ကို မသေမပျောက်ရောက်နိုင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလေးရလာရှာတဲ့ မောင်ဇိ။
ပြေးရမယ့်နေ့မှာ တာထွက်ကိုသွားမယ့် ဘတ်စ်ကားက မနက် ၅ နာရီထွက်မယ်ဆိုတော့ နာရီကို မနက် ၄နာရီခွဲ နှိုးစက်ပေး၊ စိတ်ချလက်ချနဲ့ အားရပါးရအိပ်လိုက်တာ မနက် ၅နာရီခွဲမှ ဒုတ်ဒုတ်ထိနိုးတော့တယ်။
ဟိုက်...သွားပဟ၊ ဘတ်စ်ကားတော့လွတ်ပြီး ဆိုပြီး ကမန်းကတန်းထ၊ ရေချိုး၊ စွပ်ကျယ်လေးနဲ့ ဘောင်းဘီတိုလေး ကောက်စွပ်၊ တက္ကစီခေါ်ပြီး တာထွက်ကို ဒရောသောပါးပြေးရတယ်။
မောင်ဇိဘော်ဒါတွေက ၂၁ ကီလိုမီတာပြေးကြတာဆိုတော့ မနက် ၄ နာရီခွဲကတည်းက အစောကြီး တာထွက်သွားကြပြီ။
တစ်ခါမှ မပြေးဘူးတဲ့မောင်ဇိ၊ တစ်ယောက်ထဲ မျက်လုံးလေး ကလယ်ကလယ်နဲ့ သူများတွေလုပ်တာလိုက်ကြည့်၊ နံပါတ်ပြားလေးရင်ဘတ်မှာ လိုက်ကပ်၊ ဖိနပ်မှာ အချိန်မှတ်တဲ့ ကပ်ပြားလေးချည်ပြီး ယောင်ပေယောင်ပေနဲ့ တာထွက်ဆိုတဲ့နေရာက လူအုပ်ထဲကို သွားရပ်နေလိုက်တယ်။
အမယ်....အစီအစဉ်ကြေငြာသူတွေကလဲ မနက်မလင်းတလင်းလေးမှာ မိုက်တစ်လုံးနဲ့ ဟိုလိုလေး အကြောလျော့၊ ဒီလိုလေး အကြောလျော့နဲ့ ပြေးမယ့်လူအုပ်ကို စင်ပေါ်ကနေ ဆရာတက်နေသေးတာ။
ခဏနေပြေးမယ်ဆိုပြီး ၁၀ ကနေ ၁ ထိပြောင်းပြန်ရေလိုက်၊ တော်ကြာနေကျတော့ နေပါဦးဆိုပြီး လူအုပ်ရဲ့ရှေ့ဆုံးတန်းကလူတွေအင်တာဗျူးလုပ်လိုက်နဲ့ တော်တော်နဲ့ တာ မလွှတ်။
မောင်ဇိကတော့ တဖြည်းဖြည်းများလာတဲ့ လူအုပ်ရဲ့ ရှေ ့နားလေးမှာနေရာရအောင် မစ္စတာဘင်းရုပ်ရှင်ထဲက စတိုင်နဲ့ လစ်ရင်လစ်သလိုတိုးသွားပြီး သွေးပူခုန်ဆွ၊ ခုန်ဆွလုပ်နေလိုက်တယ်။
မောင်ဇိတို့က ဒုတိယ အသုတ်။
တာထွက်သွားတဲ့ ပထမအသုတ်နဲ့ ဝေးအောင် အချိန်စောင့်နေတာ။
အချိန်ဆွဲရင်း အစီအစဉ်ကြေငြာသူက လူအုပ်ကိုထိန်းဖို့ တောင်ပြောမြောက်ပြောပြော။
မောင်ဇိက ပထမဆုံးပြေးတာဆိုတော့ ဘေးကပြေးမယ့်သူတွေကို အကဲခတ်ရတာပေါ့။
ကိုယ့်လို ပျော့စိစိကောင် ဘယ်နှစ်ကောင်ပါလဲ၊
အကုန်လုံးက တကယ့်အပြေးသမားတွေလား။
သူတို့တွေရော ဘယ်လိုတွေပြင်ဆင်ထားကြလဲ စသည်ဖြင့်။
လူကတော့ အစုံပဲ။
လူဖြူတွေရော၊ လူမည်းတွေရော၊ အာရှတိုက်သား ဖြူဖြူ၊ ညိုညို၊ ဝါဝါ၊ နက်နက်တွေရော ပိန်ပိန်၊ ဝဝ၊ ပုပု၊ မြင့်မြင့် စုံလို့။
ကလေးတွေတော့ မပါဘူး။
အသက်တွေကလည်း ဆယ်ကျော်သက်အရွယ်ကနေ ၆၀ ကျော်တွေထိစုံပလုံစိလို့။
မောင်ဇိရှေ့က လူရဲ့ခါးနောက်မှာ ရေဘူးအသေးလေးနှစ်ဘူးချိတ်ထားတယ်။
နောက်တစ်ယောက်ကတော့ ကျောပိုးအိတ်ထဲကနေ ပိုက်တစ်ချောင်းထုတ်ပြီး ရင်ဘတ်နားမှာချထားတယ်။
တစ်ကိုယ်လုံး အလုံဝတ်ပြီး ပြေးတဲ့သူလဲရှိတာပဲ။
ကောင်မလေးတစ်ယောက်က ဂျင်းကျောပိုးအိတ်အသေးလေးလွယ်လို့။
ဖြူဖတ် ဖြူရော်နဲ့ ပိုးဟပ်ဖြူလို ဟာလေးတွေတောင် ပါသေး။
ဒင်းတို့တောင်ပြေးသေးတာ၊ သူတို့နဲ့စာရင် ငါက အများကြီး ကြံ့ခိုင်ပုံပေါက်သေးဆိုပြီး ကြိတ်တောင် အားတက်ရသေးတာ။
ဟော.....၅...၄...၃...၂...၁...တာထွက်ပြီ။
မနက်ခင်း မလင်းတလင်း ၆ နာရီကျော်လောက်လေးမှာ လူအုပ်ကြီးနဲ့ အေးအေးချမ်းချမ်းပြေးနေသောမောင်ဇိ။
အစပိုင်းမှာ လူအုပ်က ကျပ်ညပ်နေပေမယ့် ကျန်ခဲ့သူ၊ မြန်မြန်ပြေးသူတွေကြောင့် လမ်းမကြီးကတဖြည်းဖြည်းချောင်လာတယ်။
ပိုးဟပ်ဖြူတို့ကို ကျော်တက်ခဲ့ပြီး မာန်တက်နေတဲ့မောင်ဇိ၊ လူအုပ်ကြီးပြေးတဲ့နောက်မှန်မှန်လေးလိုက်ပြေး၊ နောက်ထပ်ကျော်တက်ရမယ၊့် လွယ်ပုံရမယ့်ပစ်မှတ်လိုက်ရှာ။
ဟော....တွေ့ပါပြီ။
ရှေ့မှာ လှုပ်စိလှုပ်စိနဲ့ ပြေးနေတဲ့ ဂေါ်ဇီလာ။
မလှမ်းမကမ်းကနေလိုက်သာပြေးနေရတယ်၊ ဂေါ်ဇီလာက အရှိန်မကျ။
ဆက်ပြေး၊ ဆက်ပြေးနဲ့ တော်တော်ကြီးကြာတော့ ဂေါ်ဇီလာအရှိန်နှေးပြီး ကျန်ခဲ့တယ်။
မောင်ဇိမှာလဲ ချွေးတွေကို သီးလို့။
ဘေးမှာ အိမ်မြှောင်ဖြူ၊ ဟိုဘက်မှာ အိပဲ့၊ ခပ်လှမ်းလှမ်းမှာ ကားယား။
ကြည့်ရတာ မောင်ဇိလောက်တောင် အဖြစ်ရှိပုံ မရတဲ့ဟာတွေ။
အချိန်ကြာလာတော့ အိမ်မြှောင်ဖြူကိုမတွေ့တော့၊ ဟိုးရှေ့အဝေးကြီးကိုရောက်သွားပြီ။
မောင်ဇိတစ်ယောက်ပဲ နှေးကျန်ခဲ့။
ခြေလှမ်းတွေနှေးလာပေမယ့် ကိစ္စမရှိ အန်တီကြီးတွေရှိသေးတယ်။
သူတို့ကိုတော့ မရှုံးနိုင်။
သိပ်မကြာ၊ အန်တီကြီးတွေကိုလဲ မတွေ့တော့။ ရှေ့ရောက်ကုန်ကြပြီ။
ပြေးလမ်း လေးပုံတစ်ပုံကျိုးတော့ အားဖြည့်အချိုရည် ခွက်တွေကမ်းနေတာတွေ့တာနဲ့ မောမောနဲ့ပြေးဝင်သောက်၊
ပတ်ဝန်းကျင်က တံတားတွေ၊ ပန်းခြံတွေ၊ မြို့လယ်ကောင် အထိမ်းအမှတ်အဆောက်အဦးတွေငေးရင်း ပြေးလိုက်၊ လျှောက်လိုက်....လျှောက်လိုက်၊ ပြေးလိုက်။
တံတားတွေကူးလိုက်....အအေးဝင်သောက်လိုက်နဲ့ ခရီးကတော်တော်ရောက်လာ၊ လူကလဲ အတော်ပြိုင်း။
နေလေးကလည်း နည်းနည်းထွက်လာတော့ အပူချိန်ကလဲ ပိုမြင့်လာ။
ပြေးလိုက်၊ လျှောက်လိုက်.....လျှောက်လိုက်....လျှောက်လိုက်...လျှောက်လိုက်နဲ့ လျှာအလျားလိုက်ထွက်ချိန်မှာ ပိုးဟပ်ဖြူတို့အဖွဲ့ မောင်ဇိကိုပြန်ကျော်သွားကြ။
၈ ကီလိုမီတာရှိပြီဆိုတဲ့ ဆိုင်းဘုတ်ကိုမြင်တော့ တစ်ခါအားတက်ပြီး ပြန်ပြေး။
လူသွားလမ်းတွေ၊ ကားလမ်းတွေ၊ မြစ်ဘေး၊ ပန်းခြံထဲ အကုန်ဖြတ်ပြေး။
မောင်ဇိကို ဘေးကနေ ကျော်တက်သွားတဲ့ ပိစိကိုမြင်တော့ မခံချင်စိတ်နဲ့ ဒရွတ်ဆွဲပြီး ဆက်ပြေး။
အဒေါ်ကြီးတွေကလဲ မောင်ဇိကိုကျော်မယ်တကဲကဲဆိုတော့ မရပ်ရဲ၊ ပြေး။
ဒီလိုနဲ့....ပြေးလမ်းကိုခွထားတဲ့ Finishing ဆိုင်းဘုတ်ကြီးကို မြင်တော့မှ မောင်ဇိလဲ လှုပ်စိ၊ လှုပ်စိပြေးနေရာကနေ အားတင်းပြီးဆက်ပြေးလိုက်တာ လိမ်ဖယ်၊ လိမ်ဖယ်နဲ့ ပန်းဝင်သွားပါတော့တယ်။
တစ်သက်မှာ တစ်ခါ၊ မလုပ်စဖူး၊ အပင်ပန်းခံ ပြေးပွဲဝင်တဲ့ မောင်ဇိ၊ ၁နာရီခွဲလောက် ပြေးလိုက်၊ လမ်းလျှောက်လိုက်လုပ်ပြီးချိန်မှာတော့၊ ပွဲပြီးအောင်ပြေးတဲ့သူတိုင်းကိုပေးတဲ့ ၁၀ ကီလိုမီတာ တံဆိပ်လေးတစ်ခုတော့ အဖတ်တင်သွားလေရဲ့။ ။
မောင်ဇိ ( 08/04/19)
=======================================================================
Zawgyi
အေျပးသမားေမာင္ဇိ
---------------------------------
ဒီတစ္ခါ ေမာင္ဇိနဲ႔ေပါင္းတဲ့သူေတြက အပတ္စဥ္အေျပးက်င့္ေနၿပီး မာရသြန္ေျပးပြဲေတြမွာ ဝင္ဝင္ေျပးတတ္တဲ့သူေတြ။
သူတို႔ရဲ႕ အတင္းဆြဲေဆာင္စည္း႐ုံးမႈေၾကာင့္ ပုံမွန္ဆို ၁၀ မိနစ္ေလာက္ေျပးၿပီးရင္ ဖတ္ဖတ္ေမာေနတတ္တဲ့ေမာင္ဇိတစ္ေယာက္ ၁၀ကီလိုမီတာေျပးပြဲဝင္ဖို႔ စာရင္းေပးျဖစ္သြားတယ္။
ႏွစ္လေလာက္သူတို႔နဲ႔ အေျပးက်င့္ၿပီးတဲ့ေနာက္ ၁၀ကီလိုမီတာပန္းတိုင္ကို မေသမေပ်ာက္ေရာက္ႏိုင္မယ္လို႔ ကိုယ့္ကိုယ္ကို ယုံၾကည္မႈေလးရလာရွာတဲ့ ေမာင္ဇိ။
ေျပးရမယ့္ေန႔မွာ တာထြက္ကိုသြားမယ့္ ဘတ္စ္ကားက မနက္ ၅ နာရီထြက္မယ္ဆိုေတာ့ နာရီကို မနက္ ၄နာရီခြဲ ႏႈိးစက္ေပး၊ စိတ္ခ်လက္ခ်နဲ႔ အားရပါးရအိပ္လိုက္တာ မနက္ ၅နာရီခြဲမွ ဒုတ္ဒုတ္ထိႏိုးေတာ့တယ္။
ဟိုက္...သြားပဟ၊ ဘတ္စ္ကားေတာ့လြတ္ၿပီး ဆိုၿပီး ကမန္းကတန္းထ၊ ေရခ်ိဳး၊ စြပ္က်ယ္ေလးနဲ႔ ေဘာင္းဘီတိုေလး ေကာက္စြပ္၊ တကၠစီေခၚၿပီး တာထြက္ကို ဒေရာေသာပါးေျပးရတယ္။
ေမာင္ဇိေဘာ္ဒါေတြက ၂၁ ကီလိုမီတာေျပးၾကတာဆိုေတာ့ မနက္ ၄ နာရီခြဲကတည္းက အေစာႀကီး တာထြက္သြားၾကၿပီ။
တစ္ခါမွ မေျပးဘူးတဲ့ေမာင္ဇိ၊ တစ္ေယာက္ထဲ မ်က္လုံးေလး ကလယ္ကလယ္နဲ႔ သူမ်ားေတြလုပ္တာလိုက္ၾကည့္၊ နံပါတ္ျပားေလးရင္ဘတ္မွာ လိုက္ကပ္၊ ဖိနပ္မွာ အခ်ိန္မွတ္တဲ့ ကပ္ျပားေလးခ်ည္ၿပီး ေယာင္ေပေယာင္ေပနဲ႔ တာထြက္ဆိုတဲ့ေနရာက လူအုပ္ထဲကို သြားရပ္ေနလိုက္တယ္။
အမယ္....အစီအစဥ္ေၾကျငာသူေတြကလဲ မနက္မလင္းတလင္းေလးမွာ မိုက္တစ္လုံးနဲ႔ ဟိုလိုေလး အေၾကာေလ်ာ့၊ ဒီလိုေလး အေၾကာေလ်ာ့နဲ႔ ေျပးမယ့္လူအုပ္ကို စင္ေပၚကေန ဆရာတက္ေနေသးတာ။
ခဏေနေျပးမယ္ဆိုၿပီး ၁၀ ကေန ၁ ထိေျပာင္းျပန္ေရလိုက္၊ ေတာ္ၾကာေနက်ေတာ့ ေနပါဦးဆိုၿပီး လူအုပ္ရဲ႕ေရွ႕ဆုံးတန္းကလူေတြအင္တာဗ်ဴးလုပ္လိုက္နဲ႔ ေတာ္ေတာ္နဲ႔ တာ မလႊတ္။
ေမာင္ဇိကေတာ့ တျဖည္းျဖည္းမ်ားလာတဲ့ လူအုပ္ရဲ႕ ေရွ ့နားေလးမွာေနရာရေအာင္ မစၥတာဘင္း႐ုပ္ရွင္ထဲက စတိုင္နဲ႔ လစ္ရင္လစ္သလိုတိုးသြားၿပီး ေသြးပူခုန္ဆြ၊ ခုန္ဆြလုပ္ေနလိုက္တယ္။
ေမာင္ဇိတို႔က ဒုတိယ အသုတ္။
တာထြက္သြားတဲ့ ပထမအသုတ္နဲ႔ ေဝးေအာင္ အခ်ိန္ေစာင့္ေနတာ။
အခ်ိန္ဆြဲရင္း အစီအစဥ္ေၾကျငာသူက လူအုပ္ကိုထိန္းဖို႔ ေတာင္ေျပာေျမာက္ေျပာေျပာ။
ေမာင္ဇိက ပထမဆုံးေျပးတာဆိုေတာ့ ေဘးကေျပးမယ့္သူေတြကို အကဲခတ္ရတာေပါ့။
ကိုယ့္လို ေပ်ာ့စိစိေကာင္ ဘယ္ႏွစ္ေကာင္ပါလဲ၊
အကုန္လုံးက တကယ့္အေျပးသမားေတြလား။
သူတို႔ေတြေရာ ဘယ္လိုေတြျပင္ဆင္ထားၾကလဲ စသည္ျဖင့္။
လူကေတာ့ အစုံပဲ။
လူျဖဴေတြေရာ၊ လူမည္းေတြေရာ၊ အာရွတိုက္သား ျဖဴျဖဴ၊ ညိဳညိဳ၊ ဝါဝါ၊ နက္နက္ေတြေရာ ပိန္ပိန္၊ ဝဝ၊ ပုပု၊ ျမင့္ျမင့္ စုံလို႔။
ကေလးေတြေတာ့ မပါဘူး။
အသက္ေတြကလည္း ဆယ္ေက်ာ္သက္အ႐ြယ္ကေန ၆၀ ေက်ာ္ေတြထိစုံပလုံစိလို႔။
ေမာင္ဇိေရွ႕က လူရဲ႕ခါးေနာက္မွာ ေရဘူးအေသးေလးႏွစ္ဘူးခ်ိတ္ထားတယ္။
ေနာက္တစ္ေယာက္ကေတာ့ ေက်ာပိုးအိတ္ထဲကေန ပိုက္တစ္ေခ်ာင္းထုတ္ၿပီး ရင္ဘတ္နားမွာခ်ထားတယ္။
တစ္ကိုယ္လုံး အလုံဝတ္ၿပီး ေျပးတဲ့သူလဲရွိတာပဲ။
ေကာင္မေလးတစ္ေယာက္က ဂ်င္းေက်ာပိုးအိတ္အေသးေလးလြယ္လို႔။
ျဖဴဖတ္ ျဖဴေရာ္နဲ႔ ပိုးဟပ္ျဖဴလို ဟာေလးေတြေတာင္ ပါေသး။
ဒင္းတို႔ေတာင္ေျပးေသးတာ၊ သူတို႔နဲ႔စာရင္ ငါက အမ်ားႀကီး ႀကံ့ခိုင္ပုံေပါက္ေသးဆိုၿပီး ႀကိတ္ေတာင္ အားတက္ရေသးတာ။
ေဟာ.....၅...၄...၃...၂...၁...တာထြက္ၿပီ။
မနက္ခင္း မလင္းတလင္း ၆ နာရီေက်ာ္ေလာက္ေလးမွာ လူအုပ္ႀကီးနဲ႔ ေအးေအးခ်မ္းခ်မ္းေျပးေနေသာေမာင္ဇိ။
အစပိုင္းမွာ လူအုပ္က က်ပ္ညပ္ေနေပမယ့္ က်န္ခဲ့သူ၊ ျမန္ျမန္ေျပးသူေတြေၾကာင့္ လမ္းမႀကီးကတျဖည္းျဖည္းေခ်ာင္လာတယ္။
ပိုးဟပ္ျဖဴတို႔ကို ေက်ာ္တက္ခဲ့ၿပီး မာန္တက္ေနတဲ့ေမာင္ဇိ၊ လူအုပ္ႀကီးေျပးတဲ့ေနာက္မွန္မွန္ေလးလိုက္ေျပး၊ ေနာက္ထပ္ေက်ာ္တက္ရမယ၊့္ လြယ္ပုံရမယ့္ပစ္မွတ္လိုက္ရွာ။
ေဟာ....ေတြ႕ပါၿပီ။
ေရွ႕မွာ လႈပ္စိလႈပ္စိနဲ႔ ေျပးေနတဲ့ ေဂၚဇီလာ။
မလွမ္းမကမ္းကေနလိုက္သာေျပးေနရတယ္၊ ေဂၚဇီလာက အရွိန္မက်။
ဆက္ေျပး၊ ဆက္ေျပးနဲ႔ ေတာ္ေတာ္ႀကီးၾကာေတာ့ ေဂၚဇီလာအရွိန္ေႏွးၿပီး က်န္ခဲ့တယ္။
ေမာင္ဇိမွာလဲ ေခြၽးေတြကို သီးလို႔။
ေဘးမွာ အိမ္ေျမႇာင္ျဖဴ၊ ဟိုဘက္မွာ အိပဲ့၊ ခပ္လွမ္းလွမ္းမွာ ကားယား။
ၾကည့္ရတာ ေမာင္ဇိေလာက္ေတာင္ အျဖစ္ရွိပုံ မရတဲ့ဟာေတြ။
အခ်ိန္ၾကာလာေတာ့ အိမ္ေျမႇာင္ျဖဴကိုမေတြ႕ေတာ့၊ ဟိုးေရွ႕အေဝးႀကီးကိုေရာက္သြားၿပီ။
ေမာင္ဇိတစ္ေယာက္ပဲ ေႏွးက်န္ခဲ့။
ေျခလွမ္းေတြေႏွးလာေပမယ့္ ကိစၥမရွိ အန္တီႀကီးေတြရွိေသးတယ္။
သူတို႔ကိုေတာ့ မရႈံးႏိုင္။
သိပ္မၾကာ၊ အန္တီႀကီးေတြကိုလဲ မေတြ႕ေတာ့။ ေရွ႕ေရာက္ကုန္ၾကၿပီ။
ေျပးလမ္း ေလးပုံတစ္ပုံက်ိဳးေတာ့ အားျဖည့္အခ်ိဳရည္ ခြက္ေတြကမ္းေနတာေတြ႕တာနဲ႔ ေမာေမာနဲ႔ေျပးဝင္ေသာက္၊
ပတ္ဝန္းက်င္က တံတားေတြ၊ ပန္းၿခံေတြ၊ ၿမိဳ႕လယ္ေကာင္ အထိမ္းအမွတ္အေဆာက္အဦးေတြေငးရင္း ေျပးလိုက္၊ ေလွ်ာက္လိုက္....ေလွ်ာက္လိုက္၊ ေျပးလိုက္။
တံတားေတြကူးလိုက္....အေအးဝင္ေသာက္လိုက္နဲ႔ ခရီးကေတာ္ေတာ္ေရာက္လာ၊ လူကလဲ အေတာ္ၿပိဳင္း။
ေနေလးကလည္း နည္းနည္းထြက္လာေတာ့ အပူခ်ိန္ကလဲ ပိုျမင့္လာ။
ေျပးလိုက္၊ ေလွ်ာက္လိုက္.....ေလွ်ာက္လိုက္....ေလွ်ာက္လိုက္...ေလွ်ာက္လိုက္နဲ႔ လွ်ာအလ်ားလိုက္ထြက္ခ်ိန္မွာ ပိုးဟပ္ျဖဴတို႔အဖြဲ႕ ေမာင္ဇိကိုျပန္ေက်ာ္သြားၾက။
၈ ကီလိုမီတာရွိၿပီဆိုတဲ့ ဆိုင္းဘုတ္ကိုျမင္ေတာ့ တစ္ခါအားတက္ၿပီး ျပန္ေျပး။
လူသြားလမ္းေတြ၊ ကားလမ္းေတြ၊ ျမစ္ေဘး၊ ပန္းၿခံထဲ အကုန္ျဖတ္ေျပး။
ေမာင္ဇိကို ေဘးကေန ေက်ာ္တက္သြားတဲ့ ပိစိကိုျမင္ေတာ့ မခံခ်င္စိတ္နဲ႔ ဒ႐ြတ္ဆြဲၿပီး ဆက္ေျပး။
အေဒၚႀကီးေတြကလဲ ေမာင္ဇိကိုေက်ာ္မယ္တကဲကဲဆိုေတာ့ မရပ္ရဲ၊ ေျပး။
ဒီလိုနဲ႔....ေျပးလမ္းကိုခြထားတဲ့ Finishing ဆိုင္းဘုတ္ႀကီးကို ျမင္ေတာ့မွ ေမာင္ဇိလဲ လႈပ္စိ၊ လႈပ္စိေျပးေနရာကေန အားတင္းၿပီးဆက္ေျပးလိုက္တာ လိမ္ဖယ္၊ လိမ္ဖယ္နဲ႔ ပန္းဝင္သြားပါေတာ့တယ္။
တစ္သက္မွာ တစ္ခါ၊ မလုပ္စဖူး၊ အပင္ပန္းခံ ေျပးပြဲဝင္တဲ့ ေမာင္ဇိ၊ ၁နာရီခြဲေလာက္ ေျပးလိုက္၊ လမ္းေလွ်ာက္လိုက္လုပ္ၿပီးခ်ိန္မွာေတာ့၊ ပြဲၿပီးေအာင္ေျပးတဲ့သူတိုင္းကိုေပးတဲ့ ၁၀ ကီလိုမီတာ တံဆိပ္ေလးတစ္ခုေတာ့ အဖတ္တင္သြားေလရဲ႕။ ။
ေမာင္ဇိ ( 08/04/19)

No comments:
Post a Comment