Saturday, July 4, 2020

မောင်ဇိ၏ ညသန်းခေါင်စွန့်စားခန်းကြီး


မောင်ဇိ၏ ညသန်းခေါင်စွန့်စားခန်းကြီး
---------------------------------------------------------

ကျောင်းကပေးတဲ့ assignment လေးတစ်ခုလုပ်နေတာပြီးလို့ အိမ်ပြန်မယ်ဆိုတော့ ညတစ်နာရီထိုးပြီ။ မောင်ဇိရောက်နေတာက ကိုလိုနီခေတ်ကဆောက်ထားတဲ့ရှေးဟောင်းအင်္ဂလိပ်အဆောက်အဦးကြီးရဲ့ မြေအောက်ခန်းတစ်ခုမှာ။
ကိုယ့်အာရုံနဲ့ကိုယ် စာလုပ်နေတုန်းက မသိပေမယ့် ပြန်မယ်ဆိုတော့မှ မြေအောက်ခန်းကြီးတစ်ခုလုံးက ခြောက်ခြားစရာ တိတ်ဆိတ်လို့။
မောင်ဇိတို့ကျောင်းရဲ ့ စာသင်ခန်းတစ်ချို ့က ဒီအဆောက်အဦးကြီးရဲ ့မြေတိုက်ခန်းမှာ။
အဲဒီ မြေတိုက်ခန်းတွေထဲကစာသင်ခန်းတစ်ခုမှာ အခန်းအားနေတုန်း တစ်ယောက်ထဲ စာလုပ်ရင်းကျန်ခဲ့တဲ့မောင်ဇိ။

မြေတိုက်ခန်းစင်္ကြံလမ်းလေးထဲကို ကျီးကြည့် ကြောင်ကြည့် ကြည့်၊ သုတ်သုတ် သုတ်သုတ်နဲ့ဖြတ်လျှောက်ပြီး မြေညီထပ်ကိုတက်တဲ့ လှေခါးမှောင်မှောင်လေးတွေအတိုင်း အပေါ်ကိုတက်ရတယ်။
မြေညီထပ်ကိုရောက်လာတော့လဲ ခွေးတစ်ကောင်၊ ကြောင်တစ်မြီးမှမတွေ့။
မောင်ဇိရဲ ့ဖိနပ်သံ တစ်ဒေါက်ဒေါက်ပဲ အခန်းတွေထဲမှာ ဟိန်းထွက်နေတယ်။
လူသွားလမ်းတစ်လျှောက်မှာလဲ အစဉ်အဆက် ကျောင်းအုပ်လုပ်ခဲ့တဲ့သူတွေရဲ ့ ကိုယ်တစ်ပိုင်းပုံ ရှေးဟောင်းပန်းချီကားကြီးတွေက လူ့အရွယ်အစားအတိုင်းအပြည့်။ မောင်ဇိကို လိုက်ကြည့်နေကြသလို ခံစားရလို့ သတ္တိခဲမောင်ဇိမှာ အင်မတန်အေးတဲ့ရာသီကြီးမှာတောင် ဇောချွေးတွေတောင်ပြန်လို့။ ဒီအဆောက်အဦးနဲ့ တစ်ခုကျော် ကျောင်းစာကြည့်တိုက်ရဲ ့ဟိုဘက်မှာလဲ လွန်ခဲ့တဲ့နှစ် ၂၀၀ လောက်ကထဲကကျန်ခဲ့တဲ့ ဂျူသချင်္ူိင်းလေးတစ်ခုကရှိသေးတယ်။
ဒီလိုအချိန်မျိုးမှာ တွေးကြည့်ရင်ကျောချမ်းစရာ။
အရေးထဲ အဆောက်အဦးထဲမှာမျက်စိလည်ပြီး ထွက်ပေါက်ကိုလဲ ရှာမတွေ့။
တောင်ပြေး၊ မြောက်ပြေးနဲ့ နှစ်ပတ်သုံးပတ်ပတ်ပြီး တံခါးတွေတစ်ခုပြီးတစ်ခု ဝင်ကြည့်မှပဲ ထွက်ပေါက်ကိုသွားတဲ့ တံခါးကိုတွေ့တော့တယ်။

ဝမ်းသာလို့တောင်မဆုံးသေး။
အပြင်ကိုထွက်တဲ့တံခါးမကြီးက သော့ခတ်ထားလျက်။
မောင်ဇိမှာ ရင်တစ်ဖိုဖိုနဲ့ တံခါးကို ဆွဲလိုက်၊ တွန်းလိုက်လုပ်လဲ တံခါးက တုပ်တုပ်မှမလှူပ်။ နောက်ထပ်ထွက်ပေါက်တစ်ခုကိုထပ်ရှာဖို့ဆိုရင်လဲ အဆောက်အဦးထဲကိုပြန်ဝင်ရမှာဆိုတော့ သိပ်သတ္တိကောင်းတဲ့ မောင်ဇိတို့ကပြန်ဝင်ဖို့တော့မစဉ်းစား။
ဟော...တွေ့ပါပြီ။
တံခါးဘေးက နံရံပေါ်မှာ 'press for emergency exit' လို့အင်္ဂလိပ်လိုရေးထားတဲ့ 'အရေးပေါ်ထွက်ရန်နှိပ်' ဆိုတဲ့ အဖြူရောင်လေးထောင့်ခလုပ်လေး။
တစ်ယောက်ထဲ အရေးပေါ်နေတဲ့မောင်ဇိလဲ လာလေရော့ဆိုပြီး ခလုပ်လေးကိုနှိပ်လိုက်တာ ခွပ် ဆို ခလုပ်အပြားလေးကအလယ်ကနေကျိုးဝင်သွားပြီး၊ တံခါးက electromagnet (လျှပ်စစ်သံလိုက်) သော့ကလဲ ဒုတ်ဆိုပွင့်သွားတယ်။
ခလုပ်ကျိုးသွားတော့ လန့်သွားတဲ့မောင်ဇိ ဘယ်သူများမြင်သွားသေးလဲဆိုပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ ဆန့်ကျင်ဖက်နံရံပေါ်မှာ CCTV ကင်မရာပြူးပြူးကြီး၊ မောင်ဇိနေရာတည့်တည့်ကိုချိန်လို့။
မောင်ဇိလဲ hoodie ခေါင်းစွပ်လေးကို ခေါင်းပေါ်ဆွဲတင် သော့ပွင့်သွားတဲ့တံခါးကနေ ခပ်တည်တည်နဲ့ ခပ်မြန်မြန်လေးပြေးထွက်၊ အပြင်ရောက်လို့ ကြက်သီးဖြန်းခနဲထလောက်အောင်တိုက်လာတဲ့ အေးစက်စက်လေကို အားရပါးရရှူလိုက်ပြီး အိမ်ရောက်တဲ့ထိသုတ်ချေတင်တာပေါ့။

နောက်နေ့ကစပြီးကျောင်းရောက်လို့ အဲဒီတံခါးနားကဖြတ်ရင်မျက်နှာလေးကိုကွယ်ကွယ်ပြီးသွားရတာ ကျောင်းပြီးတဲ့အထိပါပဲ။

မောင်ဇိ ( ဖေဖော်ဝါရီ ၂၅၊၂၀၁၉)
____________________
Zawgyi
   ေမာင္ဇိ၏ ညသန္းေခါင္စြန႔္စားခန္းႀကီး
---------------------------------------------------------

ေက်ာင္းကေပးတဲ့ assignment ေလးတစ္ခုလုပ္ေနတာၿပီးလို႔ အိမ္ျပန္မယ္ဆိုေတာ့ ညတစ္နာရီထိုးၿပီ။ ေမာင္ဇိေရာက္ေနတာက ကိုလိုနီေခတ္ကေဆာက္ထားတဲ့ေရွးေဟာင္းအဂၤလိပ္အေဆာက္အဦးႀကီးရဲ႕ ေျမေအာက္ခန္းတစ္ခုမွာ။
ကိုယ့္အာ႐ုံနဲ႔ကိုယ္ စာလုပ္ေနတုန္းက မသိေပမယ့္ ျပန္မယ္ဆိုေတာ့မွ ေျမေအာက္ခန္းႀကီးတစ္ခုလုံးက ေျခာက္ျခားစရာ တိတ္ဆိတ္လို႔။
 ေမာင္ဇိတို႔ေက်ာင္းရဲ ့ စာသင္ခန္းတစ္ခ်ိဳ ့က ဒီအေဆာက္အဦးႀကီးရဲ ့ေျမတိုက္ခန္းမွာ။
 အဲဒီ ေျမတိုက္ခန္းေတြထဲကစာသင္ခန္းတစ္ခုမွာ အခန္းအားေနတုန္း တစ္ေယာက္ထဲ စာလုပ္ရင္းက်န္ခဲ့တဲ့ေမာင္ဇိ။

ေျမတိုက္ခန္းစႀကႍလမ္းေလးထဲကို က်ီးၾကည့္ ေၾကာင္ၾကည့္ ၾကည့္၊ သုတ္သုတ္ သုတ္သုတ္နဲ႔ျဖတ္ေလွ်ာက္ၿပီး ေျမညီထပ္ကိုတက္တဲ့ ေလွခါးေမွာင္ေမွာင္ေလးေတြအတိုင္း အေပၚကိုတက္ရတယ္။
ေျမညီထပ္ကိုေရာက္လာေတာ့လဲ ေခြးတစ္ေကာင္၊ ေၾကာင္တစ္ၿမီးမွမေတြ႕။
ေမာင္ဇိရဲ ့ဖိနပ္သံ တစ္ေဒါက္ေဒါက္ပဲ အခန္းေတြထဲမွာ ဟိန္းထြက္ေနတယ္။
လူသြားလမ္းတစ္ေလွ်ာက္မွာလဲ အစဥ္အဆက္ ေက်ာင္းအုပ္လုပ္ခဲ့တဲ့သူေတြရဲ ့ ကိုယ္တစ္ပိုင္းပုံ ေရွးေဟာင္းပန္းခ်ီကားႀကီးေတြက လူ႔အ႐ြယ္အစားအတိုင္းအျပည့္။ ေမာင္ဇိကို လိုက္ၾကည့္ေနၾကသလို ခံစားရလို႔ သတၱိခဲေမာင္ဇိမွာ အင္မတန္ေအးတဲ့ရာသီႀကီးမွာေတာင္ ေဇာေခြၽးေတြေတာင္ျပန္လို႔။ ဒီအေဆာက္အဦးနဲ႔ တစ္ခုေက်ာ္ ေက်ာင္းစာၾကည့္တိုက္ရဲ ့ဟိုဘက္မွာလဲ လြန္ခဲ့တဲ့ႏွစ္ ၂၀၀ ေလာက္ကထဲကက်န္ခဲ့တဲ့ ဂ်ဴသခ်ၤူိင္းေလးတစ္ခုကရွိေသးတယ္။
ဒီလိုအခ်ိန္မ်ိဳးမွာ ေတြးၾကည့္ရင္ေက်ာခ်မ္းစရာ။
အေရးထဲ အေဆာက္အဦးထဲမွာမ်က္စိလည္ၿပီး ထြက္ေပါက္ကိုလဲ ရွာမေတြ႕။
ေတာင္ေျပး၊ ေျမာက္ေျပးနဲ႔ ႏွစ္ပတ္သုံးပတ္ပတ္ၿပီး တံခါးေတြတစ္ခုၿပီးတစ္ခု ဝင္ၾကည့္မွပဲ ထြက္ေပါက္ကိုသြားတဲ့ တံခါးကိုေတြ႕ေတာ့တယ္။

ဝမ္းသာလို႔ေတာင္မဆုံးေသး။
အျပင္ကိုထြက္တဲ့တံခါးမႀကီးက ေသာ့ခတ္ထားလ်က္။
ေမာင္ဇိမွာ ရင္တစ္ဖိုဖိုနဲ႔ တံခါးကို ဆြဲလိုက္၊ တြန္းလိုက္လုပ္လဲ တံခါးက တုပ္တုပ္မွမလႉပ္။ ေနာက္ထပ္ထြက္ေပါက္တစ္ခုကိုထပ္ရွာဖို႔ဆိုရင္လဲ အေဆာက္အဦးထဲကိုျပန္ဝင္ရမွာဆိုေတာ့ သိပ္သတၱိေကာင္းတဲ့ ေမာင္ဇိတို႔ကျပန္ဝင္ဖို႔ေတာ့မစဥ္းစား။
 ေဟာ...ေတြ႕ပါၿပီ။
တံခါးေဘးက နံရံေပၚမွာ 'press for emergency exit' လို႔အဂၤလိပ္လိုေရးထားတဲ့ 'အေရးေပၚထြက္ရန္ႏွိပ္' ဆိုတဲ့ အျဖဴေရာင္ေလးေထာင့္ခလုပ္ေလး။
 တစ္ေယာက္ထဲ အေရးေပၚေနတဲ့ေမာင္ဇိလဲ လာေလေရာ့ဆိုၿပီး ခလုပ္ေလးကိုႏွိပ္လိုက္တာ ခြပ္ ဆို ခလုပ္အျပားေလးကအလယ္ကေနက်ိဳးဝင္သြားၿပီး၊ တံခါးက electromagnet (လွ်ပ္စစ္သံလိုက္) ေသာ့ကလဲ ဒုတ္ဆိုပြင့္သြားတယ္။
 ခလုပ္က်ိဳးသြားေတာ့ လန႔္သြားတဲ့ေမာင္ဇိ ဘယ္သူမ်ားျမင္သြားေသးလဲဆိုၿပီး ပတ္ဝန္းက်င္ကို လွည့္ၾကည့္လိုက္ေတာ့ ဆန႔္က်င္ဖက္နံရံေပၚမွာ CCTV ကင္မရာျပဴးျပဴးႀကီး၊ ေမာင္ဇိေနရာတည့္တည့္ကိုခ်ိန္လို႔။
 ေမာင္ဇိလဲ hoodie ေခါင္းစြပ္ေလးကို ေခါင္းေပၚဆြဲတင္ ေသာ့ပြင့္သြားတဲ့တံခါးကေန ခပ္တည္တည္နဲ႔ ခပ္ျမန္ျမန္ေလးေျပးထြက္၊ အျပင္ေရာက္လို႔ ၾကက္သီးျဖန္းခနဲထေလာက္ေအာင္တိုက္လာတဲ့ ေအးစက္စက္ေလကို အားရပါးရရႉလိုက္ၿပီး အိမ္ေရာက္တဲ့ထိသုတ္ေခ်တင္တာေပါ့။

ေနာက္ေန႔ကစၿပီးေက်ာင္းေရာက္လို႔ အဲဒီတံခါးနားကျဖတ္ရင္မ်က္ႏွာေလးကိုကြယ္ကြယ္ၿပီးသြားရတာ ေက်ာင္းၿပီးတဲ့အထိပါပဲ။

ေမာင္ဇိ ( ေဖေဖာ္ဝါရီ ၂၅၊၂၀၁၉)

No comments:

Post a Comment