မောင်ဇိနှင့် စက်ဘီး
---------
မောင်ဇိဘယ်သွားသွား နေရာတိုင်းမှာ ဒီစက်ဘီး အဝါလေးတွေ၊ လိမ္မော်ရောင်လေးတွေကို တွေ့တွေ့နေရသည်။ သူများစီးတာတွေတွေ့ရသလို ဟိုနားဒီနားရပ်ထားတညတွေလဲတွေ့ရသည်။ကားမှတ်တိုင်တွေမှာ၊ ရထားဘူတာတွေမှာ၊ တိုက်တွေအောက်မှာ၊ လမ်းဘေးကစက်ဘီးထားရာနေရာတွေမှာ၊ သစ်ပင်တွေအောက်မှာ၊ ပလက်ဖောင်းပေါ်မှာ၊ မြက်ခင်းပေါ်မှာ....ကုန်ကုန်ပြောရလျှင် ရေထုတ်မြောင်းကျယ်ကြီးတွေထဲမှာထိ။ တစ်ချို့က သတ်မှတ်ရပ်နားရာမှာ တစ်စီတစ်ရီ၊ တချို့က တစ်စီးထဲ မီးပွိုင့်နားမှာငေါင်စင်းစင်းရပ်၊ တချို့ကလမ်းဘေးမှာ ဘေးတစ်စောင်းလဲ၊ တချို့ကမြောင်းထဲမှာ ဇောက်ထိုးမိုးမျှော်၊ပုံစံအမျိုးမျိုး။ အာရှ၏ကျားတစ်ကောင်ဟုတင်စားကြရသည့် ခေတ်မှီနိုင်ငံငယ်လေးတစ်ခုတွင် အများပြည်သူသုံး စက်ဘီးများစတင်မိတ်ဆက်ခြင်းနှင့် လူမျိုးပေါင်း ၁၀၁ပါးပါဝင်သည့် လူထု၏ စည်ကမ်းသေဝပ်စွာကြိုဆိုုခြင်း။
ဥရောပနှင့် ယူကေမှာတော့ ဘဏ်အကောင့်နဲ့ စက်ဘီးငှားတဲ့စနစ်က အသားကျနေပြီ။ စက်ဘီးရပ်နားစခန်းလေးတွေကစက်တွေမှာ ဘဏ်အကောင့်နဲ့ မှတ်ပုံတင်၊ သံတန်းတွေကြားမှာစီထားတဲ့စက်ဘီးတစ်စီးကို ဆွဲထုတ်ပြီး စီးသွားရုံပင်။နာရီဝက်မပြည့်မချင်း ပိုက်ဆံမဖြတ်။ ဒီတော့ နာရီဝက်မပြည့်ခင် စက်ဘီးစတန်းတစ်ခုရှာ ပြန်အပ်၊ နောက်တစ်စီးထုတ်စီးရုံမျှသာ။ အပ်ရတာလဲမခက်။ သတ်မှတ်ထားသည့်နေရာတွင် တန်းတွေကြားထဲသို့ ဂလောက်ကနဲထိုးထည့်ခါ သော့ခတ်လိုက်လျှင်ပြီးပြီ။ သို့သော် ရာသီဥတုအေးလွန်း၍ နွေရာသီမှလွဲလျှင် သိပ်မစီးကြ။
စမတ်ဖုန်းဖြင့် စက်ဘီးမှာပါသည့် QR code ကို scan လုပ်ခါဖွင့်ရသည့် အငှားစက်ဘီးလေးတွေက တရုတ်ပြည်မှာလဲ အလွန်ခေတ်စားသည်။ ခေတ်စားရရုံမက ခေတ်ပင်ပျက်လုလုဖြစ်နေပြီ။ စက်ဘီးတွေကို ကွင်းပြင်တွေထဲမှာ၊ လမ်းတွေပေါ်မှာ ပစ်ထားကြ၍ဖြစ်သည်။ တွေ့ကရာပစ်ထားသော စက်ဘီးများက တခါတရံ လမ်းတွေပိတ်ဆို့သည်ထိဖြစ်သည်ဟုပင်ဆိုသည်။အာမခံအနေနှင့်ကြိုပေးထားရသည့်ငွေကိုလဲ ပြန်ထုတ်မရကြဟု အရေးဆိုသူကဆိုကြသည်။ သို့သော်လည်း လူဦးရေများသည့် တရုတ်ပြည်တွင် လွယ်ကူအဆင်ပြေသည့် အငှား စက်ဘီးလေးတွေက တွင်ကျယ်နေဆဲ။
အဓိကပြောချင်သည်က မောင်ဇိနှင့် စက်ဘီးများအကြောင်းဖြစ်သည်။ မောင်ဇိကို နယ်မှာမွေး၍၊နယ်မှာကြီးပြင်းသူတစ်ယောက်အနေဖြင့် မောင်ဇိ စက်ဘီးကောင်းကောင်းစီးတတ်သည်။ ကလေးစီး BMX စက်ဘီးမှ အစပြုကာ ယခုနောက်ဆုံးတွေ့ကရာဘီးကောက်စီးသည်ထိ တစ်သက်လုံးဘီးစီးခဲ့သည်။ စက်ဘီးနှင့်ပက်သက်သည့် အမှတ်တရတွေကလည်း တပုံတပင်ရှိ၏။ မှတ်မှတ်ရရ ၉တန်းကျောင်းသားဘဝတွင် သူငယ်ချင်းနင်းသည့်စက်ဘီးနောက်မှထိုင်စီးစဉ်က နောက်ဘီးကြားတွင် ပုဆိုးစပါသွားပြီး ပုဆိုးကျွတ်သွား၍ ရှက်ခဲ့ရသေးသည်။ ကုန်ဆင်းပေါ်မှ အရှိန်ဖြင့်အဆင်း၊ ကိုးတန်းကျောင်းသားဘဝ မဝတ်တတ်၊ ဝတ်တတ်ဖြင့်ဝတ်ထားသော ပုဆိုးက လည်နေသည့်ဘီးထဲသို့ လေနှင့်အတူပြေးဝင်၍ ညိပါသွား၊ " ဟဟ...ကိုထိုက်ကြီး ရပ်ပါဦး။ ငါ့ပုဆိုးပါသွားပြီ" ဟု သွေးရူးသွေးတန်းအော်သော်လည်းမမှီတော့။ ဘီး လေး၊ငါးပတ်လောက်လည်ပြီး စက်ဘီးရပ်သွားချိန်တွင် ပုဆိုးမပါတော့သော မောင်ဇိတစ်ယောက် ဘောင်းဘီတိုလေးဖြင့် ငုတ်တုတ်လေးထိုင်ကာ နောက်ဘီးကြားမှပုဆိုးကို အသည်းအသန်ဆွဲထုတ်နေသည်ကို လမ်းဘေးဝဲယာမှ လူအပေါင်းရှုမြင်ရမည်ဖြစ်လေသည်။ မောင်ဇိစီးနေကျစက်ဘီးလေးကို လူကောင်ပိုကြီးသည့်သူငယ်ချင်းအားနင်းခိုင်းပြီး နောက်ထိုင်ခုံမှအချောင်ခိုထိုင်လိုက်ရာမှ ကိုယ်ကျိုးနည်းသွားခြင်းပင်။
ပုဆိုးကျွတ်သည့်အဖြစ်ပြီးနောက် ၁၀နှစ်ခန့်အကြာ၌ အလွန်လုံခြုံစိတ်ချရသည်ဆိုသော နိုင်ငံငယ်လေးတွင် ကျောင်းတက်ပြန်တော့ အိမ်နှင့်လှမ်းသည့်ဘူတာရုံကိုသွားရာတွင်စီးဖို့ မောင်ဇိကိုအစ်ကိုဖြစ်သူကစက်ဘီးတစ်စီးဝယ်ပေးသည်။ ကိုယ်တိုင်ရွေးထားသော အနီရောင်တောက်တောက် မောင်တိန်းဘီးလေးကို မောင်ဇိအလွန်သဘောကျသည်။ ဂီယာလေးတွေပြောင်းလို့ရသဖြင့် ကုန်းတက် ကုန်းဆင်း အဆင်ပြေသည်။ သက်သာသည်။ သို့သော်လည်း ၃ ရက်ခန့်အကြာ ကျောင်းမှအပြန်ဘူတာရောက်စဉ်တွင်တော့ မောင်ဇိရပ်နေကျနေရာတွင် စက်ဘီးလေးမရှိရှာတော့။ လူခိုးသွားလေပြီ။ ရှံု့ခွက်၊ ရှံု့ခွက်ဖြင့်ပြန်လာသော မောင်ဇိကိုသနား၍ အစ်ကိုကစက်ဘီးနောက်တစ်စီး ဝယ်ပေးသည်။ ဒီတစ်ခါတော့ မောင်ဇိလည်သွားပြီ။ မြင်သာထင်သာ သူခိုးမျက်စိကျလွယ်သည့် အနီရောင်မရွေးတော့။ အနက်ရောင်လေးရွေးသည်။ ပြီးတော့ ပိုပြီး စိတ်ချရအောင်၊ စက်ဘီးသော့မဝယ်ပဲ သံကြိုးခိုင်ခိုင်တစ်ချောင်းဝယ်၍ အာမခံသော့ဖြင့် စက်ဘီးကိုဘူတာကသံတိုင်များတွင် တွဲခတ်ထားပေးလိုက်သည်။ ဉာဏ်ကောင်းသည့် မောင်ဇိပေ။ တစ်ပတ်ခံသည်။ တစ်ပတ်အကြာမှာတော့ ပိုဉာဏ်ကောင်းသည့် သူခိုးက သံကြိုးပါမကျန်ဖြုတ်ခိုးသွားသည်ကို ခံရပြန်လေသည်။ နောက်ဆုံးတော့ မတတ်နိုင်တော့။ အစ်ကို့သူငယ်ချင်းတစ်ယောက်ပေးသည့် အရောင်လွင့်ကာ သံချေးအနည်းငယ်ကိုက်ချင်နေသည့် စက်ဘီးအဟောင်းလေးတစ်စီးကိုသာ စီးရတော့သည်။ မောင်ဇိစက်ဘီးအသစ်ဝယ်မည်ကိုစောင့်နေသည့် မောင်ဇိဖောက်သည် စက်ဘီးသူခိုးလဲ ဒီတစ်ခါမှသာမောင်ဇိအားချမ်းသာပေးတော့သဖြင့် စက်ဘီးပျောက်မှာမပူရတော့ပဲ စိတ်အေးချမ်းသာစွာ စီးရလေတော့သည်။
(ဆက်ပါဦးမည်)
မောင်ဇိ ( ဇန်နဝါရီ ၁၄၊ ၂၀၁၈)
xxx
ေမာင္ဇိႏွင့္ စက္ဘီး
---------
ေမာင္ဇိဘယ္သြားသြား ေနရာတိုင္းမွာ ဒီစက္ဘီး အဝါေလးေတြ၊ လိေမၼာ္ေရာင္ေလးေတြကို ေတြ႕ေတြ႕ေနရသည္။ သူမ်ားစီးတာေတြေတြ႕ရသလို ဟိုနားဒီနားရပ္ထားတညေတြလဲေတြ႕ရသည္။ကားမွတ္တိုင္ေတြမွာ၊ ရထားဘူတာေတြမွာ၊ တိုက္ေတြေအာက္မွာ၊ လမ္းေဘးကစက္ဘီးထားရာေနရာေတြမွာ၊ သစ္ပင္ေတြေအာက္မွာ၊ ပလက္ေဖာင္းေပၚမွာ၊ ျမက္ခင္းေပၚမွာ....ကုန္ကုန္ေျပာရလွ်င္ ေရထုတ္ေျမာင္းက်ယ္ႀကီးေတြထဲမွာထိ။ တစ္ခ်ိဳ႕က သတ္မွတ္ရပ္နားရာမွာ တစ္စီတစ္ရီ၊ တခ်ိဳ႕က တစ္စီးထဲ မီးပြိဳင့္နားမွာေငါင္စင္းစင္းရပ္၊ တခ်ိဳ႕ကလမ္းေဘးမွာ ေဘးတစ္ေစာင္းလဲ၊ တခ်ိဳ႕ကေျမာင္းထဲမွာ ေဇာက္ထိုးမိုးေမွ်ာ္၊ပံုစံအမ်ိဳးမ်ိဳး။ အာရွ၏က်ားတစ္ေကာင္ဟုတင္စားၾကရသည့္ ေခတ္မွီႏိုင္ငံငယ္ေလးတစ္ခုတြင္ အမ်ားျပည္သူသံုး စက္ဘီးမ်ားစတင္မိတ္ဆက္ျခင္းႏွင့္ လူမ်ိဳးေပါင္း ၁၀၁ပါးပါဝင္သည့္ လူထု၏ စည္ကမ္းေသဝပ္စြာႀကိဳဆိုုျခင္း။
ဥေရာပႏွင့္ ယူေကမွာေတာ့ ဘဏ္အေကာင့္နဲ႔ စက္ဘီးငွားတ့ဲစနစ္က အသားက်ေနၿပီ။ စက္ဘီးရပ္နားစခန္းေလးေတြကစက္ေတြမွာ ဘဏ္အေကာင့္န႔ဲ မွတ္ပံုတင္၊ သံတန္းေတြၾကားမွာစီထားတ့ဲစက္ဘီးတစ္စီးကို ဆြဲထုတ္ၿပီး စီးသြား႐ုံပင္။နာရီဝက္မျပည့္မခ်င္း ပိုက္ဆံမျဖတ္။ ဒီေတာ့ နာရီဝက္မျပည့္ခင္ စက္ဘီးစတန္းတစ္ခုရွာ ျပန္အပ္၊ ေနာက္တစ္စီးထုတ္စီးရံုမွ်သာ။ အပ္ရတာလဲမခက္။ သတ္မွတ္ထားသည့္ေနရာတြင္ တန္းေတြၾကားထဲသို႔ ဂေလာက္ကနဲထိုးထည့္ခါ ေသာ့ခတ္လိုက္လွ်င္ၿပီးၿပီ။ သို႔ေသာ္ ရာသီဥတုေအးလြန္း၍ ေႏြရာသီမွလြဲလွ်င္ သိပ္မစီးၾက။
စမတ္ဖုန္းျဖင့္ စက္ဘီးမွာပါသည့္ QR code ကို scan လုပ္ခါဖြင့္ရသည့္ အငွားစက္ဘီးေလးေတြက တ႐ုတ္ျပည္မွာလဲ အလြန္ေခတ္စားသည္။ ေခတ္စားရရံုမက ေခတ္ပင္ပ်က္လုလုျဖစ္ေနၿပီ။ စက္ဘီးေတြကို ကြင္းျပင္ေတြထဲမွာ၊ လမ္းေတြေပၚမွာ ပစ္ထားၾက၍ျဖစ္သည္။ ေတြ႕ကရာပစ္ထားေသာ စက္ဘီးမ်ားက တခါတရံ လမ္းေတြပိတ္ဆို႔သည္ထိျဖစ္သည္ဟုပင္ဆိုသည္။အာမခံအေနႏွင့္ႀကိဳေပးထားရသည့္ေငြကိုလဲ ျပန္ထုတ္မရၾကဟု အေရးဆိုသူကဆိုၾကသည္။ သို႔ေသာ္လည္း လူဦးေရမ်ားသည့္ တ႐ုတ္ျပည္တြင္ လြယ္ကူအဆင္ေျပသည့္ အငွား စက္ဘီးေလးေတြက တြင္က်ယ္ေနဆဲ။
အဓိကေျပာခ်င္သည္က ေမာင္ဇိႏွင့္ စက္ဘီးမ်ားအေၾကာင္းျဖစ္သည္။ ေမာင္ဇိကို နယ္မွာေမြး၍၊နယ္မွာႀကီးျပင္းသူတစ္ေယာက္အေနျဖင့္ ေမာင္ဇိ စက္ဘီးေကာင္းေကာင္းစီးတတ္သည္။ ကေလးစီး BMX စက္ဘီးမွ အစျပဳကာ ယခုေနာက္ဆုံးေတြ႕ကရာဘီးေကာက္စီးသည္ထိ တစ္သက္လုံးဘီးစီးခ့ဲသည္။ စက္ဘီးႏွင့္ပက္သက္သည့္ အမွတ္တရေတြကလည္း တပံုတပင္ရွိ၏။ မွတ္မွတ္ရရ ၉တန္းေက်ာင္းသားဘဝတြင္ သူငယ္ခ်င္းနင္းသည့္စက္ဘီးေနာက္မွထိုင္စီးစဥ္က ေနာက္ဘီးၾကားတြင္ ပုဆိုးစပါသြားၿပီး ပုဆိုးကြ်တ္သြား၍ ရွက္ခ့ဲရေသးသည္။ ကုန္ဆင္းေပၚမွ အရွိန္ျဖင့္အဆင္း၊ ကိုးတန္းေက်ာင္းသားဘဝ မဝတ္တတ္၊ ဝတ္တတ္ျဖင့္ဝတ္ထားေသာ ပုဆိုးက လည္ေနသည့္ဘီးထဲသို႔ ေလႏွင့္အတူေျပးဝင္၍ ညိပါသြား၊ " ဟဟ...ကိုထိုက္ႀကီး ရပ္ပါဦး။ ငါ့ပုဆိုးပါသြားၿပီ" ဟု ေသြး႐ူးေသြးတန္းေအာ္ေသာ္လည္းမမွီေတာ့။ ဘီး ေလး၊ငါးပတ္ေလာက္လည္ၿပီး စက္ဘီးရပ္သြားခ်ိန္တြင္ ပုဆိုးမပါေတာ့ေသာ ေမာင္ဇိတစ္ေယာက္ ေဘာင္းဘီတိုေလးျဖင့္ ငုတ္တုတ္ေလးထိုင္ကာ ေနာက္ဘီးၾကားမွပုဆိုးကို အသည္းအသန္ဆြဲထုတ္ေနသည္ကို လမ္းေဘးဝဲယာမွ လူအေပါင္းရႈျမင္ရမည္ျဖစ္ေလသည္။ ေမာင္ဇိစီးေနက်စက္ဘီးေလးကို လူေကာင္ပိုႀကီးသည့္သူငယ္ခ်င္းအားနင္းခိုင္းၿပီး ေနာက္ထိုင္ခံုမွအေခ်ာင္ခိုထိုင္လိုက္ရာမွ ကိုယ္က်ိဳးနည္းသြားျခင္းပင္။
ပုဆိုးကြ်တ္သည့္အျဖစ္ၿပီးေနာက္ ၁၀ႏွစ္ခန္႔အၾကာ၌ အလြန္လုံျခံဳစိတ္ခ်ရသည္ဆိုေသာ ႏိုင္ငံငယ္ေလးတြင္ ေက်ာင္းတက္ျပန္ေတာ့ အိမ္ႏွင့္လွမ္းသည့္ဘူတာရံုကိုသြားရာတြင္စီးဖို႔ ေမာင္ဇိကိုအစ္ကိုျဖစ္သူကစက္ဘီးတစ္စီးဝယ္ေပးသည္။ ကိုယ္တိုင္ေရြးထားေသာ အနီေရာင္ေတာက္ေတာက္ ေမာင္တိန္းဘီးေလးကို ေမာင္ဇိအလြန္သေဘာက်သည္။ ဂီယာေလးေတြေျပာင္းလို႔ရသျဖင့္ ကုန္းတက္ ကုန္းဆင္း အဆင္ေျပသည္။ သက္သာသည္။ သို႔ေသာ္လည္း ၃ ရက္ခန္႔အၾကာ ေက်ာင္းမွအျပန္ဘူတာေရာက္စဥ္တြင္ေတာ့ ေမာင္ဇိရပ္ေနက်ေနရာတြင္ စက္ဘီးေလးမရွိရွာေတာ့။ လူခိုးသြားေလၿပီ။ ရွံဳ႕ခြက္၊ ရွံဳ႕ခြက္ျဖင့္ျပန္လာေသာ ေမာင္ဇိကိုသနား၍ အစ္ကိုကစက္ဘီးေနာက္တစ္စီး ဝယ္ေပးသည္။ ဒီတစ္ခါေတာ့ ေမာင္ဇိလည္သြားၿပီ။ ျမင္သာထင္သာ သူခိုးမ်က္စိက်လြယ္သည့္ အနီေရာင္မေရြးေတာ့။ အနက္ေရာင္ေလးေရြးသည္။ ၿပီးေတာ့ ပိုၿပီး စိတ္ခ်ရေအာင္၊ စက္ဘီးေသာ့မဝယ္ပဲ သံႀကိဳးခိုင္ခိုင္တစ္ေခ်ာင္းဝယ္၍ အာမခံေသာ့ျဖင့္ စက္ဘီးကိုဘူတာကသံတိုင္မ်ားတြင္ တြဲခတ္ထားေပးလိုက္သည္။ ဉာဏ္ေကာင္းသည့္ ေမာင္ဇိေပ။ တစ္ပတ္ခံသည္။ တစ္ပတ္အၾကာမွာေတာ့ ပိုဉာဏ္ေကာင္းသည့္ သူခိုးက သံႀကိဳးပါမက်န္ျဖဳတ္ခိုးသြားသည္ကို ခံရျပန္ေလသည္။ ေနာက္ဆုံးေတာ့ မတတ္ႏိုင္ေတာ့။ အစ္ကို႔သူငယ္ခ်င္းတစ္ေယာက္ေပးသည့္ အေရာင္လြင့္ကာ သံေခ်းအနည္းငယ္ကိုက္ခ်င္ေနသည့္ စက္ဘီးအေဟာင္းေလးတစ္စီးကိုသာ စီးရေတာ့သည္။ ေမာင္ဇိစက္ဘီးအသစ္ဝယ္မည္ကိုေစာင့္ေနသည့္ ေမာင္ဇိေဖာက္သည္ စက္ဘီးသူခိုးလဲ ဒီတစ္ခါမွသာေမာင္ဇိအားခ်မ္းသာေပးေတာ့သျဖင့္ စက္ဘီးေပ်ာက္မွာမပူရေတာ့ပဲ စိတ္ေအးခ်မ္းသာစြာ စီးရေလေတာ့သည္။
(ဆက္ပါဦးမည္)
ေမာင္ဇိ ( ဇန္နဝါရီ ၁၄၊ ၂၀၁၈)
-----
No comments:
Post a Comment