Wednesday, July 1, 2020

မောင်ဇိနဲ့ ကမ္ဘာကြီးကို ကယ်မယ့်သူ

မောင်ဇိနဲ့ ကမ္ဘာကြီးကို ကယ်မယ့်သူ
———————————————

မောင်ဇိနဲ့ နေ့တိုင်းနီးပါးတွေ့နေရတဲ့ ငနဲနှစ်ဗွေရှိတယ်။
တစ်ယောက်က ဇိုး တဲ့။
နောက်တစ်ယောက်ကိုတော့ မောင်ဇိတို့က အာရုံ လို့ခေါ်တယ်။
ဆန်းဆန်းပြားပြားတွေ တွေးတတ်သလို၊ ဘာကိစ္စဖြစ်ဖြစ် ကွန်ပလိန်းတွေတက်ပြီး အာရုံနောက်တတ်လို့။

ဥပမာပြောရရင် တစ်ခါက မောင်ဇိတို့တစ်ဖွဲ့လုံးကို ကုမ္ပဏီတစ်ခုက နှစ်ကူးလက်ဆောင်တွေ လာပေးတယ်။
အနက်ရောင်ရေနွေးဓါတ်ဘူးလေးတွေ။
မောင်ဇိနဲ့ ဇိုးနဲ့ လက်ဆောင်တွေရလို့ပျော်နေတုန်းအာရုံလေးရောက်လာတယ်။

`အစ်ကိုတို့ ဘာအရောင်တွေရကြတုံး...ကျွန်တော်တော့ အမဲ ကြီးပဲရတယ်။’

`အေး...အားလုံးအမဲပဲလေ...ဘာဖြစ်လို့တုံး။’

`ဟာ...စက္ကူဘူးခွံပေါ်မှာကျတော့ သုံးရောင်ပြထားပြီး မမိုက်ပါဘူး..အမဲကြီးပဲပေးတယ်။’

`ဘာဖြစ်လဲကွာ...လက်ဆောင်ရတာပဲ။ သုံးလို့အဆင်ပြေရင်ပြီးတာပဲ ဟာကို။’

အာရုံလေးကတော့ သိပ်ကျေနပ်ပုံမရဘူး။
စောင်းငန်း စောင်းငန်းနဲ့ ကြည့်ပြီး ပြောသွားသေးတယ်။

`မနှစ်ကကျ ဘာလို့ မပေးတာလဲ မသိဘူး’တဲ့။

အလကားရတဲ့နွား သွားဖြဲကြည့်တယ်ဆိုတာ အဲလို။

တစ်နေ့က Big Bang Theory ဇာတ်လမ်းတွဲ ကြည့်နေရင်း အထဲကသူငယ်ချင်းလေးယောက် ခရီးသွားကြဖို့ စီစဉ်တာကို မြင်တော့ အာရုံလေးကို ဖြတ်ခနဲသတိရမိလိုက်သေးတယ်။

ဇာတ်လမ်းထဲမှာ ကောင်မလေး ပန်နီက ခရီးသွားတဲ့အခါ ပိုမြန်ပြီး ပိုအဆင်ပြေတဲ့လေယာဉ်မစီးပဲ ဘာလို့ ရထားစီးတာလဲလို့ သူတို့ကိုမေးတော့ ယောက်ျားလေး လေးယောက်ထဲက လန်းနတ် ကဖြေတယ်။

`ငါတို့က မဲခွဲကြတာ။
လေယာဉ်က ၃ မဲ၊ ရထားက ၁ မဲ။
ရထား ၁ မဲ က ရှယ်ဒန် ပေးတာ။
ဒါနဲ့ပဲ ငါတို့ ရထားစီးရတာပဲ။ ‘

မောင်ဇိရယ်၊ ဇိုးရယ်၊ အာရုံရယ် တစ်နေရာကအပြန် ညနေစာအတူစားကြမယ်ဆို တိုင်ပင်တော့ အာရုံလေးက အနောက်တိုင်းစာ အဆိုပြုတယ်။
ဇိုးက တရုတ်ဆိုင်က ငါးပေါင်း။
မောင်ဇိက ဘာဖြစ်ဖြစ်စားမယ်။
ဆုံးဖြတ်ရ ခက်နေကြတာနဲ့ မောင်ဇိကပဲ ငါးဘက်ကို မဲပေးပြီး

`ငါးပဲသွားစားကြမလား’ လို့ ဆုံးဖြတ်တော့

အာရုံလေးက `ရတယ်လေ၊ အစ်ကိုတို့ပဲသွားစားကြ၊ ကျွန်တော်ပြန်လိုက်ဦးမယ်’ ဆိုပဲ။

အဲဒါနဲ့ မောင်ဇိတို့တွေ အနောက်တိုင်းစာ စားဖြစ်ခဲ့ကြတယ်ဆိုပါတော့။

ရှယ်ဒန်ရဲ့ တစ်မဲ နဲ့ အာရုံလေးရဲ့ တစ်မဲက ညီမျှသလောက်ရှိတယ်ဆိုတာ ပြောလိုရင်းပါ။

ဒီနေ့ မနက်တော့ တွေ့တွေ့ချင်း ဇိုးက မောင်ဇိကို ကပ်ပြောတယ်။

`အစ်ကိုစိတ်ဝင်စားမှာ သေချာတယ်။
အာရုံ့မှာ ဝူဟန်ဗိုင်းရပ်စ်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ အစီအမံတွေးမိထားပြီ’

`ဟေ..ဟုတ်လား။
စိတ်ဝင်စားတယ်..သွားမေးဦးမှပဲ ခိခိ’

`သွား..သွား၊ သူ့ဆီမှာ amazing logic ရထားတယ်’

လက်ဖက်ရည်သောက်ချိန်မှာ ဇိုးက `မေးမေး’ ဆိုပြီး အာရုံ့ဘက်ကို မျက်စပစ်ပြတယ်။

မောင်ဇိက `အာရုံရေ...လုပ်ပါဦး၊ ဝူဟန်ဗိုင်းရပ်စ်ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ’ ဆိုတော့

အာရုံက သွက်သွက်လက်လက်ပဲ

`တစ်ကယ်က သူတို့တွေဗိုင်းရပ်စ်ရှိတဲ့မြို့ကိုပိတ်ထားတာ မှားတယ်’

အမယ်..တယ်ဟုတ်ပါလား။

`ဒါဖြင့်ပြောပါဦး ဘယ်လိုလုပ်ရမလဲဆိုတာ’

`အမှန်က သူတို့တွေ ဗိုင်းရပ်စ်ကိုဖွင့်ပေးလိုက်ရမှာ။ ဒါမှ တစ်နေရာထဲမှာ စုမနေတော့ ဗိုင်းရပ်စ်က အားပျော့သွားရော။
အဲလိုနဲ့ ပြန့်သွားရင် သူ့ဟာသူအားနည်းပြီး ပျောက်သွားလိမ့်မယ်’

မြတ်စွာဖျား။
မောင်ဇိရဲ့သောက်လက်စ လဖက်ရည်လေးတောင် သီးမလို ဖြစ်သွားတယ်။

`မင်းကို ဘယ်သူပြောတုံး’ ဆိုတော့

`ဘယ်သူမှ မပြောဘူးလေ...ကိုယ့်ဟာကိုယ်တွေးတာ’ တဲ့။

` ဒါဖြင့် မီးတွေ ဘာတွေလောင်ရင်လဲ တစ်နေရာထဲမှာ မထိန်းချုပ်ထားပဲ အားပျော့အောင် နေရာအနှံ့ လျှောက်ရှို့ရမယ် ဆိုပါတော့’
ဆိုတော့ ဘာမှ မပြောပဲ သိပ်သဘောမတူတဲ့ ရုပ်နဲ့ ကြည့်နေတယ်။

ဗိုင်းရပ်စ်က စစ်တိုက်သလိုမျိုး အကောင်အရေအတွက် အတိအကျနဲ့ အဖွဲ့ငယ်လေးတွေခွဲပြီးလိုက်တိုက်နေတာမျိုးမဟုတ်ဘူးဆိုတာကို ဇိုးနဲ့မောင်ဇိက ရှင်းပြတော့

`နှစ်ယောက် တစ်ယောက်မို့ မငြင်းသာလို့သာ ပြန်မပြောတာ။ ငါ့ အကြံနဲ့သာဆို နိုဘယ်ဆုတောင် ရ လောက်တယ် ‘

ဆိုတဲ့ ထုံပေပေရုပ်နဲ့ အင်းမလုပ် အဲမလုပ် နေနေလေရဲ့။

မောင်ဇိက

`သူ့ကို တရုတ်ပြည်မှာ ကျန်းမာရေးဝန်ကြီးခန့်လိုက်လို့ကတော့ တရုတ်မျိုးပြုတ်ပြီ’

လို့ ဇိုးကိုပြောတော့ ဇိုးက

`မဟုတ်ဘူး...တစ်ကမ္ဘာလုံးပါ မျိုးတုံးမှာတဲ့’

မောင်ဇိမှာ အဲဒီ အကြံအစည်ကြီးကိုတွေးလိုက်တိုင်း တွေးလိုက်တိုင်း တစ်နေကုန် တစ်ခွိခွိဖြစ်နေ တော့တာပါပဲ။

ခုတော့ မအောင့်နိုင်တော့လို့ ချပါရေးပစ်လိုက်ပြီး အကုန်သိအောင်လျှောက်ပြောလိုက်ပြီ။ ။

မောင်ဇိ
၄/၂/၂၀၂၀
(ကိုဗစ် အစောပိုင်းကာလ တခြားနိုင်ငံတွေကိုမပြန့်ခင်က ရေးဖြစ်ခဲ့တာလေးပါ)
————-+———-+—————-
(ZawGyi)

ေမာင္ဇိနဲ႔ ကမာၻႀကီးကို ကယ္မယ့္သူ
———————————————

ေမာင္ဇိနဲ႔ ေန႔တိုင္းနီးပါးေတြ႕ေနရတဲ့ ငနဲႏွစ္ေဗြရွိတယ္။
တစ္ေယာက္က ဇိုး တဲ့။
ေနာက္တစ္ေယာက္ကိုေတာ့ ေမာင္ဇိတို႔က အာ႐ုံ လို႔ေခၚတယ္။
ဆန္းဆန္းျပားျပားေတြ ေတြးတတ္သလို၊ ဘာကိစၥျဖစ္ျဖစ္ ကြန္ပလိန္းေတြတက္ၿပီး အာ႐ုံေနာက္တတ္လို႔။

ဥပမာေျပာရရင္ တစ္ခါက ေမာင္ဇိတို႔တစ္ဖြဲ႕လုံးကို ကုမၸဏီတစ္ခုက ႏွစ္ကူးလက္ေဆာင္ေတြ လာေပးတယ္။
အနက္ေရာင္ေရေႏြးဓါတ္ဘူးေလးေတြ။
ေမာင္ဇိနဲ႔ ဇိုးနဲ႔ လက္ေဆာင္ေတြရလို႔ေပ်ာ္ေနတုန္းအာ႐ုံေလးေရာက္လာတယ္။

`အစ္ကိုတို႔ ဘာအေရာင္ေတြရၾကတုံး...ကြၽန္ေတာ္ေတာ့ အမဲ ႀကီးပဲရတယ္။’

`ေအး...အားလုံးအမဲပဲေလ...ဘာျဖစ္လို႔တုံး။’

`ဟာ...စကၠဴဘူးခြံေပၚမွာက်ေတာ့ သုံးေရာင္ျပထားၿပီး မမိုက္ပါဘူး..အမဲႀကီးပဲေပးတယ္။’

`ဘာျဖစ္လဲကြာ...လက္ေဆာင္ရတာပဲ။ သုံးလို႔အဆင္ေျပရင္ၿပီးတာပဲ ဟာကို။’

အာ႐ုံေလးကေတာ့ သိပ္ေက်နပ္ပုံမရဘူး။
ေစာင္းငန္း ေစာင္းငန္းနဲ႔ ၾကည့္ၿပီး ေျပာသြားေသးတယ္။

`မႏွစ္ကက် ဘာလို႔ မေပးတာလဲ မသိဘူး’တဲ့။

အလကားရတဲ့ႏြား သြားၿဖဲၾကည့္တယ္ဆိုတာ အဲလို။

တစ္ေန႔က Big Bang Theory ဇာတ္လမ္းတြဲ ၾကည့္ေနရင္း အထဲကသူငယ္ခ်င္းေလးေယာက္ ခရီးသြားၾကဖို႔ စီစဥ္တာကို ျမင္ေတာ့ အာ႐ုံေလးကို ျဖတ္ခနဲသတိရမိလိုက္ေသးတယ္။

ဇာတ္လမ္းထဲမွာ ေကာင္မေလး ပန္နီက ခရီးသြားတဲ့အခါ ပိုျမန္ၿပီး ပိုအဆင္ေျပတဲ့ေလယာဥ္မစီးပဲ ဘာလို႔ ရထားစီးတာလဲလို႔ သူတို႔ကိုေမးေတာ့ ေယာက္်ားေလး ေလးေယာက္ထဲက လန္းနတ္ ကေျဖတယ္။

`ငါတို႔က မဲခြဲၾကတာ။
ေလယာဥ္က ၃ မဲ၊ ရထားက ၁ မဲ။
ရထား ၁ မဲ က ရွယ္ဒန္ ေပးတာ။
ဒါနဲ႔ပဲ ငါတို႔ ရထားစီးရတာပဲ။ ‘

ေမာင္ဇိရယ္၊ ဇိုးရယ္၊ အာ႐ုံရယ္ တစ္ေနရာကအျပန္ ညေနစာအတူစားၾကမယ္ဆို တိုင္ပင္ေတာ့ အာ႐ုံေလးက အေနာက္တိုင္းစာ အဆိုျပဳတယ္။
ဇိုးက တ႐ုတ္ဆိုင္က ငါးေပါင္း။
ေမာင္ဇိက ဘာျဖစ္ျဖစ္စားမယ္။
ဆုံးျဖတ္ရ ခက္ေနၾကတာနဲ႔ ေမာင္ဇိကပဲ ငါးဘက္ကို မဲေပးၿပီး

`ငါးပဲသြားစားၾကမလား’ လို႔ ဆုံးျဖတ္ေတာ့

အာ႐ုံေလးက `ရတယ္ေလ၊ အစ္ကိုတို႔ပဲသြားစားၾက၊ ကြၽန္ေတာ္ျပန္လိုက္ဦးမယ္’ ဆိုပဲ။

အဲဒါနဲ႔ ေမာင္ဇိတို႔ေတြ အေနာက္တိုင္းစာ စားျဖစ္ခဲ့ၾကတယ္ဆိုပါေတာ့။

ရွယ္ဒန္ရဲ႕ တစ္မဲ နဲ႔ အာ႐ုံေလးရဲ႕ တစ္မဲက ညီမွ်သေလာက္ရွိတယ္ဆိုတာ ေျပာလိုရင္းပါ။

ဒီေန႔ မနက္ေတာ့ ေတြ႕ေတြ႕ခ်င္း ဇိုးက ေမာင္ဇိကို ကပ္ေျပာတယ္။

`အစ္ကိုစိတ္ဝင္စားမွာ ေသခ်ာတယ္။
အာ႐ုံ႔မွာ ဝူဟန္ဗိုင္းရပ္စ္ကို ဘယ္လိုကိုင္တြယ္ရမလဲဆိုတဲ့ အစီအမံေတြးမိထားၿပီ’

`ေဟ..ဟုတ္လား။
စိတ္ဝင္စားတယ္..သြားေမးဦးမွပဲ ခိခိ’

`သြား..သြား၊ သူ႔ဆီမွာ amazing logic ရထားတယ္’

လက္ဖက္ရည္ေသာက္ခ်ိန္မွာ ဇိုးက `ေမးေမး’ ဆိုၿပီး အာ႐ုံ႔ဘက္ကို မ်က္စပစ္ျပတယ္။

ေမာင္ဇိက `အာ႐ုံေရ...လုပ္ပါဦး၊ ဝူဟန္ဗိုင္းရပ္စ္ကို ဘယ္လိုထိန္းခ်ဳပ္ရမလဲဆိုတာ’ ဆိုေတာ့

အာ႐ုံက သြက္သြက္လက္လက္ပဲ

`တစ္ကယ္က သူတို႔ေတြဗိုင္းရပ္စ္ရွိတဲ့ၿမိဳ႕ကိုပိတ္ထားတာ မွားတယ္’

အမယ္..တယ္ဟုတ္ပါလား။

`ဒါျဖင့္ေျပာပါဦး ဘယ္လိုလုပ္ရမလဲဆိုတာ’

`အမွန္က သူတို႔ေတြ ဗိုင္းရပ္စ္ကိုဖြင့္ေပးလိုက္ရမွာ။ ဒါမွ တစ္ေနရာထဲမွာ စုမေနေတာ့ ဗိုင္းရပ္စ္က အားေပ်ာ့သြားေရာ။
အဲလိုနဲ႔ ျပန္႔သြားရင္ သူ႔ဟာသူအားနည္းၿပီး ေပ်ာက္သြားလိမ့္မယ္’

ျမတ္စြာဖ်ား။
ေမာင္ဇိရဲ႕ေသာက္လက္စ လဖက္ရည္ေလးေတာင္ သီးမလို ျဖစ္သြားတယ္။

`မင္းကို ဘယ္သူေျပာတုံး’ ဆိုေတာ့

`ဘယ္သူမွ မေျပာဘူးေလ...ကိုယ့္ဟာကိုယ္ေတြးတာ’ တဲ့။

` ဒါျဖင့္ မီးေတြ ဘာေတြေလာင္ရင္လဲ တစ္ေနရာထဲမွာ မထိန္းခ်ဳပ္ထားပဲ အားေပ်ာ့ေအာင္ ေနရာအႏွံ႔ ေလွ်ာက္ရႈိ႕ရမယ္ ဆိုပါေတာ့’
ဆိုေတာ့ ဘာမွ မေျပာပဲ သိပ္သေဘာမတူတဲ့ ႐ုပ္နဲ႔ ၾကည့္ေနတယ္။

ဗိုင္းရပ္စ္က စစ္တိုက္သလိုမ်ိဳး အေကာင္အေရအတြက္ အတိအက်နဲ႔ အဖြဲ႕ငယ္ေလးေတြခြဲၿပီးလိုက္တိုက္ေနတာမ်ိဳးမဟုတ္ဘူးဆိုတာကို ဇိုးနဲ႔ေမာင္ဇိက ရွင္းျပေတာ့

`ႏွစ္ေယာက္ တစ္ေယာက္မို႔ မျငင္းသာလို႔သာ ျပန္မေျပာတာ။ ငါ့ အႀကံနဲ႔သာဆို ႏိုဘယ္ဆုေတာင္ ရ ေလာက္တယ္ ‘

ဆိုတဲ့ ထုံေပေပ႐ုပ္နဲ႔ အင္းမလုပ္ အဲမလုပ္ ေနေနေလရဲ႕။

ေမာင္ဇိက

`သူ႔ကို တ႐ုတ္ျပည္မွာ က်န္းမာေရးဝန္ႀကီးခန္႔လိုက္လို႔ကေတာ့ တ႐ုတ္မ်ိဳးျပဳတ္ၿပီ’

 လို႔ ဇိုးကိုေျပာေတာ့ ဇိုးက

`မဟုတ္ဘူး...တစ္ကမာၻလုံးပါ မ်ိဳးတုံးမွာတဲ့’

ေမာင္ဇိမွာ အဲဒီ အႀကံအစည္ႀကီးကိုေတြးလိုက္တိုင္း ေတြးလိုက္တိုင္း တစ္ေနကုန္ တစ္ခြိခြိျဖစ္ေန ေတာ့တာပါပဲ။

ခုေတာ့ မေအာင့္ႏိုင္ေတာ့လို႔ ခ်ပါေရးပစ္လိုက္ၿပီး အကုန္သိေအာင္ေလွ်ာက္ေျပာလိုက္ၿပီ။     ။

ေမာင္ဇိ
၄/၂/၂၀၂၀
(ကိုဗစ္ အေစာပိုင္းကာလ တျခားႏိုင္ငံေတြကိုမျပန္႔ခင္က ေရးျဖစ္ခဲ့တာေလးပါ)

No comments:

Post a Comment