သင်ခဲ့ရတဲ့ ပုံပြင်လေးတွေ
---------(၁)-------------
ဘဝတစ်လျှောက်လုံး အသုံးဝင်တဲ့၊ ကောင်းမွန်တဲ့ သင်ခန်းစာတွေပေးခဲ့လို့ ကျောင်းသားဘဝကနေ ဒီနေ့ထိ မမေ့နိုင်တဲ့ ဘာသာရပ်ဆိုင်ရာ အတန်းလေးတစ်ချို့ရှိတယ်။
စီမံခန့်ခွဲမှု( Management ) အကြောင်းသင်တဲ့ အတန်းတစ်ခုမှာဆိုရင် ဆရာက ပုံပြင်လေးတွေပြောပြောပြပြီး Management သင်ခန်းစာတွေသင်တတ်တယ်။
ပုံပြင်နဲ့ဆိုတော့ တစ်သက်လုံး မမေ့တော့ဘူးပေါ့။
ပုံပြင်တွေထဲက တစ်ပုဒ်ကဒီလို။
ရေခဲမတတ်အေးတဲ့ ဆောင်းနေ့တစ်နေ့မှာ ငှက်ကလေးတစ်ကောင်က အေးခဲပြီး လမ်းမပေါ်မှာသေမလိုဖြစ်နေရှာတယ်တဲ့။
အဲဒီအချိန်မှာ လမ်းမပေါ်ဖြတ်သွားတဲ့ နွားတစ်ကောင်က ငှက်ကလေးပေါ်ကို မစင်တွေစွန့်ချလိုက်ပါရော။
အငွေ့တစ်ထောင်းထောင်းထအောင် ပူနွေးနေတဲ့ နွားချေးထဲနစ်နေတာကြောင့် ငှက်ကလေးဟာလဲ အေးခဲတဲ့ဒဏ်ကနေလွတ်မြောက်ပြီး သေဘေးကလွတ်သွားသတဲ့။
နွားချေးပုံထဲက တိုးထွက်လာတဲ့ငှက်ကလေးဟာ မသေနိုင်တော့ဘူးဆိုတဲ့ အသိကြောင့် ဝမ်းမြောက်ဝမ်းသာနဲ့ တွန်ကျူးလိုက်တယ်တဲ့။
ဒီမှာတင် ငှက်ကလေးရဲ့အသံကို ကြားတဲ့ ကြောင်တစ်ကောင်ရောက်လာပြီး ငှက်ကလေးကို မစင်ပုံတဲ့ကဆွဲထုတ်လို့ ခုတ်သတ်လိုက်ပါလေရောတဲ့။
ဒီလိုနဲ့ပဲ သေတွင်းကလွတ်မြောက်ကာစ ငှက်ငယ်လေးဟာ သေမင်းနဲ့ မကွေကွင်းရတော့ဘူးဖြစ်သွားရှာတယ်။
ပုံပြင်လေးကိုပြောပြီးတော့ ဆရာက ပုံပြင်ကနေ ဘာသင်ခန်းစာရကြလဲလို့ အတန်းကို မေးပါတယ်။
ကျောင်းသားတွေအမျိုးမျိုးဖြေကြတဲ့ထဲက ဆရာပြောတဲ့သင်ခန်းစာနဲ့ကိုက်ညီတာလေးတွေက
၁။ သင့်ပေါ် မစင်စွန့်ချတိုင်းလဲ သင့်ရန်သူ မဟုတ်ပါဘူးတဲ့။ (ခက်ခဲတဲ့အလုပ်တွေပေးပြီး သင့်အရည်အသွေးကိုတိုးတက်စေသူတွေ၊ ကောင်းမွန်တဲ့ရလဒ်မရမချင်းသင့်ကို တွန်းအားပေးသူတွေ)
၂။ သင့်ကို မစင်တွင်းက ဆွဲထုတ်တိုင်းလဲ သင့်မိတ်ဆွေလို့ မမှတ်ပါနဲ့တဲ့ (ပိုဆိုးတဲ့ ဒုက္ခပေးချင်တာလဲဖြစ်နိုင်တယ်)။
၃။ အရေးကြီးဆုံးအချက်ပါပဲ။ ဒုက္ခတွင်းထဲရှိနေချိန် (ဝါ) မစင်ထဲနစ်နေချိန် ( when you are in deep shit လို့ ဆရာကပြောပါတယ်) မှာ တိတ်တိတ်မနေရင် သင့်ရန်သူတွေက အခွင့်ကောင်းယူပြီး ဒုက္ခပေးသွားနိုင်ပါတယ်တဲ့။
ကိုယ့်ရဲ့ ပြဿနာမှန်သမျှကို လူမှုကွန်ယက်မှာ တစ်ချိန်လုံး တက်ပြောသူတွေကို မြင်တဲ့အခါ အဲဒီပုံပြင်လေးကို သတိရမိတယ်။
တစ်ချို့ကလဲ ညစ်တွန်းတွန်းပြီး လူမုှကွန်ယက်မှာ သူများကို ငြူစူစောင်းမြောင်းတဲ့စကားတွေ အမြဲလိုလို ပြောတတ်ကြတာလဲ တွေ့ရတယ်။
ဘာပဲဖြစ်ဖြစ်..ကိုယ် ပြဿနာဖြစ်နေပြီဆိုတာသိရတဲ့အခါ အနည်းဆုံးတော့ ကိုယ့်ကိုမကြိုက်သူတွေ ဝမ်းသာကြမှာပေါ့။
ဒါကြောင့် ခုနကပုံပြင်လေးရဲ့ အရေးကြီးဆုံးသင်ခန်းစာ နံပါတ် ၃ က "ဒုက္ခကိုရင်ဆိုင်နေချိန်မှာ တိတ်တိတ်နေပါ" တဲ့။
-----------------------(၂)-----------------
ဒီပုံပြင်လေးကတော့ ခုနက ပုံပြင်နဲ့ ဆန့်ကျင်ဖက်ပါ။
ယာတော တစ်တောမှာ တိရစ္ဆာန်မျိုးစုံရှိတဲ့ထဲက ကြက်ဖကတစ်ကောင်ဟာ အမြင့်ကိုပျံချင်တဲ့ ရောဂါတက်နေသတဲ့။
တစ်နေ့တော့ ယာတောအပေါ်က ဖြတ်ပျံသွားတဲ့ ဗျိုင်းတစ်အုပ်ကို ဘယ်လိုပျံရသလဲဆိုတာလှမ်းမေးလိုက်မိတယ်တဲ့။
ဗျိုင်းတွေကလဲ ပျံတတ်ချင်ရင် နွားချေး (bullshit) စား လို့ အကြံကောင်းပေးသွားကြတယ်။
ဒါနဲ့ ကြက်ဖဟာလဲ နွားချေးတွေစားပြီး ထပျံထည့်လိုက်တာ လယ်တောက အမြင့်ဆုံးအပင်ရဲ့ ထိပ်ဆုံးကို ရောက်သွားပါလေရော။
ဝမ်းသာသွားတဲ့ ကြက်ဖဟာကြွားဝါချင်စိတ်နဲ့ အပင်ထိပ်မှာရပ်ပြီး "အောက်အီးအီးအွတ်" လို့ တစ်လောကလုံးကြားအောင် အားရပါးရတွန်လိုက်သတဲ့။
ကြက်ဖတွန်သံကိုကြားတဲ့ လယ်သမားက အပင်ထိပ်ကိုရောက်နေတဲ့ ကြက်ဖကိုမြင်တဲ့အခါ၊
" ကြက်ဖတော့ ခြံပြင်ကိုထွက်ပြေးတော့မှာပဲ" လို့တွေးပြီး သေနတ်နဲ့ပစ်ချတဲ့အတွက် အမြင့်ပျံချင်သူ မောင်ကြက်ဖလဲ အပင်ပေါ်ကကျပြီး ဘဝဆုံးရရှာလေတယ်။
ထုံးစံအတိုင်း ဆရာက ပုံပြင်လေးကပေးတဲ့ သင်ခန်းစာတွေကို ကျောင်းသားတွေကိုမေး၊
ကျောင်းသားတွေက တစ်ယောက်တစ်ပေါက်ဖြေနဲ့ နောက်ဆုံးမှာ ဒီသင်ခန်းစာလေးတွေကို ထုတ်လို့ကြရပါတယ်။
၁။ သူများအကြံပေးတိုင်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ် မဆင်ခြင်ပဲ လိုက်မလုပ်မိပါစေနဲ့။
၂။ ပေါက်ကရလေးဆယ် (ဝါ) အနှစ်သာရမရှိတဲ့အရာတွေနဲ့တူတဲ့ နွားချေး ( bullshit) ကသင့်ကို အပေါ်ကိုရောက်ရင်ရောက်စေမယ်၊ ဒါပေမယ့် ရေရှည်အမြင့်မှာနေဖို့အတွက် အဲဒါတွေနဲ့ မဖြစ်နိုင်ပါဘူး။
၃။ ကိုယ့်ကိုယ်ကိုအောင်မြင်လာပြီလို့ ထင်တဲ့အခါ တစ်လောကလုံးသိအောင် မကြွားဝါမိပါစေနဲ့။
လူတစ်ယောက်က ငွေကြေး (သို့မဟုတ်) ရာထူးအာဏာ (သို့မဟုတ်) ကျော်ကြားမှု တစ်ခုခုကိုရလာတဲ့ အခါ အလိုလိုနေရင်း နောက်လိုက်နောက်ပါတွေများလာသလို၊ ကိုယ့်ဟာကိုယ်လဲ ဟုတ်လာပြီလို့ ထင်လာတတ်ကြတယ်။
အောင်မြင်သူလို့ ကိုယ့်ကိုယ်ကိုထင်ပြီးတဲ့နောက်မှာတော့ အရာရာကို ကိုယ်သာလျှင်အသိဆုံးလို့ ထင်တစ်လုံးပါထပ်ရောက်လာရော။
အဲဒါကိုမှ နောက်လိုက်နောက်ပါ အပေါင်းက မြှောက်ပင့်ပေးလိုက်တဲ့အခါ ပုံပြင်ထဲကကြက်ဖလိုမျိုး bullshit တွေနဲ့ အပေါ်ကိုပျံဖို့ ကြိုးစားတော့တယ်။
တစ်လောကလုံးကို ကြွားဝါဖို့ ကြိုးစားတော့တယ်။
ကိုယ်တော်ကြောင်းပြော၊ သူများကိုလိုက်ပုတ်ခတ်လို့ ပွဲစည်အောင်လုပ်တတ်သူတွေ၊ စင်ပေါ်တက်ပြီး ပေါက်ကရမျိုးစုံလုပ်လို့ နာမည်ကြီးနေသူတွေက ပုံပြင်ထဲက ကြက်ဖလိုပဲ ရေရှည်မမြဲနိုင်ပါဘူးဆိုတာသိရင် အားမကျသင့်တာကို အားကျနေသူတွေနည်းသွားမှာပါ။
သင်ခန်းစာဆိုတာတွေက လက်တွေ့ဘဝမှာ တစ်ကယ်သုံးနိုင်မှသာ အကျိုးရှိတာမျိုး မဟုတ်လား။
စိတ်ခံစားချက်ရှိတိုင်း လျှောက်လုပ်၊ လျှောက်ပြောတာမျိုးမလုပ်ပဲ ကိုယ့်ကိုယ်ကို ထိန်းချုပ်ရတာခက်တော့ ခက်ခဲပါတယ်။
ဒါပေမယ့်လဲ ကိုယ့်ကိုယ်ကို သာမန်ထက်သာသူလို့ထင်နေသူတွေက သာမန်လူတွေထက် ဒီလောက်တော့ လုပ်နိုင်သင့်တယ်လေ။
လူမိုက်တစ်သောင်းက ထောက်ခံပေမယ့် ပညာရှိ တစ်ရာက ကဲ့ရဲ့မယ့်အလုပ်မျိုးတွေကို အများစုကရှောင်နိုင်ကြရင် လောကကြီးကလဲ ပိုပြီး သာယာပြီး၊ နေပျော်မယ်ထင်ပါတယ်။
မောင်ဇိ ( ၄၊၁၀၊၂၀၁၉)
———————-
(Zawgyi Version)
သင္ခဲ့ရတဲ့ ပုံျပင္ေလးေတြ
----------(၁)------------
ဘဝတစ္ေလွ်ာက္လုံး အသုံးဝင္တဲ့၊ ေကာင္းမြန္တဲ့ သင္ခန္းစာေတြေပးခဲ့လို႔ ေက်ာင္းသားဘဝကေန ဒီေန႔ထိ မေမ့ႏုိင္တဲ့ ဘာသာရပ္ဆုိင္ရာ အတန္းေလးတစ္ခ်ိဳ ႔ရွိတယ္။
စီမံခန္႔ခြဲမွဳ( Management ) အေၾကာင္းသင္တဲ့ အတန္းတစ္ခုမွာဆိုရင္ ဆရာက ပုံျပင္ေလးေတြေျပာေျပာျပၿပီး Management သင္ခန္းစာေတြသင္တတ္တယ္။
ပုံျပင္နဲ႔ဆိုေတာ့ တစ္သက္လုံး မေမ့ေတာ့ဘူးေပါ့။
ပုံျပင္ေတြထဲက တစ္ပုဒ္ကဒီလို။
ေရခဲမတတ္ေအးတဲ့ ေဆာင္းေန႔တစ္ေန႔မွာ ငွက္ကေလးတစ္ေကာင္က ေအးခဲၿပီး လမ္းမေပၚမွာေသမလိုျဖစ္ေနရွာတယ္တဲ့။
အဲဒီအခ်ိန္မွာ လမ္းမေပၚျဖတ္သြားတဲ့ ႏြားတစ္ေကာင္က ငွက္ကေလးေပၚကို မစင္ေတြစြန္႔ခ်လိုက္ပါေရာ။
အေငြ႔တစ္ေထာင္းေထာင္းထေအာင္ ပူေႏြးေနတဲ့ ႏြားေခ်းထဲနစ္ေနတာေၾကာင့္ ငွက္ကေလးဟာလဲ ေအးခဲတဲ့ဒဏ္ကေနလြတ္ေျမာက္ၿပီး ေသေဘးကလြတ္သြားသတဲ့။
ႏြားေခ်းပုံထဲက တုိးထြက္လာတဲ့ငွက္ကေလးဟာ မေသႏုိင္ေတာ့ဘူးဆိုတဲ့ အသိေၾကာင့္ ဝမ္းေျမာက္ဝမ္းသာနဲ႔ တြန္က်ဴးလိုက္တယ္တဲ့။
ဒီမွာတင္ ငွက္ကေလးရဲ ႔အသံကို ၾကားတဲ့ ေၾကာင္တစ္ေကာင္ေရာက္လာၿပီး ငွက္ကေလးကို မစင္ပုံတဲ့ကဆြဲထုတ္လုိ ႔ ခုတ္သတ္လိုက္ပါေလေရာတဲ့။
ဒီလိုနဲ႔ပဲ ေသတြင္းကလြတ္ေျမာက္ကာစ ငွက္ငယ္ေလးဟာ ေသမင္းနဲ႔ မေကြကြင္းရေတာ့ဘူးျဖစ္သြားရွာတယ္။
ပုံျပင္ေလးကိုေျပာၿပီးေတာ့ ဆရာက ပုံျပင္ကေန ဘာသင္ခန္းစာရၾကလဲလို႔ အတန္းကို ေမးပါတယ္။
ေက်ာင္းသားေတြအမ်ိဳးမ်ိဳးေျဖၾကတဲ့ထဲက ဆရာေျပာတဲ့သင္ခန္းစာနဲ ႔ကိုက္ညီတာေလးေတြက
၁။ သင့္ေပၚ မစင္စြန္႔ခ်တိုင္းလဲ သင့္ရန္သူ မဟုတ္ပါဘူးတဲ့။ (ခက္ခဲတဲ့အလုပ္ေတြေပးၿပီး သင့္အရည္အေသြးကိုတိုးတက္ေစသူေတြ၊ ေကာင္းမြန္တဲ့ရလဒ္မရမခ်င္းသင့္ကို တြန္းအားေပးသူေတြ)
၂။ သင့္ကို မစင္တြင္းက ဆဲြထုတ္တိုင္းလဲ သင့္မိတ္ေဆြလို႔ မမွတ္ပါန႔ဲတဲ့ (ပိုဆိုးတဲ့ ဒုကၡေပးခ်င္တာလဲျဖစ္ႏိုင္တယ္)။
၃။ အေရးၾကီးဆုံးအခ်က္ပါပဲ။ ဒုုကၡတြင္းထဲရွိေနခ်ိန္ (ဝါ) မစင္ထဲနစ္ေနခ်ိန္ ( when you are in deep shit လို႔ ဆရာကေျပာပါတယ္) မွာ တိတ္တိတ္မေနရင္ သင့္ရန္သူေတြက အခြင့္ေကာင္းယူၿပီး ဒုကၡေပးသြားႏုိင္ပါတယ္တဲ့။
ကုိယ့္ရဲ ႔ ျပႆနာမွန္သမွ်ကို လူမွဳကြန္ယက္မွာ တစ္ခ်ိန္လုံး တက္ေျပာသူေတြကို ျမင္တဲ့အခါ အဲဒီပုံျပင္ေလးကို သတိရမိတယ္။
တစ္ခ်ိဳ ႔ကလဲ ညစ္တြန္းတြန္းၿပီး လူမဳွကြန္ယက္မွာ သူမ်ားကို ျငဴစူေစာင္းေျမာင္းတဲ့စကားေတြ အၿမဲလိုလို ေျပာတတ္ၾကတာလဲ ေတြ႔ရတယ္။
ဘာပဲျဖစ္ျဖစ္..ကုိယ္ ျပႆနာျဖစ္ေနၿပီဆိုတာသိရတဲ့အခါ အနည္းဆုံးေတာ့ ကိုယ့္ကိုမၾကိဳက္သူေတြ ဝမ္းသာၾကမွာေပါ့။
ဒါေၾကာင့္ ခုနကပုံျပင္ေလးရဲ ႔ အေရးၾကီးဆုံးသင္ခန္းစာ နံပါတ္ ၃ က "ဒုကၡကိုရင္ဆိုင္ေနခ်ိန္မွာ တိတ္တိတ္ေနပါ" တဲ့။
-----------------(၂)-----------------
ဒီပုံျပင္ေလးကေတာ့ ခုနက ပုံျပင္နဲ႔ ဆန္႔က်င္ဖက္ပါ။
ယာေတာ တစ္ေတာမွာ တိရစာၦန္မ်ိဳးစုံရွိတဲ့ထဲက ၾကက္ဖကတစ္ေကာင္ဟာ အျမင့္ကိုပ်ံခ်င္တဲ့ ေရာဂါတက္ေနသတဲ့။
တစ္ေန႔ေတာ့ ယာေတာအေပၚက ျဖတ္ပ်ံသြားတဲ့ ဗ်ိဳင္းတစ္အုပ္ကို ဘယ္လိုပ်ံရသလဲဆိုတာလွမ္းေမးလိုက္မိတယ္တဲ့။
ဗ်ိဳင္းေတြကလဲ ပ်ံတတ္ခ်င္ရင္ ႏြားေခ်း (bullshit) စား လို႔ အၾကံေကာင္းေပးသြားၾကတယ္။
ဒါနဲ႔ ၾကက္ဖဟာလဲ ႏြားေခ်းေတြစားၿပီး ထပ်ံထည့္လိုက္တာ လယ္ေတာက အျမင့္ဆုံးအပင္ရဲ ႔ ထိပ္ဆုံးကို ေရာက္သြားပါေလေရာ။
ဝမ္းသာသြားတဲ့ ၾကက္ဖဟာၾကြားဝါခ်င္စိတ္နဲ႔ အပင္ထိပ္မွာရပ္ၿပီး "ေအာက္အီးအီးအြတ္" လို႔ တစ္ေလာကလုံးၾကားေအာင္ အားရပါးရတြန္လုိက္သတဲ့။
ၾကက္ဖတြန္သံကိုၾကားတဲ့ လယ္သမားက အပင္ထိပ္ကုိေရာက္ေနတဲ့ ၾကက္ဖကိုျမင္တဲ့အခါ၊
" ၾကက္ဖေတာ့ ျခံျပင္ကိုထြက္ေျပးေတာ့မွာပဲ" လို႔ေတြးၿပီး ေသနတ္နဲ႔ပစ္ခ်တဲ့အတြက္ အျမင့္ပ်ံခ်င္သူ ေမာင္ၾကက္ဖလဲ အပင္ေပၚကက်ၿပီး ဘဝဆုံးရရွာေလတယ္။
ထုံးစံအတိုင္း ဆရာက ပုံျပင္ေလးကေပးတဲ့ သင္ခန္းစာေတြကို ေက်ာင္းသားေတြကိုေမး၊
ေက်ာင္းသားေတြက တစ္ေယာက္တစ္ေပါက္ေျဖနဲ႔ ေနာက္ဆုံးမွာ ဒီသင္ခန္းစာေလးေတြကို ထုတ္လုိ႔ၾကရပါတယ္။
၁။ သူမ်ားအၾကံေပးတိုင္း ဟုတ္ဟုတ္၊ မဟုတ္ဟုတ္ မဆင္ျခင္ပဲ လုိက္မလုပ္မိပါေစနဲ႔။
၂။ ေပါက္ကရေလးဆယ္ (ဝါ) အႏွစ္သာရမရွိတဲ့အရာေတြနဲ႔တူတဲ့ ႏြားေခ်း ( bullshit) ကသင့္ကုိ အေပၚကိုေရာက္ရင္ေရာက္ေစမယ္၊ ဒါေပမယ့္ ေရရွည္အျမင့္မွာေနဖို႔အတြက္ အဲဒါေတြနဲ႔ မျဖစ္ႏုိင္ပါဘူး။
၃။ ကိုယ့္ကုိယ္ကိုေအာင္ျမင္လာၿပီလို႔ ထင္တဲ့အခါ တစ္ေလာကလုံးသိေအာင္ မၾကြားဝါမိပါေစနဲ႔။
လူတစ္ေယာက္က ေငြေၾကး (သို႔မဟုတ္) ရာထူးအာဏာ (သုိ႔မဟုတ္) ေက်ာ္ၾကားမွဳ တစ္ခုခုကုိရလာတဲ့ အခါ အလုိုလိုေနရင္း ေနာက္လိုက္ေနာက္ပါေတြမ်ားလာသလို၊ ကိုယ့္ဟာကိုယ္လဲ ဟုတ္လာၿပီလို႔ ထင္လာတတ္ၾကတယ္။
ေအာင္ျမင္သူလို႔ ကိုယ့္ကိုယ္ကုိထင္ၿပီးတဲ့ေနာက္မွာေတာ့ အရာရာကို ကိုယ္သာလွ်င္အသိဆုံးလို႔ ထင္တစ္လုံးပါထပ္ေရာက္လာေရာ။
အဲဒါကိုမွ ေနာက္လုိက္ေနာက္ပါ အေပါင္းက ေျမွာက္ပင့္ေပးလိုက္တဲ့အခါ ပုံျပင္ထဲကၾကက္ဖလိုမ်ိဳး bullshit ေတြနဲ႔ အေပၚကိုပ်ံဖို႔ ၾကိဳးစားေတာ့တယ္။
တစ္ေလာကလုံးကို ၾကြားဝါဖို႔ ၾကိဳးစားေတာ့တယ္။
ကိုယ္ေတာ္ေၾကာင္းေျပာ၊ သူမ်ားကိုလိုက္ပုတ္ခတ္လို႔ ပြဲစည္ေအာင္လုပ္တတ္သူေတြ၊ စင္ေပၚတက္ၿပီး ေပါက္ကရမ်ိဳးစုံလုပ္လို႔ နာမည္ၾကီးေနသူေတြက ပုံျပင္ထဲက ၾကက္ဖလိုပဲ ေရရွည္မၿမဲႏုိင္ပါဘူးဆိုတာသိရင္ အားမက်သင့္တာကို အားက်ေနသူေတြနည္းသြားမွာပါ။
သင္ခန္းစာဆိုတာေတြက လက္ေတြ ႔ဘဝမွာ တစ္ကယ္သုံးႏုိင္မွသာ အက်ိဳးရွိတာမ်ိဳး မဟုတ္လား။
စိတ္ခံစားခ်က္ရွိတုိင္း ေလွ်ာက္လုပ္၊ ေလွ်ာက္ေျပာတာမ်ိဳးမလုပ္ပဲ ကိုယ့္ကုိယ္ကို ထိန္းခ်ဳပ္ရတာခက္ေတာ့ ခက္ခဲပါတယ္။
ဒါေပမယ့္လဲ ကုိယ့္ကုိယ္ကို သာမန္ထက္သာသူလို႔ထင္ေနသူေတြက သာမန္လူေတြထက္ ဒီေလာက္ေတာ့ လုပ္နုိင္သင့္တယ္ေလ။
လူမိုက္တစ္ေသာင္းက ေထာက္ခံေပမယ့္ ပညာရွိ တစ္ရာက ကဲ့ရဲ ႔မယ့္အလုပ္မ်ိဳးေတြကို အမ်ားစုကေရွာင္ႏုိင္ၾကရင္ ေလာကၾကီးကလဲ ပိုၿပီး သာယာၿပီး၊ ေနေပ်ာ္မယ္ထင္ပါတယ္။
ေမာင္ဇိ ( ၄၊၁၀၊၂၀၁၉)
------------------------------------
No comments:
Post a Comment