မောင်ဇိနှင့် စက်ဘီး -၂
----
မောင်ဇိအလုပ်ဝင်ချိန်တွင် ကျောင်းသားဘဝကစီးခဲ့သော စက်ဘီးအိုလေးမှာ အိုရာမှနာ၊ နာရာမှ နားသွားလေပြီ။ ရုံးကားဂိတ်ရောက်ရန် နေ့စဉ်ဘတ်စ်ကားနှစ်မှတ်တိုင်စာ ကားစီးရသည်မှာ ဒေါ်လာငွေ ၇၇ ပြားတိတိကုန်သည်။ အသွားအပြန်ပေါင်းသော် ၁ကျပ်ခွဲနှင့် ၄ပြားတိတိပင်။ ၁၀ ရက်ဆိုလျှင် ၁၄ကျပ်၊ ရက်တစ်ရာ ၁၄၀ကျပ်။ ကော်တရာမောင်ဇိဝမ်းမြောက်ရသည်မှာ ၅ကျပ်တစ်ခါပေးထားလျှင် ၆လတိတိ၊ တစ်ခါစီး ၂ နာရီနှုန်း အလကားစီးလို့ရသည့် Mobike ဟူသည့် လိမ္မော်ရောင်စက်ဘီးကြေငြာကိုတွေ့ရသဖြင့်ဖြစ်သည်။ စက်ဘီးသော့ရှိ QR Code ကိုစမတ်ဖုန်းဖြင့် scan လုပ်ခါသော့ဖွင့်ရုံပဲဆိုတော့ လွယ်မှလွယ်ပင်။ ချက်ချင်း Mobike application ကိုဖုန်းထဲတွင်ဒေါင်းလုပ်ဆွဲ၊ ဒေါ်လာငွေငါးကျပ်တိတိကို နှမြောတွန့်တိုခြင်း အလျှင်းမရှိပဲသွင်းလိုက်သည်။ မနက်ဖြန်မနက်ကစပြီး အလကားစီးပေရော့ ၆ လတိတိ။
မနက်အိမ်ကထွက်လာတော့ မှတ်တိုင်တွင်ရပ်ထားသော စက်ဘီးအများကြီးကိုမြင်ပြီး ကျေနပ်ရသည်။ သို့သော်...စက်ဘီးအများကြီးထဲမှာ အဝါရောင်ဘီးတွေပါသည်၊ အဝါရင့်ရင့်ဘီးတွေပါသည်။ မောင်ဇိ မှတ်ပုံတင်ထားသော လိမ္မော်ရောင် Mobike ကိုမတွေ့။ တောင်ပြေး၊ မြောက်ပြေး ပြေးလိုက်တော့မှ လိမ္မော်ရောင် ဘီးတစ်စီးကို ခပ်လှမ်းလှမ်း မြက်ခင်းပေါ်တွင်ရသည်။ ဝမ်းသာအားရ ပြေးဆွဲတော့ ကုမ္ပဏီ QR သော့အပြင် စက်ဘီးသော့ကွင်းကြီးတစ်ခု အပိုခတ်ထားသည်ကိုတွေ့ရသည်။ အများသုံးစက်ဘီးကို ကိုယ့်အဖေပိုင်သည့် စက်ဘီးအမှတ်ဖြင့် ကိုယ်ပိုင်သော့သုံးကာ သော့ခတ်သိမ်းထားသည့် ဘယ်ကမှန်းမသိရသည့် ဉာဏ်ကြီးရှင်ပေ။ အတိုင်အတောထူ မောင်ဇိလဲ စက်ဘီးကုမ္ပဏီကိုပြန်တိုင်ဖို့ ဓါတ်ပုံရိုက်သည်။ ပြီးတော့ ကားလမ်းကူးပြီး ထုံးစံအတိုင်းဘတ်စ်ကားစီးရတော့၏။ အလုပ်နောက်ကျတာပဲ အဖတ်တင်သည်။ အရာမရောက်လိုက်။ ထိုနေ့ညနေ ရုံးအပြန်ဘူတာမှ စီးလာခဲ့သော စက်ဘီးလေးမှာလဲ နောက်နေ့မနက် ဦးရာလူ မ သွားပြန်သဖြင့် ဒုတိယရက်ကို ဘတ်စ်ကားဖြင့် ထပ်ကြိတ်ရပြန်သည်။
မောင်ဇိသည် လွယ်လွယ်နှင့် ဇွဲလျှော့တတ်သူမဟုတ်။ ဒီနိုင်ငံမှာ လှုပ်ရှားနေသော စက်ဘီးအငှားကုမ္ပဏီသုံးခုအကြောင်းကိုပြန်လေ့လာသည်။ လိမ္မော်ရောင် Mobike၊ အဝါရင့် Obike၊ အဝါနုရောင် ofo။ ဟော...တွေ့ပြီ။ အာမခံကြေးပေးစရာမလို၊ နာရီဝက်ကျော်စီးမှ ပြား၅၀ စကောက်မည်ဆိုသော အဝါရောင် ofo စက်ဘီးကုမ္ပဏီ။ လာခဲ့.. အလကားရရင် သိပ်မငြင်းတတ်တဲ့မောင်ဇိ သိပ်ကြိုက်ပေါ့။ မောင်ဇိသွားလိုရာကိုရောက်ဖို့က စက်ဘီးနဲ့ဆို ၁၅ မိနစ်နှင့်ရောက်သည်။ နာရီဝက်မလို။ တစ်ပြားမှ ပေးစရာလိုလိမ့်မည်မဟုတ်။ ဘတ်စ်ကားစောင့်လျှင် စုစုပေါင်း မိနစ် အစိတ်၊ သုံးဆယ်ဆိုတော့ စက်ဘီးစီးတာအချိန်လဲသက်သာသည်။ ငွေလဲသက်သာသည်။ စက်ဘီးစီး လေ့ကျင့်ခန်းလဲလုပ်ဖြစ်သည်။ ကျန်းမာရေးအတွက်လဲကောင်း။ အကောင်းဆုံးကတော့ ကိုယ့်အပိုင်ဘီးမဟုတ်၍ စက်ဘီးပျောက်မှာလဲပူစရာမလိုတော့။
နောက်တစ်ရက်မှာတော့ အလကားစီး၍ရသည့် စက်ဘီးကုမ္ပဏီနှစ်ခုတိတိနှင့် ချိတ်ဆက်ထားသူမောင်ဇိ မြောက်ကြွ၊ မြောက်ကြွဖြင့် အိမ်မှထွက်လာသည်။ ဒီတစ်ခါတော့ ပြေးလို့လွတ်နိုင်ရိုးလား မောင်စက်ဘီးတို့ရယ်။ တိုက်မှအထွက် ဘတ်စ်ကားမှတ်တိုင်တွင်လဲ မကြာခဏဆုံဖြစ်သူ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့တွေ့သည်။ 'အေး...ဟေ့ကောင် ဆိတ်ကြီး။ မင်းသွားနှင့်လိုက်တော့၊ ငါစက်ဘီးနဲ့သွားမှာမို့လို့' ဟုသူငယ်ချင်းကိုနှုတ်ဆက်ပြီး စက်ဘီးတွေရှိရာကို ကြည့်လိုက်တော့ ဘာလိမ္မော်ရောင်မှလဲမရှိ၊ ဘာအဝါရောင်မှလဲမရှိ။ မှတ်ပုံတင်ကြေးများများပေးရသည့် အဝါရင့် Obike စက်ဘီးများသာအခန့်သား။ သေပြီ။ ဟိုဟိုဒီဒီကြည့်တော့ သစ်ပင်တစ်ပင်အောက်မှာရပ်ထားသည့် သင်းကွဲစက်ဘီးဝါတစ်စီး။ အနားရောက်တော့ ဒင်းမှာ ဖင်ထိုင်ခုံမရှိ။ ဘယ် လက်ကမြင်းသည့်ကောင်တွေကဖြုတ်ယူသွားမှန်းမသိ။ စိတ်နာနာနဲ့ သစ်ပင်နောက်ကြည့်လိုက်တော့ နောက်ထပ်စက်ဘီးဝါတစ်စီး။ ခြေနင်းကတော့မရှိရှာတော့။ စီး၍မရပြန်။ သိပ်ကံကောင်းတတ်သည့် မောင်ဇိပါကလား။ လူကူးတံတားပေါ်တက်၊ လမ်းကူးပြီး ကုပ်ချောင်းချောင်းနဲ့ ဘတ်စ်ကားပြန်စောင့်စီးရသည်။
စတုတ္ထ ရက်မှာတော့ အလကားရသည့် စက်ဘီးမှ မစီးလိုက်ရလျှင် လူဖြစ်ရှုံးပြီဟုစိတ်စွဲနေသူ မောင်ဇိ အိမ်မှစောစောထွက်သည်။ တစ်လမ်းလုံး ကျီးကန်းတောင်းမှောက်ကြည့်သည်။ ကံကောင်းထောက်မစွာပဲ စက်ဘီးဝါတစ်စီးရ၏။လှိုက်ခနဲဝမ်းသာသွားသော်လဲ ကြမ္မာငင်တတ်သည့်ကိုယ့်အကြောင်းကိုယ်သိ၍ သေချာစစ်ရသေးသည်။တော်ကြာ ဘရိတ်မပါတာဖြစ်နေမှ ကားတိုက်ခံရပြီး မောင်ဇိသိပ်ကြိုက်သည့် အလကားမတ်တင်းနှုန်းဖြင့် ဘဝပြောင်းသွားနိုင်သည်။ တော်ပါသေးသည်။ အကုန်ကောင်း၏။ ဂီယာသုံးချက်ပင်ပါလိုက်သေးသည်။ နိပ်ဟ။ စက်ဘီးပေါ်ခွ၍ ကျေနပ်ဝမ်းမြောက်စွာထွက်ခွာလာခဲ့တော့ပါ၏။ သို့သော်....သို့သော် ကျေနပ်ဝမ်းမြောက်မှုက ကြာကြာမခံ။ မကြာခင်မိုးပေါက်လေးတွေကျ၊ နောက်တော့မိုးပေါက်ကြီးတွေဖြစ်သွားသဖြင့် ရွပ်ရွပ်ချွံချွံ စက်ဘီးနင်းနေသူ မောင်ဇိတစ်ယောက်ကြွက်စုတ်ရေမွန်းဘဝသို့ရောက်ရလေသည်။ ကံခေသည့် ဇိပင်။
ထိုနေ့ကစပြီး နေ့စဉ်မပြတ်မိုးရွာလိုက်သည်မှာ စက်ဘီးစီးချင်၍ ဖုန်းလေးတစ်ကိုင်ကိုင်ဖြစ်နေသူ မောင်ဇိအားတမင်ပြောင်လှောင်ပျက်ရယ်ပြုနေသလိုပင်။ ရှိပါစေတော့။ ရှိစေတော့ဟုသာ။ ။
မောင်ဇိ ( ဇန်နဝါရီ ၁၄ရက်၊ ၂၀၁၈)
___________________-
zawgyi
ေမာင္ဇိႏွင့္ စက္ဘီး -၂
----
ေမာင္ဇိအလုပ္ဝင္ခ်ိန္တြင္ ေက်ာင္းသားဘဝကစီးခဲ့ေသာ စက္ဘီးအိုေလးမွာ အိုရာမွနာ၊ နာရာမွ နားသြားေလၿပီ။ ႐ုံးကားဂိတ္ေရာက္ရန္ ေန႔စဥ္ဘတ္စ္ကားႏွစ္မွတ္တိုင္စာ ကားစီးရသည္မွာ ေဒၚလာေငြ ၇၇ ျပားတိတိကုန္သည္။ အသြားအျပန္ေပါင္းေသာ္ ၁က်ပ္ခြဲႏွင့္ ၄ျပားတိတိပင္။ ၁၀ ရက္ဆိုလွ်င္ ၁၄က်ပ္၊ ရက္တစ္ရာ ၁၄၀က်ပ္။ ေကာ္တရာေမာင္ဇိဝမ္းေျမာက္ရသည္မွာ ၅က်ပ္တစ္ခါေပးထားလွ်င္ ၆လတိတိ၊ တစ္ခါစီး ၂ နာရီႏႈန္း အလကားစီးလို႔ရသည့္ Mobike ဟူသည့္ လိေမၼာ္ေရာင္စက္ဘီးေၾကျငာကိုေတြ႕ရသျဖင့္ျဖစ္သည္။ စက္ဘီးေသာ့ရွိ QR Code ကိုစမတ္ဖုန္းျဖင့္ scan လုပ္ခါေသာ့ဖြင့္႐ုံပဲဆိုေတာ့ လြယ္မွလြယ္ပင္။ ခ်က္ခ်င္း Mobike application ကိုဖုန္းထဲတြင္ေဒါင္းလုပ္ဆြဲ၊ ေဒၚလာေငြငါးက်ပ္တိတိကို ႏွေျမာတြန႔္တိုျခင္း အလွ်င္းမရွိပဲသြင္းလိုက္သည္။ မနက္ျဖန္မနက္ကစၿပီး အလကားစီးေပေရာ့ ၆ လတိတိ။
မနက္အိမ္ကထြက္လာေတာ့ မွတ္တိုင္တြင္ရပ္ထားေသာ စက္ဘီးအမ်ားႀကီးကိုျမင္ၿပီး ေက်နပ္ရသည္။ သို႔ေသာ္...စက္ဘီးအမ်ားႀကီးထဲမွာ အဝါေရာင္ဘီးေတြပါသည္၊ အဝါရင့္ရင့္ဘီးေတြပါသည္။ ေမာင္ဇိ မွတ္ပုံတင္ထားေသာ လိေမၼာ္ေရာင္ Mobike ကိုမေတြ႕။ ေတာင္ေျပး၊ ေျမာက္ေျပး ေျပးလိုက္ေတာ့မွ လိေမၼာ္ေရာင္ ဘီးတစ္စီးကို ခပ္လွမ္းလွမ္း ျမက္ခင္းေပၚတြင္ရသည္။ ဝမ္းသာအားရ ေျပးဆြဲေတာ့ ကုမၸဏီ QR ေသာ့အျပင္ စက္ဘီးေသာ့ကြင္းႀကီးတစ္ခု အပိုခတ္ထားသည္ကိုေတြ႕ရသည္။ အမ်ားသုံးစက္ဘီးကို ကိုယ့္အေဖပိုင္သည့္ စက္ဘီးအမွတ္ျဖင့္ ကိုယ္ပိုင္ေသာ့သုံးကာ ေသာ့ခတ္သိမ္းထားသည့္ ဘယ္ကမွန္းမသိရသည့္ ဉာဏ္ႀကီးရွင္ေပ။ အတိုင္အေတာထူ ေမာင္ဇိလဲ စက္ဘီးကုမၸဏီကိုျပန္တိုင္ဖို႔ ဓါတ္ပုံ႐ိုက္သည္။ ၿပီးေတာ့ ကားလမ္းကူးၿပီး ထုံးစံအတိုင္းဘတ္စ္ကားစီးရေတာ့၏။ အလုပ္ေနာက္က်တာပဲ အဖတ္တင္သည္။ အရာမေရာက္လိုက္။ ထိုေန႔ညေန ႐ုံးအျပန္ဘူတာမွ စီးလာခဲ့ေသာ စက္ဘီးေလးမွာလဲ ေနာက္ေန႔မနက္ ဦးရာလူ မ သြားျပန္သျဖင့္ ဒုတိယရက္ကို ဘတ္စ္ကားျဖင့္ ထပ္ႀကိတ္ရျပန္သည္။
ေမာင္ဇိသည္ လြယ္လြယ္ႏွင့္ ဇြဲေလွ်ာ့တတ္သူမဟုတ္။ ဒီႏိုင္ငံမွာ လႈပ္ရွားေနေသာ စက္ဘီးအငွားကုမၸဏီသုံးခုအေၾကာင္းကိုျပန္ေလ့လာသည္။ လိေမၼာ္ေရာင္ Mobike၊ အဝါရင့္ Obike၊ အဝါႏုေရာင္ ofo။ ေဟာ...ေတြ႕ၿပီ။ အာမခံေၾကးေပးစရာမလို၊ နာရီဝက္ေက်ာ္စီးမွ ျပား၅၀ စေကာက္မည္ဆိုေသာ အဝါေရာင္ ofo စက္ဘီးကုမၸဏီ။ လာခဲ့.. အလကားရရင္ သိပ္မျငင္းတတ္တဲ့ေမာင္ဇိ သိပ္ႀကိဳက္ေပါ့။ ေမာင္ဇိသြားလိုရာကိုေရာက္ဖို႔က စက္ဘီးနဲ႔ဆို ၁၅ မိနစ္ႏွင့္ေရာက္သည္။ နာရီဝက္မလို။ တစ္ျပားမွ ေပးစရာလိုလိမ့္မည္မဟုတ္။ ဘတ္စ္ကားေစာင့္လွ်င္ စုစုေပါင္း မိနစ္ အစိတ္၊ သုံးဆယ္ဆိုေတာ့ စက္ဘီးစီးတာအခ်ိန္လဲသက္သာသည္။ ေငြလဲသက္သာသည္။ စက္ဘီးစီး ေလ့က်င့္ခန္းလဲလုပ္ျဖစ္သည္။ က်န္းမာေရးအတြက္လဲေကာင္း။ အေကာင္းဆုံးကေတာ့ ကိုယ့္အပိုင္ဘီးမဟုတ္၍ စက္ဘီးေပ်ာက္မွာလဲပူစရာမလိုေတာ့။
ေနာက္တစ္ရက္မွာေတာ့ အလကားစီး၍ရသည့္ စက္ဘီးကုမၸဏီႏွစ္ခုတိတိႏွင့္ ခ်ိတ္ဆက္ထားသူေမာင္ဇိ ေျမာက္ႂကြ၊ ေျမာက္ႂကြျဖင့္ အိမ္မွထြက္လာသည္။ ဒီတစ္ခါေတာ့ ေျပးလို႔လြတ္ႏိုင္႐ိုးလား ေမာင္စက္ဘီးတို႔ရယ္။ တိုက္မွအထြက္ ဘတ္စ္ကားမွတ္တိုင္တြင္လဲ မၾကာခဏဆုံျဖစ္သူ သူငယ္ခ်င္းေဟာင္းတစ္ေယာက္နဲ႔ေတြ႕သည္။ 'ေအး...ေဟ့ေကာင္ ဆိတ္ႀကီး။ မင္းသြားႏွင့္လိုက္ေတာ့၊ ငါစက္ဘီးနဲ႔သြားမွာမို႔လို႔' ဟုသူငယ္ခ်င္းကိုႏႈတ္ဆက္ၿပီး စက္ဘီးေတြရွိရာကို ၾကည့္လိုက္ေတာ့ ဘာလိေမၼာ္ေရာင္မွလဲမရွိ၊ ဘာအဝါေရာင္မွလဲမရွိ။ မွတ္ပုံတင္ေၾကးမ်ားမ်ားေပးရသည့္ အဝါရင့္ Obike စက္ဘီးမ်ားသာအခန႔္သား။ ေသၿပီ။ ဟိုဟိုဒီဒီၾကည့္ေတာ့ သစ္ပင္တစ္ပင္ေအာက္မွာရပ္ထားသည့္ သင္းကြဲစက္ဘီးဝါတစ္စီး။ အနားေရာက္ေတာ့ ဒင္းမွာ ဖင္ထိုင္ခုံမရွိ။ ဘယ္ လက္ကျမင္းသည့္ေကာင္ေတြကျဖဳတ္ယူသြားမွန္းမသိ။ စိတ္နာနာနဲ႔ သစ္ပင္ေနာက္ၾကည့္လိုက္ေတာ့ ေနာက္ထပ္စက္ဘီးဝါတစ္စီး။ ေျခနင္းကေတာ့မရွိရွာေတာ့။ စီး၍မရျပန္။ သိပ္ကံေကာင္းတတ္သည့္ ေမာင္ဇိပါကလား။ လူကူးတံတားေပၚတက္၊ လမ္းကူးၿပီး ကုပ္ေခ်ာင္းေခ်ာင္းနဲ႔ ဘတ္စ္ကားျပန္ေစာင့္စီးရသည္။
စတုတၳ ရက္မွာေတာ့ အလကားရသည့္ စက္ဘီးမွ မစီးလိုက္ရလွ်င္ လူျဖစ္ရႈံးၿပီဟုစိတ္စြဲေနသူ ေမာင္ဇိ အိမ္မွေစာေစာထြက္သည္။ တစ္လမ္းလုံး က်ီးကန္းေတာင္းေမွာက္ၾကည့္သည္။ ကံေကာင္းေထာက္မစြာပဲ စက္ဘီးဝါတစ္စီးရ၏။လႈိက္ခနဲဝမ္းသာသြားေသာ္လဲ ၾကမၼာငင္တတ္သည့္ကိုယ့္အေၾကာင္းကိုယ္သိ၍ ေသခ်ာစစ္ရေသးသည္။ေတာ္ၾကာ ဘရိတ္မပါတာျဖစ္ေနမွ ကားတိုက္ခံရၿပီး ေမာင္ဇိသိပ္ႀကိဳက္သည့္ အလကားမတ္တင္းႏႈန္းျဖင့္ ဘဝေျပာင္းသြားႏိုင္သည္။ ေတာ္ပါေသးသည္။ အကုန္ေကာင္း၏။ ဂီယာသုံးခ်က္ပင္ပါလိုက္ေသးသည္။ နိပ္ဟ။ စက္ဘီးေပၚခြ၍ ေက်နပ္ဝမ္းေျမာက္စြာထြက္ခြာလာခဲ့ေတာ့ပါ၏။ သို႔ေသာ္....သို႔ေသာ္ ေက်နပ္ဝမ္းေျမာက္မႈက ၾကာၾကာမခံ။ မၾကာခင္မိုးေပါက္ေလးေတြက်၊ ေနာက္ေတာ့မိုးေပါက္ႀကီးေတြျဖစ္သြားသျဖင့္ ႐ြပ္႐ြပ္ခြၽံခြၽံ စက္ဘီးနင္းေနသူ ေမာင္ဇိတစ္ေယာက္ႂကြက္စုတ္ေရမြန္းဘဝသို႔ေရာက္ရေလသည္။ ကံေခသည့္ ဇိပင္။
ထိုေန႔ကစၿပီး ေန႔စဥ္မျပတ္မိုး႐ြာလိုက္သည္မွာ စက္ဘီးစီးခ်င္၍ ဖုန္းေလးတစ္ကိုင္ကိုင္ျဖစ္ေနသူ ေမာင္ဇိအားတမင္ေျပာင္ေလွာင္ပ်က္ရယ္ျပဳေနသလိုပင္။ ရွိပါေစေတာ့။ ရွိေစေတာ့ဟုသာ။ ။
ေမာင္ဇိ ( ဇန္နဝါရီ ၁၄ရက္၊ ၂၀၁၈)

No comments:
Post a Comment